အပျော်တွေလွန်ပြီး ကဲခဲ့တာကြောင့် ရက်အတော်ကြာ အသောက်အစား ရပ်နားထားရမယ့် သူမရဲ့အဖြစ်ကို ပြောပြခဲ့တဲ့ ဖွေးဖွေး





Read in UNICODE

မင်းသမီးချောလေး ဖွေးဖွေးကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်အတိုင်း သရုပ်ဆောင်နိုင်တာကြောင့် အသက်အငယ်ဆုံး အကယ်ဒမီသုံးဆုရှင်ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဖန်သားပြင်နောက်ကွယ်မှာတော့ သူမရဲ့ ပင်ကိုယ်သဘာဝအတိုင်း

ပေါ့ပေါ့ပါးပါး လွတ်လပ်စွာ နေထိုင်တတ်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ တစ်ကန့်စီခွဲခြားပြိး နေထိုင်တတ်တာကြောင့် ပရိသတ်တွေက ပိုလို့တောင် အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ အသောက်အစားနည်းနည်းရှိတဲ့

ဖွေးဖွေးကတော့ ဒီတစ်ခါမှာ ဆိုးရွားတဲ့ အခြေအနေတစ်ခုကြောင့် အသောက်အစားရပ်နားထားမယ်ဆိုပြီး ပြောလာပါတယ်။ ဖွေးဖွေးက သူငယ်ချင်းတွေနဲ့ Staycation နေပြီး အပျော်လွန်ခဲ့တာကြောင့် လုပ်ငန်းခွင်ထဲရောက်တဲ့အထိ အရှိန်မပြေဖြစ်နေတာမို့ “Hangover level so high.. Will quit alcohol until December 24th” ဆိုပြီး ခရစ်စမတ်မရောက်ခင်အချိန်အထိ

အသောက်အစား ရပ်နားမယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ လူငယ်တစ်ယောက်ပီပီ အပျော်လွန်သွားခဲ့ရာမှာ Hangover ဖြစ်ခဲ့တာကြောင့် ဒီဇင်ဘာ (၂၄) ရက်နေ့အထိ အရက်သေစာ ဖြတ်ထားမယ့်အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Phway Phway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *