တရားအေၾကာင္းေတြေျပာလိုက္ အလွဓာတ္ပုံေတြတင္လိုက္ လုပ္ေနတယ္လို႔ ေဝဖန္ေျပာဆိုေနၾကတဲ့အေပၚ ျပန္လည္ေျဖရွင္းခဲ့တဲ့ မယ္လိုဒီ

မယ္လိုဒီကေတာ့ သူမရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥ၊ အႏုပညာအေၾကာင္းအရာေတြနဲ႔ ပတ္သက္လာရင္ အၿမဲတမ္း ပြင့္ပြင့္လင္းလင္း ေျပာျပတတ္သူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမဟာ ဘာသာေရးအလုပ္ကို တစိုက္မတ္မတ္ လုပ္ကိုင္ေနတာပါ။ ဘာသာေရးအလုပ္လုပ္ေပမယ့္ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ အလွပုံေတြ တင္လို႔ ပရိသတ္တခ်ိဳ႕ရဲ႕ ေဝဖန္မႈႀကဳံရတယ္လို႔ ေျပာပါတယ္။ ဒီလို ေဝဖန္မႈေတြ အေပၚ မယ္လိုဒီက ေဖ့စ္ဘြတ္ေပ့ခ်္မွာ Live လႊင့္ရင္း ေျဖရွင္းခဲ့ပါတယ္။ “ တခ်ိဳ႕က မ်ိဳးကို တရားအေၾကာင္းေတြေျပာၿပီးေတာ့

အလွပုံေတြတင္တယ္ေပါ့ေနာ္၊ တကယ္တရား မရေသးဘူးတဲ့ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ မ်ိဳးက အႏုပညာသမားတစ္ေယာက္ျဖစ္တဲ့အတြက္ ကိုယ္က ေနေကာင္းပါတယ္၊ က်န္းမာေနပါတယ္၊ ဒီအသက္ ဒီအ႐ြယ္မွာ ကြၽန္မ လွေနပါေသးတယ္။ အခုဆို ၃၉ ထဲမွာပါ။ ၿပီးေတာ့ ကြၽန္မ ဘာေတြလုပ္ေနပါေသးတယ္ဆိုတာကို ေဖ့စ္ဘြတ္မွာ တင္မွ ပရိသတ္ေတြက သိမယ္။ ၿပီးေတာ့မွ ေၾကာ္ျငာေတြအတြက္ ကုမၼဏီေတြက လာကမ္းလွမ္းမယ္။ ကြၽန္မက တရားအေၾကာင္းေတြ ေဆြးေႏြးတယ္ဆိုတာက မွ်ေဝတာပါ။ တရားပဲထိုင္ၿပီးေတာ့ ေနလို႔မရဘူး မိသားစုအတြက္ ပိုက္ဆံက လည္းရွာရဦးမယ္။ အခုအသက္ (၃၉) ႏွစ္အ႐ြယ္မွာ ကြၽန္မက

ၾကည့္ေပ်ာ္ရႈေပ်ာ္ ရွိပါေသးလားေပါ့။ ကိုယ့္ရပ္တည္မႈအတြက္ ကိုယ္နဲ႔ သက္ဆိုင္တဲ့အလုပ္လည္း ကိုယ္လုပ္ရပါေသးတယ္။ ကြၽန္မက တရားမရွိလို႔ တရားလက္လြတ္ႀကီး အလွဂုဏ္ေမာက္ၿပီး တင္ေနတာမဟုတ္ပါဘူး” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၅ ရက္ေန႔ မနက္ (၁၀)နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ Live လႊင့္ခဲ့တာပါ။ မယ္လိုဒီဟာ ခရစ္ယာန္ဘာသာဝင္မ်ိဳးႏြယ္က ဆင္းသက္လာတယ္လို႔ ယင္း Live မွာ ေျပာခဲ့ပါတယ္။ လက္ရွိမွာေတာ့ သူယုံၾကည္ရာ ဘာသာေရးအလုပ္ကို တစိုက္မတ္မတ္ လုပ္ေဆာင္ေနတာပါ။ ဗုဒၶဘာသာ

တရားေတာ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း အင္မတန္ကို ေလ့လာမႈအားေကာင္းတဲ့သူလည္းျဖစ္ပါတယ္။ ဘာသာေရးအလုပ္ကို ပိုလုပ္ျဖစ္ေနတဲ့ အခ်ိန္မွာ သူ႔ရဲ႕ ကိုယ္ေတြ႕ခံစားခ်က္ေလးကို အခုလို မွ်ေဝခဲ့ပါတယ္။ “ ကြၽန္မရဲ႕ ကိုယ္ေတြ႕မွာ တရားေတြထိုင္၊ ဘုရားေသခ်ာဝတ္ျပဳတဲ့ အခ်ိန္မွာ ဘာျမင္လာသလဲဆိုေတာ့ ေခတ္ကာလသားသမီးေတြကို ၾကည့္ၿပီးေတာ့ သူတို႔ ေသာက္ေနၾကျပန္ၿပီ၊ အမေလး မူးေနၾကတာ၊ ေပ်ာ္ပါးေနၾကတာ တကယ္ေတာ့ ကိုယ္လည္း ဒီလိုျဖစ္ခဲ့ဖူးတာပဲေလ ဒါကို သတိျပန္လုပ္ရတယ္။ တကယ္တမ္းက်ေတာ့ ဒါက ေစတနာပါ။ ဒါေၾကာင့္ ဘုရားတရား အရမ္းလုပ္တဲ့သူေတြကို ကြၽန္မ ကိုယ္ခ်င္းစာတတ္လာတယ္။ အရင္ကဆို

သူတို႔က ဘုရားတရားလုပ္ၿပီး လူတစ္ဖက္သားကို ဘာလို႔ ၾကည့္ၿပီးလိုက္ေျပာေနသလဲလို႔ ထင္ခဲ့မိတယ္။ ဒါ ဝန္ခံတာပါ။ အခုေတာ့ သူမ်ား ေကာင္းဖို႔ မေကာင္းဖို႔ထက္ ကိုယ္ေကာင္းဖို႔ အရင္ႀကိဳးစားတယ္။ ကိုယ့္ဘာသာကိုယ္ေတာင္ တရားမျပည့္လို႔ ျဖည့္ေနရပါေသးတယ္။ ေလာဘ ေဒါသေတြကို ခ်ိဳးႏွိမ္ၿပီးေတာ့ ေနေနရတယ္။ ၃၁ ဘုံမွာ က်င္လည္ေနသေ႐ြ႕ကေတာ့ အပူေတြရွိမယ္၊ ေလာဘ၊ ေဒါသ ေမာဟေတြရွိမယ္ေပါ့ေနာ္။ ကြၽန္မ ယုံၾကည္ရာ၊ ကိုးကြယ္ရာ လုပ္တဲ့ တရားအေပၚ ယုံၾကည္မႈရွိတယ္၊ တန္ဖိုးထားတယ္”လို႔လည္း ဆက္လက္

ေျပာျပထားတာ ေတြ႕ရပါတယ္။ မယ္လိုဒီဟာ အခုဆိုရင္ ခ်စ္ရတဲ့ သားေလး သိဒၵိစစ္၊ သူမရဲ႕ မိခင္၊ ညီမေလးတို႔နဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပါ။ ဒါ့အျပင္ သူပိုင္ဆိုင္တဲ့ လက္ဝတ္ရတနာေတြကို ေရာင္းခ်ၿပီးေတာ့လည္း အလႉအတန္းေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။ မယ္လိုဒီဟာ တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာ၊ ဂ်ာနယ္ မ်က္ႏွာဖုံးေတြကေန တဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာပါ။ အဲဒီေနာက္ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားတာေတြ႕ရပါတယ္။သူမရဲ႕ အႏုပညာသက္တမ္းကလည္း အခုဆိုရင္ဆယ္စုႏွစ္တစ္ခုကို ေက်ာ္လြန္လာၿပီျဖစ္ပါတယ္။

Read in UNICODE

မယ်လိုဒီကတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အနုပညာအကြောင်းအရာတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဘာသာရေးအလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်နေတာပါ။ ဘာသာရေးအလုပ်လုပ်ပေမယ့် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အလှပုံတွေ တင်လို့ ပရိသတ်တချို့ရဲ့ ဝေဖန်မှုကြုံရတယ်လို့ ပြောပါတယ်။ ဒီလို ဝေဖန်မှုတွေ အပေါ် မယ်လိုဒီက ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ဖြေရှင်းခဲ့ပါတယ်။ “ တချို့က မျိုးကို တရားအကြောင်းတွေပြောပြီးတော့

အလှပုံတွေတင်တယ်ပေါ့နော်၊ တကယ်တရား မရသေးဘူးတဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မျိုးက အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်က နေကောင်းပါတယ်၊ ကျန်းမာနေပါတယ်၊ ဒီအသက် ဒီအရွယ်မှာ ကျွန်မ လှနေပါသေးတယ်။ အခုဆို ၃၉ ထဲမှာပါ။ ပြီးတော့ ကျွန်မ ဘာတွေလုပ်နေပါသေးတယ်ဆိုတာကို ဖေ့စ်ဘွတ်မှာ တင်မှ ပရိသတ်တွေက သိမယ်။ ပြီးတော့မှ ကြော်ငြာတွေအတွက် ကုမ္မဏီတွေက လာကမ်းလှမ်းမယ်။ ကျွန်မက တရားအကြောင်းတွေ ဆွေးနွေးတယ်ဆိုတာက မျှဝေတာပါ။ တရားပဲထိုင်ပြီးတော့ နေလို့မရဘူး မိသားစုအတွက် ပိုက်ဆံက လည်းရှာရဦးမယ်။ အခုအသက် (၃၉) နှစ်အရွယ်မှာ ကျွန်မက

ကြည့်ပျော်ရှုပျော် ရှိပါသေးလားပေါ့။ ကိုယ့်ရပ်တည်မှုအတွက် ကိုယ်နဲ့ သက်ဆိုင်တဲ့အလုပ်လည်း ကိုယ်လုပ်ရပါသေးတယ်။ ကျွန်မက တရားမရှိလို့ တရားလက်လွတ်ကြီး အလှဂုဏ်မောက်ပြီး တင်နေတာမဟုတ်ပါဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် (၁၀)နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ခဲ့တာပါ။ မယ်လိုဒီဟာ ခရစ်ယာန်ဘာသာဝင်မျိုးနွယ်က ဆင်းသက်လာတယ်လို့ ယင်း Live မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ သူယုံကြည်ရာ ဘာသာရေးအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာပါ။ ဗုဒ္ဓဘာသာ

တရားတော်နဲ့ ပတ်သက်ပြီးတော့လည်း အင်မတန်ကို လေ့လာမှုအားကောင်းတဲ့သူလည်းဖြစ်ပါတယ်။ ဘာသာရေးအလုပ်ကို ပိုလုပ်ဖြစ်နေတဲ့ အချိန်မှာ သူ့ရဲ့ ကိုယ်တွေ့ခံစားချက်လေးကို အခုလို မျှဝေခဲ့ပါတယ်။ “ ကျွန်မရဲ့ ကိုယ်တွေ့မှာ တရားတွေထိုင်၊ ဘုရားသေချာဝတ်ပြုတဲ့ အချိန်မှာ ဘာမြင်လာသလဲဆိုတော့ ခေတ်ကာလသားသမီးတွေကို ကြည့်ပြီးတော့ သူတို့ သောက်နေကြပြန်ပြီ၊ အမလေး မူးနေကြတာ၊ ပျော်ပါးနေကြတာ တကယ်တော့ ကိုယ်လည်း ဒီလိုဖြစ်ခဲ့ဖူးတာပဲလေ ဒါကို သတိပြန်လုပ်ရတယ်။ တကယ်တမ်းကျတော့ ဒါက စေတနာပါ။ ဒါကြောင့် ဘုရားတရား အရမ်းလုပ်တဲ့သူတွေကို ကျွန်မ ကိုယ်ချင်းစာတတ်လာတယ်။ အရင်ကဆို

သူတို့က ဘုရားတရားလုပ်ပြီး လူတစ်ဖက်သားကို ဘာလို့ ကြည့်ပြီးလိုက်ပြောနေသလဲလို့ ထင်ခဲ့မိတယ်။ ဒါ ဝန်ခံတာပါ။ အခုတော့ သူများ ကောင်းဖို့ မကောင်းဖို့ထက် ကိုယ်ကောင်းဖို့ အရင်ကြိုးစားတယ်။ ကိုယ့်ဘာသာကိုယ်တောင် တရားမပြည့်လို့ ဖြည့်နေရပါသေးတယ်။ လောဘ ဒေါသတွေကို ချိုးနှိမ်ပြီးတော့ နေနေရတယ်။ ၃၁ ဘုံမှာ ကျင်လည်နေသရွေ့ကတော့ အပူတွေရှိမယ်၊ လောဘ၊ ဒေါသ မောဟတွေရှိမယ်ပေါ့နော်။ ကျွန်မ ယုံကြည်ရာ၊ ကိုးကွယ်ရာ လုပ်တဲ့ တရားအပေါ် ယုံကြည်မှုရှိတယ်၊ တန်ဖိုးထားတယ်”လို့လည်း ဆက်လက်

ပြောပြထားတာ တွေ့ရပါတယ်။ မယ်လိုဒီဟာ အခုဆိုရင် ချစ်ရတဲ့ သားလေး သိဒ္ဒိစစ်၊ သူမရဲ့ မိခင်၊ ညီမလေးတို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သူပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေကို ရောင်းချပြီးတော့လည်း အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ မယ်လိုဒီဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။သူမရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင်ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *