ရည္းစားေဟာင္းျဖစ္သူ နန္းဆုရတီစိုးနဲ႔ ျပန္အဆင္ေျပေနၿပီလားလို႔ ပရိသတ္ေတြထင္ေနၾကတဲ့အေပၚ အေျပာင္ေလးေတြေျပာခဲ့တဲ့ G Fatt

G Fatt နဲ႔ နန္းဆုတို႔ႏွစ္ေယာက္ဟာ ခ်စ္သက္တမ္း (၂) ႏွစ္ေက်ာ္အထိတြဲလက္ေတြၿမဲခဲ့ၾကၿပီး အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ လမ္းခြဲခဲ့ရေပမယ့္ လက္ရွိမွာေတာ့ ရွိလက္စသံေယာဇဥ္ ေတြ

ျပန္ၿပီးအသက္ဝင္ေနသလားလို႔ အားလုံးကထင္ေၾကးေပးေနၾကပါ တယ္။ အၿမဲလိုလို ဘုံေက်ာင္းက နဂါးေလးလို႔စတိုင္း မသိက်ိဳးကြၽံျပဳတတ္တဲ့ G Fatt ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကတည္း သူကိုယ္တိုင္

အားလုံးနဲ႔အျပန္အလွန္စေနာက္လာခဲ့ပါတယ္။ နန္းဆုကလည္း သူမရဲ႕ပုံလွလွေလးေအာက္မွာ G Fatt နဲ႔ ပတ္သက္တဲ့ ခပ္ေနာက္ေနာက္ မွတ္ခ်က္ေလးေတြကို အရင္လိုလ်စ္လ်ဴမရႈ ေတာ့ဘဲ ျပန္ၿပီးစေနာက္ေနတာေတာ့

ႏွစ္ေယာက္ၾကားမွာ တစ္ခုခုျပန္ၿပီးခ်ိတ္ဆက္မိသလားဆိုတာ ေတြးစရာပါ။ ပရိသတ္ေတြ ကေတာ့ ႏွစ္ေယာက္သားကို အရင္လိုခ်စ္ခ်စ္ခင္ခင္ ျပန္ျမင္ခ်င္ၾကပါၿပီ။ ဒီေန႔မွာလည္း G Fatt က သူ႔ရဲ႕ပုံေလးတစ္ခုကို ” နာရီၾကည့္တာၿပီးဦးမွာလား

နဂါးေလး (ဘယ္သူ႔မွမမန႔္ခင္ ကိုယ့္ဘာကိုယ္မန႔္တာ) ” ဆိုၿပီး စစေနာက္ေနာက္နဲ႔ တင္လိုက္ျပန္ပါတယ္။ ပရိသတ္ေတြကေတာ့ သို႔ေလာ သို႔ေလာမွတ္ခ်က္ေတြအမ်ားအျပား ေပးေနခဲ့ၾကပါ တယ္။ ပရိသတ္ႀကီးရဲ႕သေဘာကေရာ။

Read in UNICODE

G Fatt နဲ့ နန်းဆုတို့နှစ်ယောက်ဟာ ချစ်သက်တမ်း (၂) နှစ်ကျော်အထိတွဲလက်တွေမြဲခဲ့ကြပြီး အခြေအနေအကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ရပေမယ့် လက်ရှိမှာတော့ ရှိလက်စသံယောဇဉ် တွေ

ပြန်ပြီးအသက်ဝင်နေသလားလို့ အားလုံးကထင်ကြေးပေးနေကြပါ တယ်။ အမြဲလိုလို ဘုံကျောင်းက နဂါးလေးလို့စတိုင်း မသိကျိုးကျွံပြုတတ်တဲ့ G Fatt ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်း သူကိုယ်တိုင်

အားလုံးနဲ့အပြန်အလှန်စနောက်လာခဲ့ပါတယ်။ နန်းဆုကလည်း သူမရဲ့ပုံလှလှလေးအောက်မှာ G Fatt နဲ့ ပတ်သက်တဲ့ ခပ်နောက်နောက် မှတ်ချက်လေးတွေကို အရင်လိုလျစ်လျူမရှု တော့ဘဲ ပြန်ပြီးစနောက်နေတာတော့

နှစ်ယောက်ကြားမှာ တစ်ခုခုပြန်ပြီးချိတ်ဆက်မိသလားဆိုတာ တွေးစရာပါ။ ပရိသတ်တွေ ကတော့ နှစ်ယောက်သားကို အရင်လိုချစ်ချစ်ခင်ခင် ပြန်မြင်ချင်ကြပါပြီ။ ဒီနေ့မှာလည်း G Fatt က သူ့ရဲ့ပုံလေးတစ်ခုကို ” နာရီကြည့်တာပြီးဦးမှာလား

နဂါးလေး (ဘယ်သူ့မှမမန့်ခင် ကိုယ့်ဘာကိုယ်မန့်တာ) ” ဆိုပြီး စစနောက်နောက်နဲ့ တင်လိုက်ပြန်ပါတယ်။ ပရိသတ်တွေကတော့ သို့လော သို့လောမှတ်ချက်တွေအများအပြား ပေးနေခဲ့ကြပါ တယ်။ ပရိသတ်ကြီးရဲ့သဘောကရော။

Source : G Fatt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *