မိန္းမကစက္ခ်ဳပ္ ကိုယ္တိုင္က ေစ်းေရာင္းေနရၿပီး တစ္ေန႔ကို(၅၀၀၀)ေတာင္ မရတဲ့ေန႔ေတြလဲရွိတယ္ဆိုၿပီး စားဝတ္ေနေရး အခက္အခဲေတြကို ရင္ဖြင့္ခဲ့တဲ့ ၿဖိဳးေက်ာ္ထိုက္

ၿဖိဳးေက်ာ္ထိုက္ကေတာ့ ဇနီး၊ သားသမီး ႏွစ္ေယာက္နဲ႔အတူ ကိုယ္ပိုင္မိသားစုဘဝေလးကို တည္ေဆာက္ထားတာပါ။ ကိုဗစ္ကာလေၾကာင့္ စားဝတ္ေနေရး အဆင္ေျပတဲ့ အခ်ိန္မွာ ေဈးေရာင္းေနရသလို ဇနီးျဖစ္သူကလည္း စက္ခ်ဳပ္ေနတယ္ ဆိုၿပီးေတာ့ လက္ရွိ မိသားစု႐ုန္းကန္ေနရတဲ့ အခက္အခဲေလးကို ေျပာခဲ့ပါတယ္။ “ အခုခ်ိန္မွာ စားဝတ္ေနေရး ေျပလည္တဲ့ လူေတြနဲ႔ မေျပလည္တဲ့သူေတြဆိုၿပီးရွိတယ္။ ကြၽန္ေတာ္ကေတာ့ မေျပလည္တဲ့သူေတြထဲမွာပါတယ္ ဒါေၾကာင့္ ေဈးေရာင္းေနရတာေပါ့

တစ္ေန႔ကိုမွ ၅၀၀၀ ပဲရတာ။ တစ္ခါတေလ ၅၀၀၀ ေတာင္မရဘူး။ မိန္းမက စက္ခ်ဳပ္တယ္၊ မိန္းမ စက္ခ်ဳပ္တဲ့ အတိုင္းအတာမွာ ဘာမွ မျဖစ္လာဘူးဆိုရင္ မေန႔က က်န္တဲ့ဟင္းနဲ႔ ထမင္းစားရတယ္။ အိမ္မွာ စားစရာမရွိရင္ အေမက အိမ္မွာ ဟင္းလာယူ၊ သူ႔အိမ္မွာ ဟင္းမရွိရင္ေနပါေစ သားသမီးအိမ္အတြက္ ဟင္းတစ္ခြက္ အၿမဲေပးေလ့ရွိတယ္။ အဲဒီလို ဘဝျဖစ္ေနတာပါ။ မိဘရွိလို႔ ကံေကာင္းတယ္ေပါ့ဗ်ာ” လို႔ သူက

ဆိုပါတယ္။ မိသားစုရဲ႕ စားဝတ္ေနေရးအခက္အခဲ တခ်ိဳ႕ကို ေျဖရွင္းေပးတဲ့ မိခင္ျဖစ္သူကိုလည္း ၿဖိဳးေက်ာ္ထိုက္က ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ အခုလို အခက္အခဲျဖစ္ေနခ်ိန္မွာ သမာအာဇီဝက်တဲ့ အလုပ္ကို လုပ္ေနရတာ စိတ္ဓာတ္က်ဖို႔ မလိုဘူးလို႔ ဆိုပါတယ္။ “ ဒီေခတ္ႀကီးမွာ ဘယ္သူမွ အဆင္ေျပတာ မဟုတ္ဘူးေလ။ ကြၽန္ေတာ္ဆိုလည္း မိဘေက်းဇူးဆိုတာကို အေမ့ရဲ႕ ေျခဖဝါးေအာက္က ျမဴမႈန္ တစ္မႈန္စာေလာက္ပဲ

ေက်ေသးတယ္လို႔ျမင္တယ္။ မေျပလည္တဲ့ အတြက္ေၾကာင့္လည္း စိတ္ဓာတ္က်ေနစရာေတာ့ မလိုဘူး။ သမာအာဇီဝက်က် အလုပ္လုပ္တယ္။ ဘဲဥနဲ႔ စားရ စားရ၊ ငါးပိရည္နဲ႔ စားရ စားရ၊ ကန္စြန္း႐ြက္နဲ႔ စားရ စားရ အဓိက ကေတာ့ ဗိုက္ျပည့္ဖို႔ပဲ။ စိတ္ဓာတ္က်ေနစရာလည္း မလိုဘူး။ အဆင္ေျပေအာင္ အလုပ္အကိုင္ အခြင့္အလမ္းေတြလည္း မ်ားမ်ားရေစခ်င္တယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ၿဖိဳးေက်ာ္ထိုက္ကေတာ့ Melody World သီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို

