ခ်စ္ဇနီးေလးက အစားထိုးလို႔မရတဲ့ အိမ္ေထာင္ဖက္ေကာင္းတစ္ေယာက္ပါလို႔ ေျပာျပခဲ့တဲ့ ညီနႏၵ

ညီနႏၵတို႔ ဇနီးေမာင္ႏွံဟာ ခ်စ္သူ သက္တမ္း (၁၁) ႏွစ္အၾကာမွာ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ အိမ္ေထာင္သက္တမ္း (၁၁) ႏွစ္ေက်ာ္ၾကာခဲ့ပါၿပီ။ အိမ္ေထာင္သက္တမ္း တစ္ေလွ်ာက္မွာ မိသားစုဝင္ေတြအေပၚ ဆိုးက်ိဳးေတြသာ ျဖစ္ေစခဲ့တဲ့ ညီနႏၵဟာ အခုဆိုရင္ ေပ်ာ္႐ႊင္ေနတဲ့ မိသားစုဘဝေလးျဖစ္လာလို႔ တည္ေဆာက္ေနတယ္လို႔ ေျပာပါတယ္။“ အိမ္ေထာင္သက္(၁၁) ႏွစ္လုံးလုံး အစ္ကိုနဲ႔ ပတ္သက္ခဲ့တဲ့ အစ္ကို႔ ဇနီး၊ အစ္ကို႔ သမီးေလး၊ ၿပီးေတာ့

ကိုယ့္မိဘ၊ သူ႔မိဘေတြဟာ အစ္ကို႔ရဲ႕ ေကာင္းက်ိဳးေတြဆိုတာထက္ ဆိုးက်ိဳးေတြ သူတို႔ ပိုခံစားထားရတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ အလုပ္ကလြဲၿပီး ဘာမွ မစဥ္းစားပဲေနတယ္၊ ဘုရားတရားေလး ပိုလုပ္တယ္။ လက္က်န္ဘဝေလးမွာ အားလုံး စိတ္ခ်မ္းသာေအာင္ေနသြားခ်င္တယ္။ ဒီအေနအထားေလးကိုလည္း မက်သြားေအာင္ အစ္ကို ႀကိဳးစားၿပီးေတာ့ တည္ေဆာက္မယ္။ သူသည္ အစ္ကို႔အတြက္ လုံးဝ အစားထိုးမရတဲ့ ပါရမီျဖည့္ဘက္ပါ။ အခု ဘုရားတရားလုပ္မယ္ဆိုရင္လည္း သူက အစ္ကို႔ထက္ပိုလုပ္တယ္။ မနက္ဆို လင္မယားႏွစ္ေယာက္

တက္ညီ လက္ညီနဲ႔ ဘုရားအလုပ္လုပ္တယ္။ သူရွိတာလည္း တကယ္အားရွိတယ္။ လူတစ္ေယာက္ ေအာင္ျမင္တယ္ဆိုတာ သူ႔ရဲ႕ ေနာက္ကြယ္မွာ ထူးခြၽန္ထက္ျမတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ရွိတယ္ဆိုတာ တကယ္ကို မွန္တယ္” လို႔ဆိုပါတယ္။ ညီနႏၵဟာ မိသားစုအတြက္ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ အိမ္ေထာင္သက္တမ္း(၁၁) ႏွစ္အၾကာမွာ သူ ဆိုးခဲ့သမွ်ေတြကို သည္းခံေပးခဲ့တဲ့ ဇနီးသည္ကိုလည္း

ေက်းဇူးတင္စကား ဆိုထားပါတယ္။ “ သူ႔ကို ေက်းဇူးတင္တယ္ဆိုတာထက္ အလုပ္နဲ႔ သက္ေသျပေနတာ အားလုံးလည္းျမင္ပါတယ္။ အခုဆို ျပဳျပင္ေျပာင္းလဲလာတာ (၂) ႏွစ္ေက်ာ္လို႔ (၃) ႏွစ္အခ်ိန္ကို ေရာက္လာၿပီ။ ေရွ႕ဆက္ၿပီး ဒီ့ထက္ ပိုေကာင္းဖို႔ပဲရွိတယ္။ ေလာကဓံက အေျပာင္းအလဲၾကမ္းတယ္၊ ေရွ႕ဆက္ ဘာျဖစ္လာဦးမလဲ မသိဘူူးေလ။ ဒါေတြလည္း ျပင္ဆင္ထားတယ္။ အစ္ကို႔အတြက္ ေအာင္ျမင္မႈကေတာ့ အေႂကြးေက်တဲ့ေန႔ပဲ။ ေနာက္ထပ္လည္း အေႂကြးတင္မခံေတာ့ဘူး ။ အေႂကြးေက်သြားရင္

မိသားစုေလး အိုးပိုင္အိမ္ပိုင္နဲ႔ ေနခ်င္တယ္။ မိန္းမကေတာ့ ကိုယ္ပိုင္အိမ္ေလးမွာ ဘုရားခန္းကို သူ႔ စိတ္တိုင္းက် လုပ္ေပးမယ္။ သမီးေလးကေတာ့ ေရကူးကန္ေလး ပါခ်င္တယ္လို႔ေျပာတယ္။ ဒါေလးကေတာ့ စိတ္ကူး အိပ္မက္ေလးပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ညီနႏၵနဲ႔ ဇနီးျဖစ္သူမနန္းထိုက္ေအာင္တို႔ဟာ တစ္ဦးတည္းေသာ သမီးေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစု ဘဝေလးကကို ထူေထာင္ထားၾကတာျဖစ္ပါတယ္။ ညီနႏၵဟာ

စီးပြားေရးဘက္ကို ဦးစားေပးလိုက္တဲ့ အခ်ိန္မွာ အႏုပညာေလာကနဲ႔ ၃ ႏွစ္ေက်ာ္ ေဝးကြာသြားတယ္လို႔လည္း သိရပါတယ္။ အႏုပညာအလုပ္ေတြ ခဏတာ ရပ္နားခဲ့ခ်ိန္တုန္းက စီးပြားေရးေတြ လုပ္ခဲ့ေပမယ့္ ေအာင္ျမင္မႈ မရခဲ့သလို ေလာင္းကစားေတြလည္း လုပ္ခဲ့ဖူးတယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ အခုခ်ိန္မွာေတာ့ လူေကာင္းတစ္ေယာက္ အေနနဲ႔ မိသားစုအတြက္ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ေနတာကိုလည္း ေတြ႕ရပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

ညီနန္ဒတို့ ဇနီးမောင်နှံဟာ ချစ်သူ သက်တမ်း (၁၁) နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၁) နှစ်ကျော်ကြာခဲ့ပါပြီ။ အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ မိသားစုဝင်တွေအပေါ် ဆိုးကျိုးတွေသာ ဖြစ်စေခဲ့တဲ့ ညီနန္ဒဟာ အခုဆိုရင် ပျော်ရွှင်နေတဲ့ မိသားစုဘဝလေးဖြစ်လာလို့ တည်ဆောက်နေတယ်လို့ ပြောပါတယ်။“ အိမ်ထောင်သက်(၁၁) နှစ်လုံးလုံး အစ်ကိုနဲ့ ပတ်သက်ခဲ့တဲ့ အစ်ကို့ ဇနီး၊ အစ်ကို့ သမီးလေး၊ ပြီးတော့

ကိုယ့်မိဘ၊ သူ့မိဘတွေဟာ အစ်ကို့ရဲ့ ကောင်းကျိုးတွေဆိုတာထက် ဆိုးကျိုးတွေ သူတို့ ပိုခံစားထားရတယ်။ ဒါကြောင့် ဒီအချိန်မှာ အလုပ်ကလွဲပြီး ဘာမှ မစဉ်းစားပဲနေတယ်၊ ဘုရားတရားလေး ပိုလုပ်တယ်။ လက်ကျန်ဘဝလေးမှာ အားလုံး စိတ်ချမ်းသာအောင်နေသွားချင်တယ်။ ဒီအနေအထားလေးကိုလည်း မကျသွားအောင် အစ်ကို ကြိုးစားပြီးတော့ တည်ဆောက်မယ်။ သူသည် အစ်ကို့အတွက် လုံးဝ အစားထိုးမရတဲ့ ပါရမီဖြည့်ဘက်ပါ။ အခု ဘုရားတရားလုပ်မယ်ဆိုရင်လည်း သူက အစ်ကို့ထက်ပိုလုပ်တယ်။ မနက်ဆို လင်မယားနှစ်ယောက်

တက်ညီ လက်ညီနဲ့ ဘုရားအလုပ်လုပ်တယ်။ သူရှိတာလည်း တကယ်အားရှိတယ်။ လူတစ်ယောက် အောင်မြင်တယ်ဆိုတာ သူ့ရဲ့ နောက်ကွယ်မှာ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတာ တကယ်ကို မှန်တယ်” လို့ဆိုပါတယ်။ ညီနန္ဒဟာ မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက်တမ်း(၁၁) နှစ်အကြာမှာ သူ ဆိုးခဲ့သမျှတွေကို သည်းခံပေးခဲ့တဲ့ ဇနီးသည်ကိုလည်း

ကျေးဇူးတင်စကား ဆိုထားပါတယ်။ “ သူ့ကို ကျေးဇူးတင်တယ်ဆိုတာထက် အလုပ်နဲ့ သက်သေပြနေတာ အားလုံးလည်းမြင်ပါတယ်။ အခုဆို ပြုပြင်ပြောင်းလဲလာတာ (၂) နှစ်ကျော်လို့ (၃) နှစ်အချိန်ကို ရောက်လာပြီ။ ရှေ့ဆက်ပြီး ဒီ့ထက် ပိုကောင်းဖို့ပဲရှိတယ်။ လောကဓံက အပြောင်းအလဲကြမ်းတယ်၊ ရှေ့ဆက် ဘာဖြစ်လာဦးမလဲ မသိဘူူးလေ။ ဒါတွေလည်း ပြင်ဆင်ထားတယ်။ အစ်ကို့အတွက် အောင်မြင်မှုကတော့ အကြွေးကျေတဲ့နေ့ပဲ။ နောက်ထပ်လည်း အကြွေးတင်မခံတော့ဘူး ။ အကြွေးကျေသွားရင်

မိသားစုလေး အိုးပိုင်အိမ်ပိုင်နဲ့ နေချင်တယ်။ မိန်းမကတော့ ကိုယ်ပိုင်အိမ်လေးမှာ ဘုရားခန်းကို သူ့ စိတ်တိုင်းကျ လုပ်ပေးမယ်။ သမီးလေးကတော့ ရေကူးကန်လေး ပါချင်တယ်လို့ပြောတယ်။ ဒါလေးကတော့ စိတ်ကူး အိပ်မက်လေးပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် ညီနန္ဒနဲ့ ဇနီးဖြစ်သူမနန်းထိုက်အောင်တို့ဟာ တစ်ဦးတည်းသော သမီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကကို ထူထောင်ထားကြတာဖြစ်ပါတယ်။ ညီနန္ဒဟာ

စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ အနုပညာအလုပ်တွေ ခဏတာ ရပ်နားခဲ့ချိန်တုန်းက စီးပွားရေးတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို လောင်းကစားတွေလည်း လုပ်ခဲ့ဖူးတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ လူကောင်းတစ်ယောက် အနေနဲ့ မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *