ရန်တွေ့တာတောင် စိတ်မဆိုးပဲ အမိုက်စားတော်ကီတွေနဲ့ ချုပ်ခဲ့တဲ့ ချစ်ခင်ပွန်းကြောင့် ဒေါသပြေခဲ့ရတဲ့ အိမ့်ချစ်





Read in UNICODE

သီချင်းကောင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး အိမ့်ချစ်ကတော့ ဂီတလောကမှာတော့ လူကြီး၊ လူငယ် ပရိသတ်မရွေး ချစ်ခင်အားပေးခြင်းကို ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ အခုဆိုရင် သူမရဲ့ ချစ်သူနဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က

သူမရဲ့မိခင်ရှိရာ မြန်မာပြည်မှာနေထိုင်နေပြီး အိမ့်ချစ်ရဲ့ အမျိုးသားကတော့ သူ့အလုပ်တွေရှိရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သူမထက် အသက် (၃) နှစ်ငယ်ပေမယ့် သူမအပေါ် အရမ်းချစ်ပြီး မျက်နှာတစ်ချက် အညှိုးမခံနိုင်တဲ့ ခင်ပွန်းတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိမ့်ချစ်က

ရန်ဖြစ်ပြီး မချစ်စကားဆိုတဲ့ စကားပြောတာတောင် စိတ်မဆိုးပဲ သူမရဲ့ ဒေါသတွေ ပြေပျောက်သွားအောင် “ရန်တွေဖြစ်နေတာတောင် ငါမင်းကိုချစ်တယ်” ဆိုတဲ့ ခင်ပွန်းသည်ရဲ့ စကားတစ်ခွန်းကြောင့် ဒေါသတွေ လွင့်စင်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သူမအတွက်

အမှန်တကယ် မြတ်နိုးတန်ဖိုးထားရတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်သွားတာ ဝမ်းသာစရာပါပဲနော်။ အိမ့်ချစ်တို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ သက်ဆုံးတိုင်ချစ်နိုင်ပြီး သားသားမီးမီးလေးတွေအများကြီးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Eint Chit’s Facebook

Add a Comment

Your email address will not be published. Required fields are marked *