ဘဝေပးအေျခအေနေၾကာင့္ ေဘထုပ္အက်ႌအဝတ္အစားေတြ ဝတ္ဆင္ေနရေပမယ့္လဲ မရွက္ပါဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာခဲ့တဲ့ ရဲေလးမ

ပရိသတ္ႀကီးတို႔ရဲ႕ တစ္ခဲနက္အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားၾကတဲ့ ျပည္သူ႔အခ်စ္ေတာ္ အႏုပညာရွင္ဆယ္လီေတြထဲမွာ သ႐ုပ္ေဆာင္ရဲေလးမကလည္း အပါအဝင္ပါပဲ..။ သ႐ုပ္ေဆာင္ရဲေလးမဟာဆိုရင္ ပရိသတ္ႀကီးတို႔ရဲ႕ တခဲနက္ ခ်စ္ခင္အားေပးမႈေတြကို အခိုင္အမာရရွိထားတဲ့ ျပည္သူ႔အခ်စ္ေတာ္ အႏုပညာရွင္ဆယ္လီတစ္ေယာက္ပဲ ျဖစ္ပါတယ္။  ပီျပင္လွတဲ့ သ႐ုပ္ေဆာင္အိုက္တင္ေတြေၾကာင့္ ဇာတ္ကားမ်ားစြာ ႐ိုက္ကူးရၿပီး က်ရာဇာတ္႐ုပ္ကို သဘာဝက်က် သ႐ုပ္ေဖာ္ႏိုင္မႈေၾကာင့္လည္း ပရိသတ္ရဲ႕ အသိအမွတ္ျပဳအားေပးမႈေတြကို အၿမဲမျပတ္ရရွိေနသူ တစ္ဦးပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ရဲေလးမက ေဘထုပ္အဝတ္အစားေတြ ဝတ္ဆင္ရတာကို သူ႔အေနနဲ႔ မရွက္ပါဘူးလို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာတာပဲ ျဖစ္ပါတယ္။  လူဆိုတာကေတာ့ ဘယ္သူပဲျဖစ္ျဖစ္ သူသူ၊ ကိုယ္ကိုယ္ ေကာင္းေကာင္းေနခ်င္၊ စားခ်င္၊ ဝတ္ခ်င္တာဟာ ေငြေၾကးျပည့္စုံေတြသူအတြက္ေတာ့ ကိစၥမရွိေပမယ့္ မရွိတဲ့သူေတြအတြက္ေတာ့ ေဘထုပ္ေ႐ြးတာက အရမ္းအဆင္ေျပတယ္လို႔ သ႐ုပ္ေဆာင္ရဲေလးမက ရင္ဖြင့္ေျပာျပပါတယ္။  ရဲလင္းမတို႔အေနနဲ႔ ေဘထုတ္ေ႐ြးရင္းနဲ႔ မထင္မွတ္ပဲ တကယ့္ဘရန္းေတြ၊ ေကာင္းတဲ့ပစၥည္းေတြ ရရွိခဲ့တာမ်ိဳး ႀကဳံခဲ့ရဖူးတယ္လို႔ ရဲေလးမက သူ႔ရဲ႕အေတြ႕အႀကဳံကို ေျပာျပပါတယ္။ 

ရဲေလးမက အခ်ိဳ႕ေသာသူေတြက သူဝတ္ထားတဲ့ ေဘထုပ္အက်ႌကို သေဘာက်လြန္းတဲ့အတြက္ “ကိုရဲေလးမ ဒီအက်ႌက ဘယ္ေလာက္လဲ” လို႔ ေမးျမန္းလာတဲ့အခါ သူ႔အေနနဲ႔ လိမ္ညာေျပာဆိုျခင္းမရွိပဲ “ဒါေဘထုပ္က သြားေ႐ြးလာတာ၊ ဘာကဘယ္ေလာက္” စသည္ျဖင့္ အမွန္အတိုင္းပဲ ေျဖၾကားေလ့ရွိတယ္လို႔ ရဲေလးမက ေျပာျပပါတယ္။  မေျပလည္တဲ့သူေတြအတြက္ အသစ္တစ္ထည္က တစ္ေသာင္းေက်ာ္ဝယ္ဝတ္ရမယ္ ဆိုရင္ ေဘထုပ္ထဲမွာက တစ္ထည္ကို ႏွစ္ေထာင္ေက်ာ္သာ တန္ေၾကးရွိတဲ့အတြက္ ပိုက္ဆံတစ္ေသာင္းေက်ာ္တည္းနဲ႔ ငါးထည္ေတာင္ ရသြားမွာျဖစ္တယ္လို႔ ရဲေလးမက ရွင္းျပလာပါတယ္။ 

ရဲေလးမက ေဘထုပ္ဝတ္တာနဲ႔ ပတ္သတ္လို႔  “အႏုပညာအလုပ္ မလုပ္ခင္ကလည္း ေ႐ြးတယ္၊ အခုလုပ္ေတာ့လည္း ေ႐ြးတယ္။ ေဘထုပ္ဝတ္ရတာကိုလည္း အကို မသိမ္ငယ္သလို၊ ေဘထုပ္ေ႐ြးရတာကိုလည္း မသိမ္ငယ္ဘူး။ တစ္ခါတစ္ေလက်ရင္ အကို႔မ်က္ႏွာႀကီးကို သိေနတာပဲ။ သူတို႔ကေတာင္ ကိုယ့္ကို လက္ေဆာင္ေတြ ျပန္ေပးတယ္။ မႏၲေလးေရာက္ရင္လည္း ေ႐ြးတယ္။ ေမၿမိဳ႕ေရာက္ရင္လည္း ေ႐ြးတယ္။ ဘယ္ေနရာပဲေရာက္ေရာက္ ေဘထုပ္ကေတာ့ ေ႐ြးတယ္။ အခု မဂၤလာမြန္ေဈး အေပၚထပ္မွာဆိုရင္လည္း အကို႔ေဖာက္သည္ဆိုင္ေတြ အမ်ားႀကီးရွိတယ္။ ရွက္စရာမွ မဟုတ္တာေနာ္။” လို႔ ပြင့္ပြင့္လင္းလင္း ေဝမွ်လာပါတယ္။ 

Brand ဝတ္လည္း ကိုယ္နဲ႔လိုက္ခ်င္မွ လိုက္မယ္၊ လွခ်င္မွ လွမယ္။ ေဘထုပ္ဝတ္လည္း ကိုယ္နဲ႔ လိုက္ခ်င္မွ လိုက္မယ္၊ လွခ်င္မွ လွမယ္။ ဒါေပမယ့္ ေဘထုပ္ဝတ္တာက ဘယ္လိုမ်ိဳး ျပန္ၿပီး ေျဖသိမ့္ႏိုင္လည္းဆိုေတာ့ မလိုက္လည္း၊ မလွလည္း ေဈးသက္သက္သာသာနဲ႔ ဝတ္ရတယ္။ အမ်ားႀကီး မေပးရဘူး။ Brand ႀကီးေတြဝတ္ၿပီး ကိုယ္နဲ႔မလိုက္တဲ့အခါ ဟယ္ သူက ေဈးႀကီးႀကီးေတြဝတ္ၿပီး လိုက္လည္းမလိုက္ဘူး လို႔လည္း အေျပာမခံခ်င္ဘူး။ လို႔လည္း ရဲေလးမပ ထပ္ေဆာင္းမွ်ေဝခဲ့ပါေသးတယ္။ 

ပရိသတ္ႀကီးတို႔ေရ ျပည္သူ႔အခ်စ္ေတာ္ ရဲေလးမဟာဆိုရင္ ေဘထုပ္အဝတ္အစားေတြဟာ သိမ္ငယ္စရာမဟုတ္ဘူးလို႔ ယူဆထားသူျဖစ္ၿပီး ဒီႏိုင္ငံမွာသာ လူအေတာ္မ်ားမ်ားက ေဘထုပ္ကို ႏွာေခါင္းရႈံ႕ခ်င္ၾကေပမယ့္ ႏိုင္ငံတကာမွာေတာ့ ပြင့္ပြင့္လင္းလင္းပဲ ေရာင္းဝယ္ေဖာက္ကားေနၾကတာျဖစ္တယ္လို႔ ရွင္းျပေပးရင္း ဒီအငိတာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးခဲ့ပါတယ္။ အထက္ပါ အေၾကာင္းအရာေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္ေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကိုလည္း မွ်ေဝေပးခဲ့ၾကပါဦးေနာ္။

Read in UNICODE

ပရိသတ်ကြီးတို့ရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေထဲမှာ သရုပ်ဆောင်ရဲလေးမကလည်း အပါအဝင်ပါပဲ..။ သရုပ်ဆောင်ရဲလေးမဟာဆိုရင် ပရိသတ်ကြီးတို့ရဲ့ တခဲနက် ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတစ်ယောက်ပဲ ဖြစ်ပါတယ်။  ပီပြင်လှတဲ့ သရုပ်ဆောင်အိုက်တင်တွေကြောင့် ဇာတ်ကားများစွာ ရိုက်ကူးရပြီး ကျရာဇာတ်ရုပ်ကို သဘာဝကျကျ သရုပ်ဖော်နိုင်မှုကြောင့်လည်း ပရိသတ်ရဲ့ အသိအမှတ်ပြုအားပေးမှုတွေကို အမြဲမပြတ်ရရှိနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ရဲလေးမက ဘေထုပ်အဝတ်အစားတွေ ဝတ်ဆင်ရတာကို သူ့အနေနဲ့ မရှက်ပါဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာပဲ ဖြစ်ပါတယ်။  လူဆိုတာကတော့ ဘယ်သူပဲဖြစ်ဖြစ် သူသူ၊ ကိုယ်ကိုယ် ကောင်းကောင်းနေချင်၊ စားချင်၊ ဝတ်ချင်တာဟာ ငွေကြေးပြည့်စုံတွေသူအတွက်တော့ ကိစ္စမရှိပေမယ့် မရှိတဲ့သူတွေအတွက်တော့ ဘေထုပ်ရွေးတာက အရမ်းအဆင်ပြေတယ်လို့ သရုပ်ဆောင်ရဲလေးမက ရင်ဖွင့်ပြောပြပါတယ်။  ရဲလင်းမတို့အနေနဲ့ ဘေထုတ်ရွေးရင်းနဲ့ မထင်မှတ်ပဲ တကယ့်ဘရန်းတွေ၊ ကောင်းတဲ့ပစ္စည်းတွေ ရရှိခဲ့တာမျိုး ကြုံခဲ့ရဖူးတယ်လို့ ရဲလေးမက သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။ 

ရဲလေးမက အချို့သောသူတွေက သူဝတ်ထားတဲ့ ဘေထုပ်အင်္ကျီကို သဘောကျလွန်းတဲ့အတွက် “ကိုရဲလေးမ ဒီအင်္ကျီက ဘယ်လောက်လဲ” လို့ မေးမြန်းလာတဲ့အခါ သူ့အနေနဲ့ လိမ်ညာပြောဆိုခြင်းမရှိပဲ “ဒါဘေထုပ်က သွားရွေးလာတာ၊ ဘာကဘယ်လောက်” စသည်ဖြင့် အမှန်အတိုင်းပဲ ဖြေကြားလေ့ရှိတယ်လို့ ရဲလေးမက ပြောပြပါတယ်။  မပြေလည်တဲ့သူတွေအတွက် အသစ်တစ်ထည်က တစ်သောင်းကျော်ဝယ်ဝတ်ရမယ် ဆိုရင် ဘေထုပ်ထဲမှာက တစ်ထည်ကို နှစ်ထောင်ကျော်သာ တန်ကြေးရှိတဲ့အတွက် ပိုက်ဆံတစ်သောင်းကျော်တည်းနဲ့ ငါးထည်တောင် ရသွားမှာဖြစ်တယ်လို့ ရဲလေးမက ရှင်းပြလာပါတယ်။ 

ရဲလေးမက ဘေထုပ်ဝတ်တာနဲ့ ပတ်သတ်လို့  “အနုပညာအလုပ် မလုပ်ခင်ကလည်း ရွေးတယ်၊ အခုလုပ်တော့လည်း ရွေးတယ်။ ဘေထုပ်ဝတ်ရတာကိုလည်း အကို မသိမ်ငယ်သလို၊ ဘေထုပ်ရွေးရတာကိုလည်း မသိမ်ငယ်ဘူး။ တစ်ခါတစ်လေကျရင် အကို့မျက်နှာကြီးကို သိနေတာပဲ။ သူတို့ကတောင် ကိုယ့်ကို လက်ဆောင်တွေ ပြန်ပေးတယ်။ မန္တလေးရောက်ရင်လည်း ရွေးတယ်။ မေမြို့ရောက်ရင်လည်း ရွေးတယ်။ ဘယ်နေရာပဲရောက်ရောက် ဘေထုပ်ကတော့ ရွေးတယ်။ အခု မင်္ဂလာမွန်ဈေး အပေါ်ထပ်မှာဆိုရင်လည်း အကို့ဖောက်သည်ဆိုင်တွေ အများကြီးရှိတယ်။ ရှက်စရာမှ မဟုတ်တာနော်။” လို့ ပွင့်ပွင့်လင်းလင်း ဝေမျှလာပါတယ်။ 

Brand ဝတ်လည်း ကိုယ်နဲ့လိုက်ချင်မှ လိုက်မယ်၊ လှချင်မှ လှမယ်။ ဘေထုပ်ဝတ်လည်း ကိုယ်နဲ့ လိုက်ချင်မှ လိုက်မယ်၊ လှချင်မှ လှမယ်။ ဒါပေမယ့် ဘေထုပ်ဝတ်တာက ဘယ်လိုမျိုး ပြန်ပြီး ဖြေသိမ့်နိုင်လည်းဆိုတော့ မလိုက်လည်း၊ မလှလည်း ဈေးသက်သက်သာသာနဲ့ ဝတ်ရတယ်။ အများကြီး မပေးရဘူး။ Brand ကြီးတွေဝတ်ပြီး ကိုယ်နဲ့မလိုက်တဲ့အခါ ဟယ် သူက ဈေးကြီးကြီးတွေဝတ်ပြီး လိုက်လည်းမလိုက်ဘူး လို့လည်း အပြောမခံချင်ဘူး။ လို့လည်း ရဲလေးမပ ထပ်ဆောင်းမျှဝေခဲ့ပါသေးတယ်။ 

ပရိသတ်ကြီးတို့ရေ ပြည်သူ့အချစ်တော် ရဲလေးမဟာဆိုရင် ဘေထုပ်အဝတ်အစားတွေဟာ သိမ်ငယ်စရာမဟုတ်ဘူးလို့ ယူဆထားသူဖြစ်ပြီး ဒီနိုင်ငံမှာသာ လူအတော်များများက ဘေထုပ်ကို နှာခေါင်းရှုံ့ချင်ကြပေမယ့် နိုင်ငံတကာမှာတော့ ပွင့်ပွင့်လင်းလင်းပဲ ရောင်းဝယ်ဖောက်ကားနေကြတာဖြစ်တယ်လို့ ရှင်းပြပေးရင်း ဒီအငိတာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။ အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း မျှဝေပေးခဲ့ကြပါဦးနော်။

Source : PPM

Add a Comment

Your email address will not be published. Required fields are marked *