ဖြူစင်တဲ့သဒ္ဒါစိတ်နဲ့ အလှူလုပ်ပြီးနောက် ချက်ချင်း စေတနာရောင်ပြန်ဟပ်ခဲ့တဲ့ သူမရဲ့အဖြစ်ကို ပြောပြခဲ့တဲ့ ဇာဇာထက်





Read in UNICODE

မော်ဒယ်တစ်ယောက် အဖြစ်နဲ့ သူမရဲ့လမ်းကြောင်းပေါ်မှာ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ ဇာဇာထက်တစ်ယောက် ကိုယ့်အလုပ်အပေါ်မှာ လည်းတာဝန်ကျေသလို တစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ်နဲ့ Online Shop

တစ်ခုလည်းထောင်ထားပါသေးတယ်။ ဆုံးပါးသွားတဲ့ မိခင်အတွက်အလှူတွေလုပ်သလို ကာလဒါနလေးတွေလည်း မကြာခဏဆိုသလို လုပ်တတ်ပါသေးတယ်။စေတနာအကျိုးပေးတယ်လို့ပဲဆိုရမလား သူမရဲ့သဒ္ဓါစိတ်ကြောင့် ဖြူဖြူစင်စင် လှူဒါန်းမှုအပြီးမှာ သူမအတွက်ဆိုပြီး shiseido set

လက်ဆောင်လာပေးခဲ့သလို သူမဆီက အားပေးသူတစ်ယောက်ကလည်း ဆရာလေးတွေကို ပိုက်ဆံအသစ်လေးတွေလှူတတ်တဲ့ ဇာ့အတွက်ဆိုပြီး ပစ္စည်ငွေရှင်းတဲ့အခါ တစ်ထောင်တန်အသစ်အုပ်လိုက်ပေးသွားခဲ့ပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် စေတနာသန့်သန့်နဲ့လုပ်မယ်ဆိုရင်

အကျိုးပေးကောင်းပါတယ်။ အတိတ်မှာဘယ်လိုအဖြစ်ဆိုးတွေရှိခဲ့ပါစေ မဇာကတော့ သတ္တိရှိရှိနဲ့ ဘဝကို အကောင်းမွန်ဆုံး ဖြတ်သန်းနေပြီး ကိုယ်ပိုင်ဘဝမှာလည်း နေပျော်ကာကျေနပ်ပျော်ရွှင်နေတာတော့ အမှန်ပါပဲ။

Source : Zar Zar Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *