မိသားစုနဲ႔အတူ ၿမိတ္ၿမိဳ႕မွာ ကိုယ္ပိုင္ကြ်န္းေလးတစ္ကြ်န္းဝယ္ၿပီး အေျခခ်ေနထိုင္ဖို႔ စဥ္းစားထားတယ္ဆိုတဲ့ ႏိုင္ဝမ္း

ႏိုင္းဝမ္းကေတာ့ မိသားစု၊ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပေလ့ရွိသူ တစ္ေယာက္ပါ။ အခုဆိုရင္လည္း သူဟာ ၿမိတ္ၿမိဳ႕ေလးမွာ အေျခခ်ဖို႔ စိတ္ကူးထားတဲ့ အိပ္မက္ေလးကို ေျပာျပလာပါတယ္။ “လူတိုင္းမွာ အိပ္မက္ကိုယ္စီရွိၾကပါတယ္။ ကြၽန္ေတာ့္ရဲ႕အိပ္မက္ကေတာ့ ဒါအႀကီးဆုံးပဲ။ ဘဝမွာအလိုခ်င္ဆုံးဆုေတာင္းပါဆိုရင္ ဒီဆုပဲကြၽန္ေတာ္ေတာင္းမယ္။ ျမန္မာျပည္ကိုခ်စ္လို႔ ျမန္မာျပည္မွာပဲေသတဲ့အထိေနမယ္။ အဲ့ဒါထက္

မိဘေတြကိုထားခဲ့ၿပီး ဘယ္ႏိုင္ငံမွမသြားခ်င္ဘူးဗ်ာ။ဒါေၾကာင့္ ျမန္မာတစ္ျပည္လုံးနဲ႔ အျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားေရာက္ဖူးၿပီး ေဒသတိုင္းရဲ႕ အသက္ေမြးဝမ္းေၾကာင္းနဲ႔လူေနမႈဘဝေတြေတြ႕ျမင္ခဲ့ေပမယ့္ အသက္အ႐ြယ္တစ္ခုရလာရင္ အႏုပညာအလုပ္ေတြရပ္ၿပီး မိသားစုနဲ႔အတူ ၿမိတ္ၿမိဳ႕ေလးမွာအေျခသြားခ်ဖို႔စဥ္းစားထားတယ္”လို႔ ဆိုပါတယ္။ ႏိုင္းဝမ္းအေနနဲ႔ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚလာဖို႔ ပိုက္ဆံ စုေနတယ္လို႔ ေျပာပါတယ္။ စီးပြားေရး တစ္ခုအေနနဲ႔ ၿမိတ္ၿမိဳ႕မွာ ကြၽန္းဝယ္ၿပီး ကိုယ္ပိုင္ ကမ္းေျခေလးတစ္ခု တည္ေထာင္ခ်င္တယ္ ဆိုတာကို ႏိုဝင္ဘာလ ၂၂ ရက္ေန႔ ည ၉ နာရီေက်ာ္က

သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ “ၿပီးျပည့္စုံတဲ့အရပ္ေဒသဆိုတာ ေလာကီဘုံမွာမရွိေပမဲ့ ေတာင္တန္းေတြေအာက္က ပင္လယ္ကမ္းေျခေဒသေလးမွာေနရတာကိုႀကိဳက္တယ္၊ ဗုဒၶဘာသာထြန္းကားတဲ့အရပ္လဲျဖစ္သလို ဘာသာျခားေတြနဲ႔လဲသင့္ျမတ္စည္းလုံးၾကတာကိုျမင္ခဲ့တယ္၊ စီးပြားေရးလဲထြန္းကားၾကတယ္၊ ၿမိတ္မွာ သူငယ္ခ်င္းမိတ္ေဆြေတြလဲရွိတယ္၊ သမာအာဇီဝက်တဲ့ခရီးသြားလုပ္ငန္းေလးတစ္ခုလုပ္ခ်င္တယ္၊ ကိုယ့္စိတ္ကူးထဲရွိသမွ်အတိုင္း စီမံခန႔္ခြဲမယ္။ ၿမိတ္ေဒသကိုသဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈေတြလုပ္ၿပီး

ဖူးခက္ထက္သာေအာင္လုပ္ၾကည့္ခ်င္တယ္၊ စိတ္တူကိုယ္တူဝါသနာတူတဲ့ဝန္ထမ္းေတြခန႔္ၿပီး သူတို႔နဲ႔ပတ္သက္တဲ့မိသားစုဝင္ေတြကိုပါေစာင့္ေရွာက္ထားခ်င္တယ္၊သူငယ္ခ်င္းအေပါင္းအသင္းေတြကိုလြမ္းတဲ့အခါ ကိုယ့္ေဒသကိုအလည္ေခၚရင္းျပန္ဆုံခ်င္တယ္။ ပိုက္ဆံအဆင္ေျပလာရင္ ကြၽန္းေလးတစ္ကြၽန္းဝယ္ၿပီး resort ေလးတစ္ခုေဆာက္ခ်င္တယ္၊ မိဘေတြအတြက္လဲစိတ္ခ်ရတဲ့အေျခအေနျဖစ္ၿပီဆိုရင္၊ စားဝတ္ေနေရးေျပလည္ၿပီး ကိုယ့္ဆႏၵျဖစ္တဲ့

ဒီအရာေလးေတြလုပ္ရင္း မိန္းမနဲ႔အတူအိုမင္းသြားခ်င္တယ္” လို႔လည္း သူက ဆိုပါတယ္။ ႏိုင္းဝမ္းဟာ ဂီတေလာကထဲသို႔ ၂၀၀၂ ခုႏွစ္ေလာက္က စတင္ဝင္ေရာက္လာၿပီး ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးပါ။ ယခုလက္ရွိမွာ သာယာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတဲ့ ႏိုင္းဝမ္းဟာ ခ်စ္သူနဲ႔လည္း ခရီးေတြ ဆက္တိုက္ထြက္ျဖစ္သလို ပရဟိတအလုပ္ေတြ ကုသိုလ္ေရးေတြကိုလည္း အရင္ကထက္ ပိုၿပီး လုပ္ကိုင္ လာသူလည္း ျဖစ္ပါတယ္။ ႏိုင္းဝမ္းဟာ နင္သာရွိရင္ သီခ်င္းနဲ႔လည္း ေ႐ႊ FM ရဲ႕ အေကာင္းဆုံး ကိုယ္ပိုင္ သံစဥ္ေတးျပဳ စာဆိုဆုကိုလည္း ရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။

Read in UNICODE

နိုင်းဝမ်းကတော့ မိသားစု၊ အချစ်ရေးနဲ့ ပတ်သက်လာရင် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိသူ တစ်ယောက်ပါ။ အခုဆိုရင်လည်း သူဟာ မြိတ်မြို့လေးမှာ အခြေချဖို့ စိတ်ကူးထားတဲ့ အိပ်မက်လေးကို ပြောပြလာပါတယ်။ “လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်ကတော့ ဒါအကြီးဆုံးပဲ။ ဘဝမှာအလိုချင်ဆုံးဆုတောင်းပါဆိုရင် ဒီဆုပဲကျွန်တော်တောင်းမယ်။ မြန်မာပြည်ကိုချစ်လို့ မြန်မာပြည်မှာပဲသေတဲ့အထိနေမယ်။ အဲ့ဒါထက်

မိဘတွေကိုထားခဲ့ပြီး ဘယ်နိုင်ငံမှမသွားချင်ဘူးဗျာ။ဒါကြောင့် မြန်မာတစ်ပြည်လုံးနဲ့ အခြားနိုင်ငံတော်တော်များများရောက်ဖူးပြီး ဒေသတိုင်းရဲ့ အသက်မွေးဝမ်းကြောင်းနဲ့လူနေမှုဘဝတွေတွေ့မြင်ခဲ့ပေမယ့် အသက်အရွယ်တစ်ခုရလာရင် အနုပညာအလုပ်တွေရပ်ပြီး မိသားစုနဲ့အတူ မြိတ်မြို့လေးမှာအခြေသွားချဖို့စဉ်းစားထားတယ်”လို့ ဆိုပါတယ်။ နိုင်းဝမ်းအနေနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ ပိုက်ဆံ စုနေတယ်လို့ ပြောပါတယ်။ စီးပွားရေး တစ်ခုအနေနဲ့ မြိတ်မြို့မှာ ကျွန်းဝယ်ပြီး ကိုယ်ပိုင် ကမ်းခြေလေးတစ်ခု တည်ထောင်ချင်တယ် ဆိုတာကို နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီကျော်က

သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ “ပြီးပြည့်စုံတဲ့အရပ်ဒေသဆိုတာ လောကီဘုံမှာမရှိပေမဲ့ တောင်တန်းတွေအောက်က ပင်လယ်ကမ်းခြေဒေသလေးမှာနေရတာကိုကြိုက်တယ်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့အရပ်လဲဖြစ်သလို ဘာသာခြားတွေနဲ့လဲသင့်မြတ်စည်းလုံးကြတာကိုမြင်ခဲ့တယ်၊ စီးပွားရေးလဲထွန်းကားကြတယ်၊ မြိတ်မှာ သူငယ်ချင်းမိတ်ဆွေတွေလဲရှိတယ်၊ သမာအာဇီဝကျတဲ့ခရီးသွားလုပ်ငန်းလေးတစ်ခုလုပ်ချင်တယ်၊ ကိုယ့်စိတ်ကူးထဲရှိသမျှအတိုင်း စီမံခန့်ခွဲမယ်။ မြိတ်ဒေသကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေလုပ်ပြီး

ဖူးခက်ထက်သာအောင်လုပ်ကြည့်ချင်တယ်၊ စိတ်တူကိုယ်တူဝါသနာတူတဲ့ဝန်ထမ်းတွေခန့်ပြီး သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေကိုပါစောင့်ရှောက်ထားချင်တယ်၊သူငယ်ချင်းအပေါင်းအသင်းတွေကိုလွမ်းတဲ့အခါ ကိုယ့်ဒေသကိုအလည်ခေါ်ရင်းပြန်ဆုံချင်တယ်။ ပိုက်ဆံအဆင်ပြေလာရင် ကျွန်းလေးတစ်ကျွန်းဝယ်ပြီး resort လေးတစ်ခုဆောက်ချင်တယ်၊ မိဘတွေအတွက်လဲစိတ်ချရတဲ့အခြေအနေဖြစ်ပြီဆိုရင်၊ စားဝတ်နေရေးပြေလည်ပြီး ကိုယ့်ဆန္ဒဖြစ်တဲ့

ဒီအရာလေးတွေလုပ်ရင်း မိန်းမနဲ့အတူအိုမင်းသွားချင်တယ်” လို့လည်း သူက ဆိုပါတယ်။ နိုင်းဝမ်းဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Source : Cele Yatkwat

Add a Comment

Your email address will not be published. Required fields are marked *