နေမျိုးအောင် ပေးတဲ့ လက်ဆောင်ပစ္စည်းတွေလိုချင်လို့ မဲတွေ အလုအယက်နှိုက်ပြီး ပျော်နေကြတဲ့ ခင်လေးနွယ်နဲ့ မေကဗျာ တို့အဖွဲ့
Read in UNICODE
မေကဗျာကတော့ ကလေးတစ်ယောက်မေမေ ဖြစ်တာတောင် အခုချိန်အထိ လူငယ်လေးတစ်ယောက်လို အရွယ်တင်နုပျိုပြီး ချစ်ဖို့ကောင်းနေဆဲ ဖြစ်ပါတယ် ။ မေကဗျာက သရုပ်ဆောင်အလုပ်ကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း
ကြော်ငြာတွေ၊ Photo Shooting တွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရဆဲ ဖြစ်ပါတယ် ။ အရည်အချင်းရှိပြီးထက်မြက်တဲ့ မေကဗျာက ကိုယ်ပိုင်စီးပွားရေးကိုလည်း အာရုံစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။မေကဗျာက
သူမတို့စက်ရုံကထုတ်လုပ်တဲ့ အထည်တွေကို ရောင်းချနေသလို အခြားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းတွေကိုလည်း Live Sale ရောင်းချပေးနေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိပြီး
အရမ်းအောင်မြင်နေတဲ့ မေကဗျာကတော့ ပိုပိုပြီး ချစ်ဖို့ကောင်းလာတာ ဖြစ်ပါတယ် ။ မနေ့ကတော့ မေကဗျာက သူမရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ခင်လေးနွယ်၊ဖူးစုံ၊ နေမျိုးအောင်တို့စုံတွဲနဲ့အတူ ပျော်ပျော်ပါးပါး Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။မေကဗျာတို့သူငယ်ချင်းတစ်စုကတော့ နေမျိုးအောင်လက်ဆောင်ပေးတဲ့ အင်္ကျီတွေကို
ကံစမ်းမဲနှိုက်ကာယူကြရင်း ပျော်နေကြတာ ဖြစ်ပါတယ် ။ အားလပ်ရက်လေးမှာ သူငယ်ချင်းတွေအတူဆုံတုန်း Live လွှင့်နေကြတဲ့ မေကဗျာတို့အဖွဲ့လေးက တစ်ယောက်ကိုတစ်ယောက် ရယ်ရယ်မောမောနဲ့ စနောက်နေကြသေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မေကဗျာ၊နေမျိုးအောင်တို့စုံတွဲနဲ့ ခင်လေးနွယ်တို့ရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : May Kabyar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *