အသက္(၁၈)ႏွစ္ျပည့္ေမြးေန႔မွာ စုေဆာင္းထားတဲ့ အႏုပညာေၾကး(၁၈)သိန္းကို ေဝဘာဂီေဆးရံုႀကီးကို လွဴဒါန္းခဲ့တဲ့ စံထိပ္ထားဦး

ယေန႔ထိတိုင္အ႐ြယ္တင္ႏုပ်ိဳေန‌ဆဲျဖစ္တဲ့ မင္းသမီးခိုင္သင္းၾကည္ကိုသိၾကမယ္ထင္ပါတယ္ေနာ္။ သူမဟာ သာယာခ်မ္းေျမ့ဖြယ္မိသားစုဘဝေလးကို တည္ေထာင္ထားတာျဖစ္ၿပီး ခ်စ္စရာေကာင္းၿပီး လိမၼာေရးျခားရွိတဲ့သမီးေလးစံထိပ္ထားဦးကိုလည္း ပိုင္ဆိုင္ထားတာပါ။ ထိပ္ထိပ္ေလးဟာလည္း

ပညာေရးဘက္မွာလည္းထူးခြၽန္တဲ့သူ‌ေလးျဖစ္ၿပီး ေဖေဖနဲ႔ေမေမအၿမဲဂုဏ္ယူေနရတဲ့သူေလးပါ။ စံထိပ္ထားဦးဟာ အခုလက္ရွိမွာဆိုရင္လည္းမိခင္ျဖစ္သူနဲ႔အတူ အႏုပညာအလုပ္ေတြစတင္လုပ္ကိုင္ေနၿပီျဖစ္ပါတယ္။ ဒါ့ျပင္ထိပ္ထိပ္ေလးဟာ တူရိယာပစၥည္းေလးေတြလည္း ကြၽမ္းကြၽမ္းက်င္က်င္တီးတတ္သူေလးျဖစ္ၿပီး

သီခ်င္းေလးေတြလည္း ကာဗာအေနနဲ႔ သီဆိုတတ္ပါေသးတယ္။ ထိပ္ထိပ္ေလးဟာ အၿမဲလိုလိုလူငယ္ဆန္ဆန္ လြတ္လပ္ေပါ့ပါးတဲ့ ဖက္ရွင္ဒီဇိုင္းေလးေတြနဲ႔ ေနေလ့ရွိတာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုရရွိထားတာလည္းျဖစ္ပါတယ္။အခုလာမဲ့ ႏို၀င္ဘာ ၂၆ရက္ေန႔ေလးမွာဆိုရင္လည္း

ထိပ္ထိပ္ေလးရဲ႕ (၁၈)ႏွစ္ျပည့္ေမြးေန႔ေလးျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔အႀကိဳအလႉေလးအေနနဲ႔ ထိပ္ထိပ္ေလးဟာ ရရွိထားတဲ့အႏုပညာေၾကးေလးေတြနဲ႔ မုန႔္ဖိုးေလးေတြစုၿပီး ေဝဘာဂီေဆး႐ုံႀကီးမွာ ေငြက်ပ္ (၁၈)သိန္းသြားေရာက္လႉဒါန္းခဲ့တာလည္းျဖစ္ၿပီး ဒီအေၾကာင္းအရာေလးကို သူမရဲ႕ Instagram storyမွာတင္ေပးလာပါတယ္။ ကဲ……ပရိသတ္ေတြအတြက္ ျပနလည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ယနေ့ထိတိုင်အရွယ်တင်နုပျိုနေ‌ဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေးဟာလည်း

ပညာရေးဘက်မှာလည်းထူးချွန်တဲ့သူ‌လေးဖြစ်ပြီး ဖေဖေနဲ့မေမေအမြဲဂုဏ်ယူနေရတဲ့သူလေးပါ။ စံထိပ်ထားဦးဟာ အခုလက်ရှိမှာဆိုရင်လည်းမိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ထိပ်ထိပ်လေးဟာ တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူလေးဖြစ်ပြီး

သီချင်းလေးတွေလည်း ကာဗာအနေနဲ့ သီဆိုတတ်ပါသေးတယ်။ ထိပ်ထိပ်လေးဟာ အမြဲလိုလိုလူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ နေလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။အခုလာမဲ့ နိုဝင်ဘာ ၂၆ရက်နေ့လေးမှာဆိုရင်လည်း

ထိပ်ထိပ်လေးရဲ့ (၁၈)နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့အကြိုအလှူလေးအနေနဲ့ ထိပ်ထိပ်လေးဟာ ရရှိထားတဲ့အနုပညာကြေးလေးတွေနဲ့ မုန့်ဖိုးလေးတွေစုပြီး ဝေဘာဂီဆေးရုံကြီးမှာ ငွေကျပ် (၁၈)သိန်းသွားရောက်လှူဒါန်းခဲ့တာလည်းဖြစ်ပြီး ဒီအကြောင်းအရာလေးကို သူမရဲ့ Instagram storyမှာတင်ပေးလာပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြနလည်မျှဝေပေးလိုက်ပါတယ်နော်။

Source : San Htate Htar Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *