မ်က္လုံးသာ ျပန္မေကာင္းခဲ့ရင္ မင္းသားဘဝကို လုံးဝစြန႔္လႊတ္ရေတာ့မယ္လို႔ ရင္ဖြင့္ခဲ့တဲ့ ရဲတိုက္

ပရိသတ္ႀကီးတို႔ေရ ျပည္သူ႔အခ်စ္ေတာ္ သ႐ုပ္ေဆာင္ရဲတိုက္ကေတာ့ သူ႔ရဲ႕ပီျပင္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ ပရိသတ္ရဲ႕ ခ်စ္ခင္ေလးစားမႈကို ႏွစ္ေပါင္းမ်ားစြာ လက္ခံရရွိထားသူတစ္ဦးပဲ ျဖစ္ပါတယ္။ ရဲတိုက္အေနနဲ႔ အထဲကေနျပန္လည္လြတ္ေျမာက္ၿပီး ေနာက္ပိုင္းမွာ ႐ုပ္ရွင္ကားႀကီးေတြ ျပန္လည္႐ိုက္ကူးလာတာကို ေတြ႕ရၿပီး စိတ္က်န္းမာေရးအရေသာ္လည္းေကာင္း ႐ုပ္က်န္းမာေရးအရေသာ္လည္းေကာင္း ေဆးကုသခံခဲ့ရတဲ့အေနအထားတစ္ခု ျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ရဲတိုက္တစ္ေယာက္ သူ႔အေနနဲ႔ မ်က္လုံးသာျပန္မေကာင္းခဲ့ဘူးဆိုရင္ မင္းသားဘဝကို စြန႔္လႊတ္ရေတာ့မယ္ဆိုၿပီး ရင္ဖြင့္ေျဖၾကားခဲ့တာပဲ ျဖစ္ပါတယ္။  အင္တာဗ်ဴးေလးရဲ႕ အစပိုင္းမွေတာ့ ရဲတိုက္ရဲ႕ ပရိသတ္ေရွ႕ေတာ္ေမွာက္ ျပန္ေရာက္ေအာင္ လာေနတဲ့ ခရီးစဥ္တစ္ေလွ်ာက္ ပိုၿပီး ခရီးေရာက္ဖို႔အတြက္ အဘက္ဘက္ကေန ပရိသတ္ရဲ႕ရင္ဘတ္ထဲကို ေရာက္ရွိဖို႔အတြက္ သီခ်င္းေတြပါ လုပ္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။ 

ပရိသတ္အေနနဲ႔ အခုခ်ိန္ထိ ဆက္လက္ခ်စ္ခင္ေပးေနတဲ့ အေပၚမွာလည္း ရဲတိုက္က ေက်းဇူးတင္ေနၿပီး ရဲတိုက္ေနရာမွာသာ အျခားတစ္ေယာက္သာဆိုရင္ ဒီလိုလူဆိုးေလးတစ္ေယာက္ကို ပရိသတ္က ဆက္ခ်စ္ေပးႏိုင္မွာ မဟုတ္ဘူးလို႔ ရဲတိုက္က ျမင္ပါတယ္။ အခုလို နားလည္ခြင့္လႊတ္ေပးႏိုင္တဲ့ ပရိသတ္ေတြဟာဆိုရင္ အခ်ိဳ႕ေသာ ရဲတိုက္အေပၚ နားမလည္၊ ခြင့္မလႊတ္ႏိုင္သူေတြကို ရဲတိုက္ဘက္ကေန ျပန္လည္ရွင္းျပေပးတတ္လို႔ သူ႔ကိုယ္သူ ပရိသတ္ရတာ အရမ္းကံေကာင္းသူ တစ္ယာက္လို႔ ရဲတိုက္က ေျပာပါတယ္။  ရဲတိုက္အေနနဲ႔လည္း အခုလက္ရွိပရိသတ္နဲ႔တင္ အခ်စ္ခံရတာ လုံေလာက္ေနေသာ္ျငားလည္း မင္းသားတစ္ေယာက္အေနနဲ႔ေတာ့ ပရိသတ္မ်ားမ်ား အားေပးတာကို ခံခ်င္တယ္လို႔ ရဲတိုက္က ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။ 

က်န္းမာေရးအေနနဲ႔ကေတာ့ ဟိုတေလာကပဲ အေၾကာေတြလိုက္၊ မ်က္လုံးေတြမွတ္က်သြားတဲ့အထိ ဆိုးဆိုး႐ြား႐ြား ျဖစ္သြားခဲ့ေပမယ့္ အခုလိုျပန္ေကာင္းလာတဲ့ အေျခအေနေရာက္ေအာင္ အမ်ားႀကီး ျဖတ္သန္းခဲ့ရတယ္လို႔ ရဲတိုက္က ေျပာပါတယ္။ အခုဆိုရင္ ရဲတိုက္ဟာ ဇာတ္ကားေတြ ျပန္လည္႐ိုက္ကူးႏိုင္တဲ့ အေျခအေနတစ္ခုကို ျပန္လည္ ေရာက္ရွိေနၿပီး ပန္းခ်ီေတြလည္း ဆြဲေနႏိုင္တဲ့အတြက္ အားလုံးလုပ္လို႔ ရတဲ့အထိ အဆင္ေျပေနၿပီလို႔ ရဲတိုက္က ေျပာျပပါတယ္။  သို႔ေသာ္လည္း စိတ္ဓာတ္ေတြကေတာ့ အႀကိမ္ႀကိမ္က်ေနရၿပီး မူးယစ္ေဆးႏြံနစ္ခဲ့ဖူးသူေတြရဲ႕ ထုံးစံအတိုင္း ေကာက္႐ိုးေလးတစ္မွ်င္စာ ေမွ်ာ္လင့္ခ်က္ေလးေတြ႕ရွိလာလို႔ ဆြဲကိုင္လိုက္ရင္း ေကာက္႐ိုးမွ်င္ေလး ျပတ္သြားရင္းနဲ႔ အဖန္တလဲလဲ ခံစားေနရၿပီး မူးယစ္ေဆးျဖတ္ျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုလည္း ခံေနရတယ္လို႔ ရဲတိုက္က ရင္ဖြင့္ေျပာျပလာပါတယ္။ 

အခုလို မူးယစ္ႏြံထဲက ႐ုန္းထြက္ရာမွာ ပ်က္စီးသြားတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ရွိခဲ့ၿပီး မ်က္လုံးထိခိုက္ခဲ့မိေသာ္လည္း ျပန္လည္ေကာင္းမြန္လာတဲ့အတြက္ သူ႔အေနနဲ႔ အမ်ားႀကီးကံေကာင္းတယ္လို႔ ေျပာရမွာျဖစ္ၿပီး မ်က္လုံးသာ ျပန္မေကာင္းခဲ့ဘူးဆိုရင္ မင္းသားဘဝကို စြန႔္လႊတ္ခဲ့ရႏိုင္တယ္လို႔ မင္းသားရဲတိုက္က ေၾကကြဲေဆြးနင့္ဖြယ္ ေျပာျပပါတယ္။  ဂနာမၿငိမ္တဲ့ ခႏၶာကိုယ္လကၡဏာေတြကိုလည္း ရဲတိုက္အေနနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အခုဆို ဂနာၿငိမ္ၿငိမ္နဲ႔ ေမးခြန္းေတြကို ေျဖၾကားႏိုင္ခဲ့တဲ့အထိ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီလို႔ ရဲတိုက္က ေျပာျပပါတယ္။  ရဲတိုက္အေနနဲ႔ အခုလို ျပန္လည္ထူေထာင္ေရး ကာလမွာေတာ့ အခက္အခဲအားလုံးကို အပတ္တကုတ္ ႀကိဳးစားရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

ပရိသတ္ႀကီးတို႔ေရ ရဲတိုက္ကေတာ့ မည္သို႔ေသာ အႏုပညာကိစၥရပ္ေတြမဆို ႏွလုံးသားကို အေျခတည္ၿပီး ျပဳလုပ္လို႔ရွိတယ္လို႔ ဆိုထားၿပီး အရမ္းခက္ခဲတဲ့ ကာလ၊ ေဒသနဲ႔ အေျခအေနေတြ ၾကားထဲမွာ ဒီႏွလုံးသားေလးကို မာေၾကာမသြားေအာင္ ထိန္းသိန္းခဲ့ရတယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္ ေျဖဆိုေပးခဲ့ပါတယ္။  ဒီအင္တာဗ်ဴးေလးနဲ႔ ပတ္သတ္လို႔ ပရိသတ္ေတြဆီက ထင္ျမင္ခ်က္ေလးေတြကိုလည္း ၾကားသိလိုပါတယ္ေနာ္။ 

Read in UNICODE

ပရိသတ်ကြီးတို့ရေ ပြည်သူ့အချစ်တော် သရုပ်ဆောင်ရဲတိုက်ကတော့ သူ့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်ရဲ့ ချစ်ခင်လေးစားမှုကို နှစ်ပေါင်းများစွာ လက်ခံရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ရဲတိုက်အနေနဲ့ အထဲကနေပြန်လည်လွတ်မြောက်ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ ပြန်လည်ရိုက်ကူးလာတာကို တွေ့ရပြီး စိတ်ကျန်းမာရေးအရသော်လည်းကောင်း ရုပ်ကျန်းမာရေးအရသော်လည်းကောင်း ဆေးကုသခံခဲ့ရတဲ့အနေအထားတစ်ခု ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ရဲတိုက်တစ်ယောက် သူ့အနေနဲ့ မျက်လုံးသာပြန်မကောင်းခဲ့ဘူးဆိုရင် မင်းသားဘဝကို စွန့်လွှတ်ရတော့မယ်ဆိုပြီး ရင်ဖွင့်ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။  အင်တာဗျူးလေးရဲ့ အစပိုင်းမှတော့ ရဲတိုက်ရဲ့ ပရိသတ်ရှေ့တော်မှောက် ပြန်ရောက်အောင် လာနေတဲ့ ခရီးစဉ်တစ်လျှောက် ပိုပြီး ခရီးရောက်ဖို့အတွက် အဘက်ဘက်ကနေ ပရိသတ်ရဲ့ရင်ဘတ်ထဲကို ရောက်ရှိဖို့အတွက် သီချင်းတွေပါ လုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။ 

ပရိသတ်အနေနဲ့ အခုချိန်ထိ ဆက်လက်ချစ်ခင်ပေးနေတဲ့ အပေါ်မှာလည်း ရဲတိုက်က ကျေးဇူးတင်နေပြီး ရဲတိုက်နေရာမှာသာ အခြားတစ်ယောက်သာဆိုရင် ဒီလိုလူဆိုးလေးတစ်ယောက်ကို ပရိသတ်က ဆက်ချစ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ရဲတိုက်က မြင်ပါတယ်။ အခုလို နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ ပရိသတ်တွေဟာဆိုရင် အချို့သော ရဲတိုက်အပေါ် နားမလည်၊ ခွင့်မလွှတ်နိုင်သူတွေကို ရဲတိုက်ဘက်ကနေ ပြန်လည်ရှင်းပြပေးတတ်လို့ သူ့ကိုယ်သူ ပရိသတ်ရတာ အရမ်းကံကောင်းသူ တစ်ယာက်လို့ ရဲတိုက်က ပြောပါတယ်။  ရဲတိုက်အနေနဲ့လည်း အခုလက်ရှိပရိသတ်နဲ့တင် အချစ်ခံရတာ လုံလောက်နေသော်ငြားလည်း မင်းသားတစ်ယောက်အနေနဲ့တော့ ပရိသတ်များများ အားပေးတာကို ခံချင်တယ်လို့ ရဲတိုက်က ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

