ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ေနတဲ့ ထက္ထက္မိုးဦးကို သူ႔ရဲ႕ထင္ျမင္ယူဆခ်က္ေလးေတြနဲ႔ ေဝဖန္ခ်ီးက်ဴးခဲ့တဲ့ လြင္မိုး

သ႐ုပ္ေဆာင္လြင္မိုးနဲ႔ ထက္ထက္မိုးဦးတို႔ဟာဆိုရင္ တစ္ေခတ္တစ္ခါက နာမည္ေက်ာ္အႏုပညာရွင္ေမာင္ႏွမေတြ ျဖစ္ၾကၿပီး ေအာင္ျမင္မႈအသီးအပြင့္ကို အသီးသီးဆြတ္ခူးႏိုင္ခဲ့ၾကတဲ့ ျမန္မာ့ထိပ္တန္းသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကပါတယ္။  သ႐ုပ္​ေဆာင္လြင္မိုးဟာဆိုရင္ အရင္ေခတ္ကာလတစ္ေလွ်ာက္လုံး ႐ုပ္ရွင္ကားေပါင္းေျမာက္ျမားစြာကို ပါဝင္႐ိုက္ကူးခဲ့သူတစ္ဦးျဖစ္ၿပီး ထက္ထက္မိုးဦးဟာဆိုရင္ေတာ့ ႐ုပ္ရွင္ကားမ်ား ႐ိုက္ကူးခဲ့႐ုံမွ်မက ျမန္မာ့ထိပ္တန္းေၾကာ္ျငာမင္းသမီးတစ္ဦးအျဖစ္ ရပ္တည္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။

လြင္မိုးအေနနဲ႔ ေနာက္ပိုင္းမွာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးအျဖစ္ ေျပာင္းလဲလာၿပီး ယခုအခါမွာေတာ့ ႐ုပ္ရွင္႐ုံလုပ္ငန္းကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ ၁၉၉၀ နဲ႔ ၂၀၀၀ ခုႏွစ္အလြန္ ႏွစ္မ်ားမွာ ေၾကာ္ျငာဘုရင္မအျဖစ္ ရပ္တည္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အႏုပညာလုပ္ရွားမႈေတြ နည္းပါးေနခဲ့တာျဖစ္ပါတယ္။ ယခုႏွစ္မွာေတာ့ ရတနာပစၥည္းေတြကို ေဖ့ဘုတ္ကေနတစ္ဆင့္ Live Sale ေရာင္းခ်ျခင္းႏွင့္အတူ သူမရဲ႕ အႏုပညာခရီးလမ္းကို ျပန္လည္စတင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္လြင္မိုးက သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေဟာင္းျဖစ္သူ ေၾကာ္ျငာဘုရင္မထက္ထက္မိုးဦးရဲ႕ တစ္ေက်ာ့ျပန္ေအာင္ျမင္လာမႈအေပၚမွာ သူမရဲ႕ အသံက ဖေယာင္းတိုင္မီးထြန္းစရာမလိုပဲ အလိုလို အရည္ေပ်ာ္က်သြားႏိုင္တယ္ဆိုၿပီး အလြန္အမင္းခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္လြင္မိုးဟာဆိုရင္ ထက္ထက္မိုးဦးအေနနဲ႔ အလုပ္ေတြျပန္လုပ္ၿပီး ေအာင္ျမင္မႈေတြ ျပန္လည္ရရွိလာတဲ့အေပၚမွာ အရမ္းဝမ္းသာေနၿပီး အခုလို Live လႊင့္ၿပီး ေဈးေရာင္းတယ္ဆိုတာမ်ိဳးက ထက္ထက္မိုးဦးရဲ႕ ကြၽမ္းက်င္ၿပီးသား အလုပ္​ျဖစ္ၿပီး စကားေျပာပုံ၊ ဆိုပုံမ်ိဳးကအစ အလြန္ဆြဲေဆာင္မႈရွိတာေၾကာင့္ ဖေယာင္းတိုင္မီးေတာင္ ထြန္းစရာမလိုပဲ အရည္ေပ်ာ္က်သြားႏိုင္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ အေတြးအေခၚနဲ႔ ဗဟုသုတရွိဖို႔ အမ်ားႀကီးလိုအပ္ၿပီး အႏုပညာရွင္တစ္ေယာက္အေနနဲ႔လည္း အဆိုပါ အေတြ႕အႀကဳံနဲ႔ ဗဟုသုတရွိဖို႔ အမ်ားႀကီးလိုအပ္တယ္လို႔ လြင္မိုးက ေျပာပါတယ္။ အႏုပညာရွင္တစ္ေယာက္ဟာ အကုန္လုံးတတ္စရာမလိုေပမယ့္ အားလုံးကို သိေနဖို႔ေတာ့ လိုတယ္လို႔ လြင္မိုးက ျမင္ပါတယ္။ 

လူေတြေျပာေနၾကတဲ့ ထက္ထက္မိုးဦးရဲ႕ ေအာင္ျမင္မႈဟာ စန္းတက္လာတဲ့အေပၚမူတည္ေနတယ္ ဆိုတဲ့အခ်က္ကို လြင္မိုးက “ထက္ထက္မိုးဦး ေအာင္ျမင္ဖို႔အတြက္ ကိုဗစ္ျဖစ္ဖို႔လိုလား” ဆိုၿပီး ျပန္လည္ေမးခြန္းထုတ္လိုက္တာ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးဟာ အခုလို ျပန္လည္ေအာင္ျမင္လာရတာဟာ အက်ိဳးအေၾကာင္းတိုက္ဆိုင္လို႔ ဆိုေပမယ့္ ကိုဗစ္ကပ္ေရာဂါႀကီးျဖစ္လို႔ လူေတြအားလုံး အိမ္ျပင္မထြက္ပဲ အြန္လိုင္းသုံးစြဲသူမ်ားျပားေနတဲ့အခ်ိန္မွာ ေဈးကြက္ေတာင္းဆိုမႈအရ အြန္လိုင္းမွာ Live Sales ေရာင္းခ်ေပးဖို႔အတြက္ လိုအပ္တဲ့ အေတြ႕အႀကဳံ၊ ဗဟုသုတနဲ႔ အရည္အခ်င္းမ်ိဳး ထက္ထက္မိုးဦးမွာ ရွိႏွင့္ေနၿပီးသား ျဖစ္တယ္လို႔ လြင္မိုးက ရွင္းျပပါတယ္။ 

အႏုပညာရွင္တစ္ေယာက္အေနနဲ႔ အေတြ႕အႀကဳံဗဟုသုတနဲ႔ ဝမ္းစာျပည့္ဝဖို႔လိုၿပီး စန္းတို႔၊ နာမည္ေက်ာ္ၾကားမႈတို႔ ဆိုတာက ေလာကသေဘာတရားအရ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနမွာက ဓမၼတာပဲလို႔ လြင္မိုးက ေျပာျပပါတယ္။ အရင္ကာလေတြတုန္းက ဆိုရင္ေတာ့ အႏုပညာရွင္ေမာင္ႏွမေတြက စည္းစည္းလုံးလုံးရွိၾကၿပီး တစ္ခုခုဆိုရင္ အစုလိုက္အဖြဲ႕လိုက္ လုပ္ၾကကိုင္ၾကေလ့ရွိတယ္လို႔ လြင္မိုးက ေျပာပါတယ္။

“ဒီပုံထဲမွာဆိုရင္ ကြၽန္ေတာ္ပါတယ္။ ကိုသားႀကီး ပါတယ္။ အိျႏာေက်ာ္ဇင္ပါတယ္။ ဟိုးေနာက္မွာ ကိုေက်ာ္သူပါတယ္။ ကိုသားႀကီးနဲ႔ကြၽန္ေတာ္ရဲ႕ ၾကားထဲမွာ ဦးမိုးဒီပါတယ္။ ေျပာခ်င္တာက ကြၽန္ေတာ္တို႔အုပ္စုက အဲ့ဒီအခ်ိန္ကာလမွာ တကယ့္နံပါတ္(၁)ေပါ့ေနာ္။ ခင္ဖို႔ေကာင္းတယ္ သတိလည္းရတယ္ အမွတ္တရေလးေတြလည္း ရွိတယ္ ေပ်ာ္ဖို႔လည္းေကာင္းတယ္။” 

