(၅)ထောင်တန် အထပ်လိုက်ပါတဲ့ ကိတ်ကြီးနဲ့ ပရိသတ်တွေ စပရိုက်လုပ်တာ ခံခဲ့ရတဲ့ ကျော်ထက်ဇော်






Read in UNICODE

အမုန်းမှသည်” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသားချောလေးကျော်ထက်ဇော်ပဲ ဖြစ်ပါတယ်နော်..။ “အမုန်းမှသည်”ဇာတ်ကားမှာ စိုင်းနေရောင်အဖြစ် ပရိသတ်တွေကို စတင်ရရှိထားပြီး “အချစ်ဖွဲလေညင်း”ဇာတ်ကားမှာလည်း

ဆရာနီအဖြစ် အချစ်ပိုစေခဲ့တဲ့ ကျော်ထက်ဇော်ကတော့ မထင်မှတ်တဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့် ပီတိဖြစ်လို့ နေပါတယ်နော်..။ “အမုန်းမှသည်”ဇာတ်ကားကို ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသခဲ့တဲ့အချိန်မှလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံရရှိခဲ့ပြီး

မထင်ထားတဲ့ Surprise လုပ်ခံလိုက်ရတာကြောင့် ကြည်နူးဝမ်းသာနေရတာ ဖြစပါတယ်နော်..။ ငါးထောင်တန်အထပ်လိုက်ကို ကိတ်ပုံစံလုပ်ထားတဲ့ လက်ဆောင်လေးနဲ့ Surprise လုပ်ခံလိုက်ရတာဖြစ်ပြီး အားပေးစကားလေးလည်း ရေးသားထားတာမို့ ကြိုးစားရကျိုးနပ်တဲ့အတွက်

ပီတိဖြစ်ရတဲ့အကြောင်းလေးကိုလည်း ကျော်ထက်ဇော်က ပြောပြထားပါသေးတယ်..။ “အမုန်းမှသည် နောက်ဆုံးရက်လေးပီတိဖြစ်မိပါတယ် ဒုတိယအကြိမ်ပြတဲ့အခါမှာလည်း ပိုချစ်၊ ပိုအားပေး၊ ပိုပြီး ဂုဏ်ပြုပေးကြတဲ့ အတွက် အမောပြေရပါတယ် ဆက်ပြီးကြိုစားသွားပါ့မယ်ဗျာ အမြဲရှိနေပေးပါ..”

ဆိုပြီး အပျော်လေးတွေကို ဝေမျှထားတာဖြစ်ပါတယ်နော်..။ ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေနဲ့ အားပေးကြပြီး အမြဲချစ်ခက်ပေးနေကြမှာမို့ ဇာတ်ကားတွေများစွာ ရိုက်ကူးပြီး အောင်မြင်ဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်နော်..။

Source : Kyaw Htet Zaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *