ငွေရေးကြေးရေးပြည့်စုံပြီး ချစ်ရေးဆိုလာကြတဲ့ ထိပ်တန်းလူတန်းစား(၅)ယောက်မှာ (၂)ယောက်က အနုပညာရှင်တွေ ဆိုတဲ့ မမဆောင်း
Read in UNICODE
မင်းသမီးချော ဆောင်းအိန္ဒြေထွန်းကတော့ ပရိတ်သတ်ချစ် မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်နေသူဖြစ်ပြီး မိဘအမွေတွေကို တစ်ယောက်တည်း ရရှိခဲ့တာကြောင့် အလှူအတန်းများကို မပြတ်ပြုလုပ်နေသူပါ။ သူမဟာ ”ဆောင်းအိန္ဒြေထွန်း ရဲ့ချစ်သူဟာ ဆရာဝန်လား? စစ်ဗိုလ်လား? ဘောလုံးဥက္ကဌလား? “ဆိုပြီးတော့ ဝေဖန်မှုတွေက မြင့်တက်လာရာမှ ပရိသတ် စိတ်ဝင်စားခံလာရခြင်းဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ မမဆောင်းကို ငွေရေးကြေးရေးပြည့်စုံတဲ့ လူ(၅)ယောက်က ချစ်ရေးဆိုလာကြပြီး အဲ့ထဲက (၂)ယောက်က အနုပညာရှင်တွေ ဖြစ်ကြတယ်လို့ ပွင့်ပွင့်လင်းလင်း ဖြေကြားပေးလာတာပဲ ဖြစ်ပါတယ်။ 
ဒီအင်တာဗျူးလေးကိုတော့ မမဆောင်းအနေနဲ့ ကိုယ်ဝန်သည်တစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးနေတဲ့ ရိုက်ကွင်းမှာ မေးမြန်ဒဖြစ်ခဲ့တာ ဖြစ်ပြီး ဒီဇာတ်ရုတ်နဲ့ပတ်သတ်လို့ မမဆောင်းက  ပရိသတ်ချစ်အောင် ကိုယ်ဝန်ဆောင်ဇာတ်ရုပ်နဲ့လည်း အိုင်တင်လေးတွေ လုပ်လို့ရတယ်လို့ မမဆောင်းက ယုံကြည်ထားပြီး “ဒီမှာ မမဆောင်းလှလား၊ ဒီမှာ ကိုကို့အတွက် ချစ်စုဘူး” စသည်ဖြင့် ပရိသတ်စိတ်ဝင်စားခြင်း ခံလာရအောင် အမျိုးအမျိုး ဆွဲဆောင်ပြနိုင်တယ်လို့ မမဆောင်းက ပြောပါတယ်။ 
ကြော်ငြာရိုက်တဲ့အခါမှာလည်း ဟိုအရင်တုန်းကလိုမျိုး “ကျွန်မပစ္စည်း အရမ်းကောင်းပါတယ်ရှင်၊ ဒါကတော့ ဘယ်လိုပစ္စည်းပါ” ဆိုပြီး ရိုးရိုးတန်းတန်း ကြော်ကြာနေရင် ပရိသတ်က လုံးဝစိတ်ဝင်စားလာမှာ မဟုတ်တော့ပဲ ယနေ့ခေတ်မှာ ကိုဗစ်နဲ့အတူ အွန်လိုင်းသုံးစွဲမှုက ကြီးမားလာတဲ့အတွက် ပရိသတ်တွေက တီဗီရှေ့ကိုတောင် မရောက်ဖြစ်တော့ဘူးလို့ မမဆောင်းက ပြောပြပါတယ်။ အချို့သော မင်းသား၊ မင်းသမီးတွေ ဆိုရင်တောင် အရင်လိုရိုက်ကွင်းတွေနဲ့ အလုပ်မရှုပ်တော့ပဲ အွန်လိုင်းသုံးစွဲချိန် များပြားလာတဲ့အတွက် မမဆောင်းရဲ့ အွန်လိုင်းပေါ်က လှုပ်ရှားမှုလေးတွေကို သတိထားမိလာကြတယ်လို့ မမဆောင်းက ပြောပြပါတယ်။ 
အနုပညာလှုပ်ရှားမှုမှတ်တမ်းအရ မမဆောင်းဟာဆိုရင် မယ်တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့အတွက် ပရိသတ်တွေက မမဆောင်းရဲ့ ကိုယ်ခန္ဓာနဲ့ပတ်သတ်လို့ စိတ်ဝင်တစားရှိကြောင်းကို မမဆောင်းက အောက်ပါအတိုင်း ရယ်သွေးသွမ်းပြီး ပြောလာပါတယ်။ “မမဆောင်းဆိုရင် မယ်ရထားတယ်ကွာ၊ မယ်ရထားတာဆိုတော့ လူတွေက စိတ်ဝင်စားနေတယ်။ အထဲမှာဘယ်လောက်ရှိလဲ၊ ဘာညာပေါ့နော်။ အဲ့တာကို မမဆောင်းက Attraction ပုံစံမျိုးနဲ့ ဖော်ပြရတာ။ လျပ်ပေါ်လော်လီ မဟုတ်ဘူးကွာ။ ရေကူးဝတ်စုံဝတ်ပြီး ကုန်းပြနေတာတို့၊ မဖွယ်မရာ လုပ်ပြနေတာတို့၊ ဒူးတွေထောင်ပြီး လုပ်ပြနေတာတို့ မရှိဘူးလေ။ မမဆောင်းက ကိုယ့်ရဲ့ခန္ဓာကိုယ်အလှကောက်ကြောင်းကို ရိုးရိုးပဲ စိတ်ဝင်စားအောင် ပြတဲ့သဘောပေါ့နော်။” လို့ မမဆောင်းက ရှင်းပြလာပါတယ်။ 
ဒါကို တချို့ပရိသတ်တွေက အထင်အမြင်လွဲမှားပြီး “အစကတော့ ရိုးရိုးသားသားမိုလို့ အားပေးတာ၊ အခုတော့ မကြိုက်တော့ဘူး” ဆိုပြီး ဝေဖန်လာကြတယ်လို့ မမဆောင်းက စိတ်မကောင်းစွာပဲ ရင်ဖွင့်လာခဲ့ပါတယ်။  မမဆောင်းအနေနဲ့ အခုလို ကိုယ်ဝန်ဆောင်ဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့ အခါမှာလည်း ရှက်စိတ်ဝင်မိတာမျိုး မဖြစ်ပဲ ကိုယ်ကျရာ ဇာတ်ရုပ်မျိုးကို ကျေပွန်အောင် သရုပ်ဆောင်တဲ့လိုပဲ သတ်မှတ်တယ်လို့ ပြောပါတယ်။  မမဆောင်းအနေနဲ့ ရှေ့အင်တာဗျုးများမှာ ရုပ်ရှင်မင်းသား ကိုရန်အောင်နဲ့ ကိုခန့်စည်သူတို့ရဲ့ သိက္ခာကို မထီမဲ့မြင်ပြုသလို အဖြေမျိုးတွေ ဖြေကြားခဲ့မိတာကြောင့် သူတို့နှစ်ယောက်ကို ပြန်လည်တောင်းပန်ခဲ့တဲ့အခါ သူတို့နှစ်ယောက်လုံးက မမဆောင်း စိတ်ရင်းကောင်းမှန်းသိတဲ့အတွက် “ပြောချင်တာသာပြော၊ ရတယ်” ဆိုပြီး နားလည်မှုအပြည့်နဲ့ ဗွေမယူပဲ ခွင့်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ 
အချစ်ရေးနဲ့ပတ်သတ်လို့လည်း သူမက အမြဲကံကောင်းတတ်သူတစ်ဦး ဖြစ်တယ်လို့ မမဆောင်းက ပြောပြပါတယ်။ “ဒါရှေးဘဝက ကိုယ့်ရဲ့ ရေစက်ပေါ့နော်။ မမဆောင်းက ဘယ်လောက် အိန္ဒြေသိက္ခာကြီးလည်း ဆိုတာကို ကိုယ့်ကိုချစ်တဲ့သူတွေက သိပါတယ်။ သူတစ်ပါးကို ဆိုရင် ကိုယ်က ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတယ်။ ဒါကို ကိုယ်နဲ့ပတ်သတ်တဲ့ မင်းသားတွေရော၊ အပြင်ကလူတွေအကုန်လုံးက သိတယ်။” လို့ မမဆောင်းက ဆိုပါတယ်။ သရုပ်ဆောင်ခန့်စည်သူပင်လျှင် မမဆောင်းကို “ဒီဘက်ခေတ်မှာ ဒီလိုလူမျိုး မရှိတော့ဘူး” လို့ ချီးကျူးခဲ့ဖူးပြီး ဒီလိုပြောလို့ မမဆောင်းက သူများတွေကို အိန္ဒြေသိက္ခာမရှိဘူးလို့ ပြောချင်တာမျိုး မဟုတ်ပဲ မမဆောင်းကိုယ်၌က အလွန်အကြူးကို ရိုးရိုး၊ အေးအေး၊ အအကြီး ဖြစ်နေတာကို ပြောချင်တာပါလို့ မမဆောင်းက ရှင်းပြပါတယ်။ 
လောလောဆယ်မှာတော့ မမဆောင်းကို ချစ်ရေးဆိုထားသူ (၅) ယောက်ရှိပြီး သူတို့အားလုံးဟာ နာမည်ကျော်ကြားသူ၊ ငွေကြေးချမ်းသာသူ၊ စသည်ဖြင့် ထိပ်တန်းလူတန်းစားတွေဖြစ်ကြတယ်လို့ မမဆောင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။အဲ့ထဲက (၂)ယောက်က အနုပညာရှင်တွေ ဖြစ်ကြတယ်လို့လည်း မမဆောင်းက ပရိသတ်အားလုံးကို အသိပေးပြောကြားလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။  မမဆောင်းဟာဆိုရင် အခုလို သူ့ကိုချစ်ပေးနေကြသူတွေအတွက်ပဲ စိတ်ထဲမှာ သီးသန့်အသိအမှတ်ပြုပေးထားပြီး အခုချိန်ထိ ချစ်သူရည်းစားရယ်လို့ မထားခဲ့ဖူးသေးပဲ အကယ်ဤများ ထားဖြစ်ခဲ့သည်ရှိသော် ချစ်ပရိသတ်တွေကို အရင်ဆုံး အသိပေးမယ်လို့ မမဆောင်းက ပြောပြပါတယ်။  မိန်းကလေးအများစုဟာဆိုရင် ကိုယ့်ကို သည်းသည်းလှုပ်ပြနေသူတွေကို သဘောကျတတ်ပေမယ့် မမဆောင်းကတော့ ကိုယ်တိုင်က အေးဆေးသူတစ်ယောက် ဖြစ်တဲ့အတွက် အနေအေးတဲ့ယောကျ်ားမျိုးကို သဘောကျလေ့ရှိတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလာပါတယ်။ 
ပရိသတ်ကြီးတို့ရေ အခုဆိုရင် မမဆောင်းဟာ သူမရဲ့ လတ်တလောအချစ်ရေးနဲ့ ပတ်သတ်လို့ သူမကို လာရောက်ချစ်ရေးဆိုကြသူတွေအကြောင်းကို ပရိသတ်သိအောင် ထုတ်ပြောလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။  ပရိသတ်ကြီးတို့လည်း မမဆောင်းရဲ့ နောက်ပိုင်းအနုပညာလှုပ်ရှားမှုလေးတွေနဲ့ ပတ်သတ်လို့ ထင်မြင်ချက်လေးတွေကို ဝေမျှပေးခဲ့ပါဦးနော်။ 
Source : 8D
Add a Comment
Your email address will not be published. Required fields are marked *