သိန္း(၂၀) ေက်ာ္တန္ဖိုးရွိ ေနာက္ဆုံးေပၚ အိုင္ဖုန္းနဲ႔ တန္ဖိုးႀကီး မ်က္မွန္တစ္လက္ကို ကိုကိုလို႔ေခၚတဲ့ တစ္ေယာက္ေသာသူဆီက ေမြးေန႔လက္ေဆာင္ ရရွိခဲ့တဲ့ ရတနာဗိုလ္

မ်က္နွာလွလွေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလး ရတနာဗိုလ္ကေတာ့ ဒီဘက္ေခတ္ရဲ့ လူၾကိဳက္မ်ားလွတဲ့ မင္းသမီးတစ္ေယာက္ပါပဲ။ လူေလးလွသလို သရုပ္ေဆာင္လည္းေကာင္းမြန္တဲ့ ရတနာဗုိလ္က ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးျခင္းကို

ခံေနရတာပဲ ျဖစ္ပါတယ္။ ရတနာဗိုလ္ကလည္း ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာေတြကို ခံယူျပီး ပရိသတ္အားေပးရက်ိဳးနပ္တဲ့ အနုပညာရွင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ရတနာဗိုလ္က လူတကာမက္ေမာရတဲ့ တန္ဖိုးၾကီးပစၥည္းေတြကို လက္ေဆာင္ရရိွခဲ့ေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္ My Day မွာ မွ်ေဝထားတာကို

ေတြ့ရပါတယ္။ ရတနာဗိုလ္က “ကိုကို”လို့ ေခၚရတဲ့ တစ္စံုတစ္ေယာက္ေသာဆီက ေနာက္ဆံုးေပၚ iPhone 12၊ ကိုရီးယား Brand မ်က္မွန္တို့ကို လက္ေဆာင္ရရိွခဲ့ေၾကာင္း “ေမြးေန့လက္ေဆာင္ေလးအတြက္ ေက်းဇူးပါ ခိုခို ” ဆိုျပီး ေျပာထားတာပဲ ျဖစ္ပါတယ္။ ရတနာဗိုလ္ကေတာ့ အရြယ္ေရာက္ျပီး လြတ္လပ္သူတစ္ေယာက္ပီပီ

ခ်စ္သူရည္းစားရိွတာ ပရိသတ္ၾကီးက အျပစ္ျမင္မယ္ မထင္ပါဘူးေနာ္။ ပရိသတ္ၾကီးလည္း အခ်စ္ခံ၊ ဂရုစိုက္ခံရတဲ့ ရတနာဗိုလ္ေလးကို အားက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး ရတနာဗိုလ်ကတော့ ဒီဘက်ခေတ်ရဲ့ လူကြိုက်များလှတဲ့ မင်းသမီးတစ်ယောက်ပါပဲ။ လူလေးလှသလို သရုပ်ဆောင်လည်းကောင်းမွန်တဲ့ ရတနာဗိုလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို

ခံနေရတာပဲ ဖြစ်ပါတယ်။ ရတနာဗိုလ်ကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူပြီး ပရိသတ်အားပေးရကျိုးနပ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရတနာဗိုလ်က လူတကာမက်မောရတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လက်ဆောင်ရရှိခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ မျှဝေထားတာကို

တွေ့ရပါတယ်။ ရတနာဗိုလ်က “ကိုကို”လို့ ခေါ်ရတဲ့ တစ်စုံတစ်ယောက်သောဆီက နောက်ဆုံးပေါ် iPhone 12၊ ကိုရီးယား Brand မျက်မှန်တို့ကို လက်ဆောင်ရရှိခဲ့ကြောင်း “မွေးနေ့လက်ဆောင်လေးအတွက် ကျေးဇူးပါ ခိုခို ” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။ ရတနာဗိုလ်ကတော့ အရွယ်ရောက်ပြီး လွတ်လပ်သူတစ်ယောက်ပီပီ

ချစ်သူရည်းစားရှိတာ ပရိသတ်ကြီးက အပြစ်မြင်မယ် မထင်ပါဘူးနော်။ ပရိသတ်ကြီးလည်း အချစ်ခံ၊ ဂရုစိုက်ခံရတဲ့ ရတနာဗိုလ်လေးကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Yadanar Bo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *