ဘုန်းကြီးတချို့က သူ့ကိုလာပြီး ဆုံးမသြဝါဒတွေ ပြောကြားတာကြောင့် ဖေစ့်ဘုတ်သုံးရတာ အကျိုးရှိတယ်ဆိုတဲ့ ဇေရဲထက်
Read in UNICODE
ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်ကိုလည်း အံဝင်ခွင်ကျအဖြစ်ဆုံး သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဇေရဲထက်ရယ်ဆိုပြီး သူသရုပ်ဆောင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို တစ်ခဲနက်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့
နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးလျော့ကျသွားပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်အသွယ် မပြတ်ရှိနေဆဲပဲ ဖြစ်ပါတယ်။ ခေတ်လူငယ်တစ်ယောက်ပီပီ လူမှုကွန်ယက်စာမျက်နှာကို အသုံးပြုတဲ့ ဇေရဲထက်က သူ့ကို ဂရုတစိုက်ရှိကြတဲ့အပြင် ဘုန်းဘုန်းကြီးတွေရဲ့
ဆုံးမမှုတွေကိုလည်း နာခံခံရတဲ့ အကြောင်းကို “ကျွန်တော့်အကောင့်ထဲမှာ တကယ့်ကို ကျွန်တော့အကျိုးကိုလိုလားပြီး အရမ်းချစ်ကြတဲ့ fanလေးတွေရော၊ အမေလိုဆုံးမကြတဲ့ တီလေးတွေရော အစ်မတွေလို အားပေးကြတဲ့ မမတွေရော ညီတွေညီမငယ်တွေအပြင် အခုလိုနာမည်ရှိ
ဘုန်းဘုန်းတွေကအစ သွန်သင်ဆုံးမ စိတ်ထားတတ်ဖို့ သင်ပေးကြတယ် အရမ်းပျော်မိပါတယ် 🙏🙏🙏🙏🙏အစ်ကို ညီတွေကော🙏🙏🙏” ဆိုပြီး သူ့ရဲ့ ပီတိလေးကို မျှဝေပေးလာပါတယ်။ ဇေရဲထက်ကတော့ ဖေ့စ်ဘုတ်သုံးရတဲ့အချိန်လေးမှာ ဘုန်းဘုန်းကြီးတွေနဲ့ ဆုံးမသြဝါဒကိုပါ ခံရပြီး
ကုသိုလ်ထူးတွေကို ရရှိကြောင်း ပီတိတွေနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်တစ်ယောက် အခုလို သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Zay Ye Htet’s Facebook
Add a Comment
Your email address will not be published. Required fields are marked *