အသစ်ထွက်ထားတဲ့ နောက်ဆုံးပေါ် အကောင်းစား အိုင်ဖုန်းကြီး လက်ဆောင်ရခဲ့တာကြောင့် အရမ်းပျော်နေတဲ့ စွမ်းဇာနည်
Read in UNICODE
အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက စွမ်းဇာနည်ကတော့ တစိုက်မက်မက်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။စွမ်းဇာနည်က”စွမ်းဇာတ်သဘင်”ကိုလည်း တည်ထောင်ထားပြီး အမြို့မြို့၊အနယ်နယ်မှာ ကပြဖျော်ဖြေတာကြောင့် ပရိသတ်တွေကလည်း မိုးလင်း
အထိကိုအားပေးကြတာဖြစ်ပါတယ်နော်။အခုခေတ်မှာဆိုရင် ဇာတ်သဘင်လောကက အရမ်းမတွင်ကျယ်တော့ပေမယ့် ပရိသတ်တွေကတော့ မြန်မာ့အငွ့အသက်တွေလွှမ်းခြုံနေတဲ့ ဇာတ်ပွဲတွေကို မျှော်လင့်နေဆဲဖြစ်ပါတယ်။ စွမ်းဇာနည်ကလည်း အခုချိန်မှာဆိုရင် အေးအေး
ချမ်းချမ်းနေထိုင်နေပြီး အနုပညာအလုပ်တွေကို ခဏနားထားတာဖြစ်ပါတယ်။စွမ်းဇာနည်က ပရိသတ်တွေနဲ့တော့ အမြဲတမ်းအဆက်အသွယ်မပြတ်ဘဲရှိနေကာ Liveလွှင့်ပြီးလည်း သီချင်းဆိုပြတတ်ပါသးတယ်နော်။ယနေ့အချိန်ထိလည်း ချောမောခန့်ညားနေဆဲဖြစ်တဲ့
စွမ်းဇာနည်က နှုတ်ခမ်းနီမလေးတွေ ဝိုင်းဝိုင်းလည်နေရလောက်အောင် ရေပန်းစားတဲ့မင်းသားချောလေးဖြစ်ပါတယ်။ စွမ်းဇာနည်က လက်ရှိမှာတော့ ပြင်ဦးလွင်ကိုရောက်ရှိနေပြီး အေးအေးချမ်းချမ်းနဲ့အပန်းဖြေနေတာဖြစ်ပါတယ်။စွမ်းဇာနည်ကို
ချစ်သူခင်သူတွေကလည်း ပေါများလို့ အခုဆိုရင်တော့ နောက်ဆုံးပေါ် Iphoneအသစ်ကို လက်ဆောင်ရလိုက်တာဖြစ်ပါတယ်။စွမ်းဇာနည်က လက်ဆောင်ဝယ်ပေးတဲ့သူကို ကျေးဇူးတင်စကားဆိုထားပြီး သူ့ရဲ့အပျော်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Source : Swan Zarni’s Facebook