ကျန်းမာရေးအနေနဲ့ကတော့ ဟိုတလောကပဲ အကြောတွေလိုက်၊ မျက်လုံးတွေမှတ်ကျသွားတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ပေမယ့် အခုလိုပြန်ကောင်းလာတဲ့ အခြေအနေရောက်အောင် အများကြီး ဖြတ်သန်းခဲ့ရတယ်လို့ ရဲတိုက်က ပြောပါတယ်။ အခုဆိုရင် ရဲတိုက်ဟာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနိုင်တဲ့ အခြေအနေတစ်ခုကို ပြန်လည် ရောက်ရှိနေပြီး ပန်းချီတွေလည်း ဆွဲနေနိုင်တဲ့အတွက် အားလုံးလုပ်လို့ ရတဲ့အထိ အဆင်ပြေနေပြီလို့ ရဲတိုက်က ပြောပြပါတယ်။  သို့သော်လည်း စိတ်ဓာတ်တွေကတော့ အကြိမ်ကြိမ်ကျနေရပြီး မူးယစ်ဆေးနွံနစ်ခဲ့ဖူးသူတွေရဲ့ ထုံးစံအတိုင်း ကောက်ရိုးလေးတစ်မျှင်စာ မျှော်လင့်ချက်လေးတွေ့ရှိလာလို့ ဆွဲကိုင်လိုက်ရင်း ကောက်ရိုးမျှင်လေး ပြတ်သွားရင်းနဲ့ အဖန်တလဲလဲ ခံစားနေရပြီး မူးယစ်ဆေးဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ခံနေရတယ်လို့ ရဲတိုက်က ရင်ဖွင့်ပြောပြလာပါတယ်။ 

အခုလို မူးယစ်နွံထဲက ရုန်းထွက်ရာမှာ ပျက်စီးသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိခဲ့ပြီး မျက်လုံးထိခိုက်ခဲ့မိသော်လည်း ပြန်လည်ကောင်းမွန်လာတဲ့အတွက် သူ့အနေနဲ့ အများကြီးကံကောင်းတယ်လို့ ပြောရမှာဖြစ်ပြီး မျက်လုံးသာ ပြန်မကောင်းခဲ့ဘူးဆိုရင် မင်းသားဘဝကို စွန့်လွှတ်ခဲ့ရနိုင်တယ်လို့ မင်းသားရဲတိုက်က ကြေကွဲဆွေးနင့်ဖွယ် ပြောပြပါတယ်။  ဂနာမငြိမ်တဲ့ ခန္ဓာကိုယ်လက္ခဏာတွေကိုလည်း ရဲတိုက်အနေနဲ့ ကြုံတွေ့ခဲ့ရပြီး အခုဆို ဂနာငြိမ်ငြိမ်နဲ့ မေးခွန်းတွေကို ဖြေကြားနိုင်ခဲ့တဲ့အထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ ရဲတိုက်က ပြောပြပါတယ်။  ရဲတိုက်အနေနဲ့ အခုလို ပြန်လည်ထူထောင်ရေး ကာလမှာတော့ အခက်အခဲအားလုံးကို အပတ်တကုတ် ကြိုးစားရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ ရဲတိုက်ကတော့ မည်သို့သော အနုပညာကိစ္စရပ်တွေမဆို နှလုံးသားကို အခြေတည်ပြီး ပြုလုပ်လို့ရှိတယ်လို့ ဆိုထားပြီး အရမ်းခက်ခဲတဲ့ ကာလ၊ ဒေသနဲ့ အခြေအနေတွေ ကြားထဲမှာ ဒီနှလုံးသားလေးကို မာကြောမသွားအောင် ထိန်းသိန်းခဲ့ရတယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို နိဂုံးချုပ် ဖြေဆိုပေးခဲ့ပါတယ်။  ဒီအင်တာဗျူးလေးနဲ့ ပတ်သတ်လို့ ပရိသတ်တွေဆီက ထင်မြင်ချက်လေးတွေကိုလည်း ကြားသိလိုပါတယ်နော်။ 

Source : PP

Add a Comment

Your email address will not be published. Required fields are marked *