စတင္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ အေနနဲ႔ တစ္ကိုယ္ေတာ္ အေခြေတြလည္း ထြက္ရွိခဲ့သူျဖစ္သလို Single Song ေတြလည္း အမ်ားႀကီး ထြက္ရွိခဲ့တာ ေတြ႕ရပါတယ္။ သူကိုယ္တိုင္ သီဆိုထားတဲ့” သစၥာမရွိတဲ့ သစၥာ” ဆိုတဲ့ သီခ်င္းက ၿဖိဳးေက်ာ္ထိုက္အတြက္ေတာ့ ပရိသတ္အခိုင္အမာ ရရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။ အဲဒီေနာက္ The Voice Myanmar ( Season 3) ကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ ေတြ႕ရၿပီး The Knockouts Round မွာတင္ ႏႈတ္ဆက္ထြက္ခြာခဲ့ရသူပါ။

Read in UNICODE

ဖြိုးကျော်ထိုက်ကတော့ ဇနီး၊ သားသမီး နှစ်ယောက်နဲ့အတူ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ ကိုဗစ်ကာလကြောင့် စားဝတ်နေရေး အဆင်ပြေတဲ့ အချိန်မှာ ဈေးရောင်းနေရသလို ဇနီးဖြစ်သူကလည်း စက်ချုပ်နေတယ် ဆိုပြီးတော့ လက်ရှိ မိသားစုရုန်းကန်နေရတဲ့ အခက်အခဲလေးကို ပြောခဲ့ပါတယ်။ “ အခုချိန်မှာ စားဝတ်နေရေး ပြေလည်တဲ့ လူတွေနဲ့ မပြေလည်တဲ့သူတွေဆိုပြီးရှိတယ်။ ကျွန်တော်ကတော့ မပြေလည်တဲ့သူတွေထဲမှာပါတယ် ဒါကြောင့် ဈေးရောင်းနေရတာပေါ့

တစ်နေ့ကိုမှ ၅၀၀၀ ပဲရတာ။ တစ်ခါတလေ ၅၀၀၀ တောင်မရဘူး။ မိန်းမက စက်ချုပ်တယ်၊ မိန်းမ စက်ချုပ်တဲ့ အတိုင်းအတာမှာ ဘာမှ မဖြစ်လာဘူးဆိုရင် မနေ့က ကျန်တဲ့ဟင်းနဲ့ ထမင်းစားရတယ်။ အိမ်မှာ စားစရာမရှိရင် အမေက အိမ်မှာ ဟင်းလာယူ၊ သူ့အိမ်မှာ ဟင်းမရှိရင်နေပါစေ သားသမီးအိမ်အတွက် ဟင်းတစ်ခွက် အမြဲပေးလေ့ရှိတယ်။ အဲဒီလို ဘဝဖြစ်နေတာပါ။ မိဘရှိလို့ ကံကောင်းတယ်ပေါ့ဗျာ” လို့ သူက

ဆိုပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအခက်အခဲ တချို့ကို ဖြေရှင်းပေးတဲ့ မိခင်ဖြစ်သူကိုလည်း ဖြိုးကျော်ထိုက်က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလို အခက်အခဲဖြစ်နေချိန်မှာ သမာအာဇီဝကျတဲ့ အလုပ်ကို လုပ်နေရတာ စိတ်ဓာတ်ကျဖို့ မလိုဘူးလို့ ဆိုပါတယ်။ “ ဒီခေတ်ကြီးမှာ ဘယ်သူမှ အဆင်ပြေတာ မဟုတ်ဘူးလေ။ ကျွန်တော်ဆိုလည်း မိဘကျေးဇူးဆိုတာကို အမေ့ရဲ့ ခြေဖဝါးအောက်က မြူမှုန် တစ်မှုန်စာလောက်ပဲ

ကျေသေးတယ်လို့မြင်တယ်။ မပြေလည်တဲ့ အတွက်ကြောင့်လည်း စိတ်ဓာတ်ကျနေစရာတော့ မလိုဘူး။ သမာအာဇီဝကျကျ အလုပ်လုပ်တယ်။ ဘဲဥနဲ့ စားရ စားရ၊ ငါးပိရည်နဲ့ စားရ စားရ၊ ကန်စွန်းရွက်နဲ့ စားရ စားရ အဓိက ကတော့ ဗိုက်ပြည့်ဖို့ပဲ။ စိတ်ဓာတ်ကျနေစရာလည်း မလိုဘူး။ အဆင်ပြေအောင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များများရစေချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို

စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆိုထားတဲ့” သစ္စာမရှိတဲ့ သစ္စာ” ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီနောက် The Voice Myanmar ( Season 3) ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပြီး The Knockouts Round မှာတင် နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *