အမြဲလိုဖြစ်သလိုနေတဲ့ သူမကို မိန်းမ မပီသဘူးလို့ ဝေဖန်ကဲ့ရဲ့သူတစ်ဦးကို ပညာသားပါပါ တုံ့ပြန်ခဲ့တဲ့ အဆိုတော် G






Read in UNICODE

သက်ရတနာကျော်ဝင်း ( ခေါ် ) G ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ

ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့်မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ စတင်နာမည်ရလာစဉ်ကတည်းက ဝေဖန်ခံရမှုတွေရှိနေခဲ့ပေမယ့် G ကတော့

ဂရုမစိုက်ပဲ သူမအနေနဲ့ လုပ်စရာရှိတာသာ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောကြားထားခဲ့တာပါ ဒီနေ့မှာတော့ သူမအား ” ကိုယ့်ကျင့်တရားတွေဘာတွေညာတွေမပြောလိုဘူး။မိန်းမဆိုတာ သန့်သန့်ရှင်းရှင်းသပ်ရပ်ရပ်နေထိုင်တတ်မှ မိန်းမပီသတာ။ ကြည့်လိုက်တိုင်း”ဆိုတဲ့ ပြစ်တင်ဝေဖန်တဲ့

မှတ်ချက်တစ်ခုကို Gကတော့ ပညာသားပါပါပြန်လည်မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ “ညီမက ကိုယ့်ကိုကိုယ် မိန်းမပီသတယ် လို့ပြောဖူးလို့လားဟင် ”ဆိုတဲ့မေးခွန်းကိုပြန်လည်မေးခဲ့တာဖြစ်ပြီး သူမအနေနဲ့

မိန်းမပီသတယ်လို့ကိုယ့်ကိုယ်ကိုယ်မပြောထားမိကြောင်းပြောပြ ခဲ့တာဖြစ်ပါတယ် G ကတော့ သူမကို ဝေဖန်လာသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ခဲ့တဲ့အတွက် လူအများရဲ့ ချီးကျူးမှုကို ရရှိနေတာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Source : G Vocals’s Facebook

Add a Comment

Your email address will not be published. Required fields are marked *