တစ်ပတ်အတွင်း နှုတ်ခမ်းနီအချောင်းရေ တစ်သောင်းကျော် ရောင်းထွက်ခဲ့တာကြောင့် ဝမ်းသာမဆုံးဖြစ်နေတဲ့ နေခြည်ဦး



Read in UNICODE
နေခြည့်ကိုတော့ လှအပနဲ့ပတ်သက်ရင် အမျိုးသမီးထုကြီးက အတော်လေးကို ပြည့်ပြည့်ဝဝယုံကြည်ကြပါတယ်။ သူမ review ပေးလိုက်တဲ့ အလှကုန်တိုင်းဟာ ပစ္စည်းပြတ်လပ်တဲ့အထိကိုရောင်းရခဲ့တာ ရှေ့မှာလည်းသက်သေတွေအများကြီးပါပဲ။ ဒီတစ်ခေါက်မှာလည်း သူမ review ပေးခဲ့တဲ့ နှုတ်ခမ်းနီလေးဟာ တစ်ပတ်အတွင်းမှာပဲ

အချောင်းရေတစ်သောင်းထိရောင်းချနိုင်ခဲ့ပါ တယ်။ ကိုယ့်ကြောင့်အခုလိုရောင်းအားတွေကောင်းလာတာမို့ နေခြည်ကလည်း အရမ်းကိုပျော်နေခဲ့ပါတယ်။ သူမကိုချစ်တဲ့ Chillies တွေကလည် နေခြည် Review ပေးတာနဲ့ တန်းခနဲဝယ်ကြသူတွေမို့ နေခြည်ကိုယ်တိုင်လည်း Quality ကောင်းတဲ့ ပစ္စည်းတွေကိုပဲ

သေချာစိစစ်ပြီး review ပေးခဲ့တာပါ။ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ” အရမ်းပျော်တာပေါ့လို့ နေခြည် LIVE review လေး ပေးဖြစ်တဲ့ Lipsticks လေးတွေက တစ်ပတ် အတွင်း အချောင်းရေ (၁၀,၀၀၀) တောင် ရောင်းထွက်သွားတာတဲ့။ အဲ့ live တုန်းက giveaway တွေလည်း အများကြီးပေါက်ကြ lipsticks

လေးတွေလည်းဆိုးကြည့်တာ အရမ်းကြိုက်တယ်ဆိုတဲ့ good reviews တွေကြီးပဲနော်။ တစ်ပတ်အတွင်း အချောင်း တစ်သောင်းဆို ဒီနှစ်မကုန်ခင် အချောင်းရေ တစ်သိန်းရောင်းရပါ စေလို့ ရင်ထဲအသဲထဲက ဆုတောင်းပေးလိုက်တယ်နော်။ ဒါနဲ့ နေခြည်အခုဆိုးထား lipstick အရောင်လေးက ဘာလေးဖြစ်မလဲ chillies? ” ဆိုပြီး နေခြည်က ဝေမျှခဲ့ပါတယ်။
Source : Nay Chi Oo’s Facebook