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္လြင္မိုးက ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးရဲ႕ တေၾကာ့ျပန္ေအာင္ျမင္မႈနဲ႔ ပတ္သတ္လို႔ ခ်ီးက်ဴးစကား ဆိုခဲ့႐ုံမွ်မက သူတို႔အႏုပညာရွင္ေမာင္ႏွမေတြရဲ႕ တစ္ခ်ိန္တစ္ခါက စည္းစည္းလုံးလုံးရွိၾကပုံကို အမွတ္တရေလးေတြအျဖစ္ ျပန္လည္ေဝမွ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

သရုပ်ဆောင်လွင်မိုးနဲ့ ထက်ထက်မိုးဦးတို့ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကျော်အနုပညာရှင်မောင်နှမတွေ ဖြစ်ကြပြီး အောင်မြင်မှုအသီးအပွင့်ကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြတဲ့ မြန်မာ့ထိပ်တန်းသရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။  သရုပ်ဆောင်လွင်မိုးဟာဆိုရင် အရင်ခေတ်ကာလတစ်လျှောက်လုံး ရုပ်ရှင်ကားပေါင်းမြောက်မြားစွာကို ပါဝင်ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ထက်ထက်မိုးဦးဟာဆိုရင်တော့ ရုပ်ရှင်ကားများ ရိုက်ကူးခဲ့ရုံမျှမက မြန်မာ့ထိပ်တန်းကြော်ငြာမင်းသမီးတစ်ဦးအဖြစ် ရပ်တည်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လွင်မိုးအနေနဲ့ နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ပြောင်းလဲလာပြီး ယခုအခါမှာတော့ ရုပ်ရှင်ရုံလုပ်ငန်းကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်အလွန် နှစ်များမှာ ကြော်ငြာဘုရင်မအဖြစ် ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ နှစ်ပေါင်းများစွာကြာအောင် အနုပညာလုပ်ရှားမှုတွေ နည်းပါးနေခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ရတနာပစ္စည်းတွေကို ဖေ့ဘုတ်ကနေတစ်ဆင့် Live Sale ရောင်းချခြင်းနှင့်အတူ သူမရဲ့ အနုပညာခရီးလမ်းကို ပြန်လည်စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်လွင်မိုးက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ကြော်ငြာဘုရင်မထက်ထက်မိုးဦးရဲ့ တစ်ကျော့ပြန်အောင်မြင်လာမှုအပေါ်မှာ သူမရဲ့ အသံက ဖယောင်းတိုင်မီးထွန်းစရာမလိုပဲ အလိုလို အရည်ပျော်ကျသွားနိုင်တယ်ဆိုပြီး အလွန်အမင်းချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်လွင်မိုးဟာဆိုရင် ထက်ထက်မိုးဦးအနေနဲ့ အလုပ်တွေပြန်လုပ်ပြီး အောင်မြင်မှုတွေ ပြန်လည်ရရှိလာတဲ့အပေါ်မှာ အရမ်းဝမ်းသာနေပြီး အခုလို Live လွှင့်ပြီး ဈေးရောင်းတယ်ဆိုတာမျိုးက ထက်ထက်မိုးဦးရဲ့ ကျွမ်းကျင်ပြီးသား အလုပ်ဖြစ်ပြီး စကားပြောပုံ၊ ဆိုပုံမျိုးကအစ အလွန်ဆွဲဆောင်မှုရှိတာကြောင့် ဖယောင်းတိုင်မီးတောင် ထွန်းစရာမလိုပဲ အရည်ပျော်ကျသွားနိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အတွေးအခေါ်နဲ့ ဗဟုသုတရှိဖို့ အများကြီးလိုအပ်ပြီး အနုပညာရှင်တစ်ယောက်အနေနဲ့လည်း အဆိုပါ အတွေ့အကြုံနဲ့ ဗဟုသုတရှိဖို့ အများကြီးလိုအပ်တယ်လို့ လွင်မိုးက ပြောပါတယ်။ အနုပညာရှင်တစ်ယောက်ဟာ အကုန်လုံးတတ်စရာမလိုပေမယ့် အားလုံးကို သိနေဖို့တော့ လိုတယ်လို့ လွင်မိုးက မြင်ပါတယ်။ 

လူတွေပြောနေကြတဲ့ ထက်ထက်မိုးဦးရဲ့ အောင်မြင်မှုဟာ စန်းတက်လာတဲ့အပေါ်မူတည်နေတယ် ဆိုတဲ့အချက်ကို လွင်မိုးက “ထက်ထက်မိုးဦး အောင်မြင်ဖို့အတွက် ကိုဗစ်ဖြစ်ဖို့လိုလား” ဆိုပြီး ပြန်လည်မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ အခုလို ပြန်လည်အောင်မြင်လာရတာဟာ အကျိုးအကြောင်းတိုက်ဆိုင်လို့ ဆိုပေမယ့် ကိုဗစ်ကပ်ရောဂါကြီးဖြစ်လို့ လူတွေအားလုံး အိမ်ပြင်မထွက်ပဲ အွန်လိုင်းသုံးစွဲသူများပြားနေတဲ့အချိန်မှာ ဈေးကွက်တောင်းဆိုမှုအရ အွန်လိုင်းမှာ Live Sales ရောင်းချပေးဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံ၊ ဗဟုသုတနဲ့ အရည်အချင်းမျိုး ထက်ထက်မိုးဦးမှာ ရှိနှင့်နေပြီးသား ဖြစ်တယ်လို့ လွင်မိုးက ရှင်းပြပါတယ်။ 

အနုပညာရှင်တစ်ယောက်အနေနဲ့ အတွေ့အကြုံဗဟုသုတနဲ့ ဝမ်းစာပြည့်ဝဖို့လိုပြီး စန်းတို့၊ နာမည်ကျော်ကြားမှုတို့ ဆိုတာက လောကသဘောတရားအရ နိမ့်ချည်မြင့်ချည် ဖြစ်နေမှာက ဓမ္မတာပဲလို့ လွင်မိုးက ပြောပြပါတယ်။ အရင်ကာလတွေတုန်းက ဆိုရင်တော့ အနုပညာရှင်မောင်နှမတွေက စည်းစည်းလုံးလုံးရှိကြပြီး တစ်ခုခုဆိုရင် အစုလိုက်အဖွဲ့လိုက် လုပ်ကြကိုင်ကြလေ့ရှိတယ်လို့ လွင်မိုးက ပြောပါတယ်။

“ဒီပုံထဲမှာဆိုရင် ကျွန်တော်ပါတယ်။ ကိုသားကြီး ပါတယ်။ အိနြာကျော်ဇင်ပါတယ်။ ဟိုးနောက်မှာ ကိုကျော်သူပါတယ်။ ကိုသားကြီးနဲ့ကျွန်တော်ရဲ့ ကြားထဲမှာ ဦးမိုးဒီပါတယ်။ ပြောချင်တာက ကျွန်တော်တို့အုပ်စုက အဲ့ဒီအချိန်ကာလမှာ တကယ့်နံပါတ်(၁)ပေါ့နော်။ ခင်ဖို့ကောင်းတယ် သတိလည်းရတယ် အမှတ်တရလေးတွေလည်း ရှိတယ် ပျော်ဖို့လည်းကောင်းတယ်။” 

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်လွင်မိုးက ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးရဲ့ တကြော့ပြန်အောင်မြင်မှုနဲ့ ပတ်သတ်လို့ ချီးကျူးစကား ဆိုခဲ့ရုံမျှမက သူတို့အနုပညာရှင်မောင်နှမတွေရဲ့ တစ်ချိန်တစ်ခါက စည်းစည်းလုံးလုံးရှိကြပုံကို အမှတ်တရလေးတွေအဖြစ် ပြန်လည်ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *