ကထိန္အလွဴေရစက္ခ်ပြဲမွာ ပရိသတ္ေတြနဲ႔အတူ စုေပါင္းၿပီး သိန္းေပါင္း(၁၇၀)ေက်ာ္ လွဴဒါန္းခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

အဆိုေတာ္တစ္ေယာက္ျဖစ္ဖို့ ဧရာဝတီတိုင္း ဟသၤာတျမိဳ့ေလးကေနတဆင့္ ရည္မွန္းခ်က္ေတြနဲ့ ရန္ကုန္ကိုတက္လာခဲ့တဲ့ ျဖိဳးျမတ္ေအာင္ကေတာ့ Myanmar Idol Season (3) ျပိဳင္ပြဲၾကီးမွာ Winner ဆုၾကီးကို ထိုက္ထုိက္တန္တန္ ဆြတ္ခူးရရိွခဲ့ျပီး သူေလွ်ာက္ခ်င္တဲ့ အနုပညာလမ္းေၾကာင္းေပၚကို ေရာက္ရိွလာခဲ့တာပဲ

ျဖစ္ပါတယ္။ ျဖိဳးျမတ္ေအာင္ကေတာ့ အဆိုေတာ္တစ္ေယာက္ျဖစ္သြားခ်ိန္မွာ ပရိသတ္ေတြအတြက္ မရိုးနိုင္တဲ့ သီခ်င္းသစ္ေတြကို ခ်ျပခဲ့သလို ဘာသာေရးနဲ့ ကုသိုလ္ေရးကိုလည္း ပိုမိုအာရံုစိုက္ လုပ္ကိုင္လာတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ျဖိဳးျမတ္ေအာင္က

သူ့ရဲ့ PMA Family နဲ့အတူတူ စုေပါင္း ဘံုကထိန္ျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ ျဖိဳးျမတ္ေအာင္က ” ေတာင္ညိဳေလး ကထိန္အလႉ ေရစက္ခ်မဂၤလာ.. ကြၽန္ေတာ္တို႔ မိသားစုအပါအဝင္ ခုနစ္ရက္သားသမီးမိသားစု၊ PMA Family မိသားစုအားလုံး၏ စုေပါင္းလႉဒါန္းေငြ

က်ပ္သိန္းေပါင္း – 17,170,000 ( တစ္ရာခုႏွစ္ဆယ့္တစ္သိန္းခုႏွစ္ေသာင္း) က်ပ္ကိုလႉဒါန္းႏိုင္ခဲ့ပါၿပီ။ အားလုံးပဲ ကပ္ေရာဂါမ်ား၊ သဘာဝေဘးမ်ားမွကင္းေဝးၾကၿပီး မဂ္ဖိုလ္ နိဗၺာန္ အေထာက္ပံ့ရၾကပါေစ 🙏🙏🙏” ဆိုျပီး သူ့ရဲ့ ကုသုိလ္ေလးကို ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ေျပာျပလာပါတယ္။ ျဖိဳးျမတ္ေအာင္ကေတာ့ PMA Family နဲ့အတူတူ

စုေပါင္းျပီး ကထိန္အလွဴ ေရစက္ခ်ပြဲမွာ ေငြသိန္းေပါင္း (၁၇၀) ေက်ာ္ကို လွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျဖိဳးျမတ္ေအာင္ရဲ့ ကုသိုလ္အလွဴေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဧရာဝတီတိုင်း ဟင်္သာတမြို့လေးကနေတဆင့် ရည်မှန်းချက်တွေနဲ့ ရန်ကုန်ကိုတက်လာခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး သူလျှောက်ချင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာပဲ

ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ အဆိုတော်တစ်ယောက်ဖြစ်သွားချိန်မှာ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ သီချင်းသစ်တွေကို ချပြခဲ့သလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း ပိုမိုအာရုံစိုက် လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖြိုးမြတ်အောင်က

သူ့ရဲ့ PMA Family နဲ့အတူတူ စုပေါင်း ဘုံကထိန်ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ ဖြိုးမြတ်အောင်က ” တောင်ညိုလေး ကထိန်အလှူ ရေစက်ချမင်္ဂလာ.. ကျွန်တော်တို့ မိသားစုအပါအဝင် ခုနစ်ရက်သားသမီးမိသားစု၊ PMA Family မိသားစုအားလုံး၏ စုပေါင်းလှူဒါန်းငွေ

ကျပ်သိန်းပေါင်း – 17,170,000 ( တစ်ရာခုနှစ်ဆယ့်တစ်သိန်းခုနှစ်သောင်း) ကျပ်ကိုလှူဒါန်းနိုင်ခဲ့ပါပြီ။ အားလုံးပဲ ကပ်ရောဂါများ၊ သဘာဝဘေးများမှကင်းဝေးကြပြီး မဂ်ဖိုလ် နိဗ္ဗာန် အထောက်ပံ့ရကြပါစေ 🙏🙏🙏” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောပြလာပါတယ်။ ဖြိုးမြတ်အောင်ကတော့ PMA Family နဲ့အတူတူ

စုပေါင်းပြီး ကထိန်အလှူ ရေစက်ချပွဲမှာ ငွေသိန်းပေါင်း (၁၇၀) ကျော်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်ရဲ့ ကုသိုလ်အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Phyo Myat Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *