တိုးတက္ေကာင္းမြန္လာတဲ့ က်န္းမာေရးအေျခအေနေၾကာင့္ ေဆးရံုဆင္းခြင့္ရခဲ့ၿပီျဖစ္တဲ့ ေဗလုဝ

ေဗလုဝကေတာ့ ပင္လုံေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူၿပီးတဲ့ေနာက္ ႏိုဝင္ဘာလ ၂၁ ရက္ေန႔ဆိုရင္ ေဆး႐ုံဆင္းခြင့္ရေတာ့မွာ ျဖစ္ပါတယ္။သူ႔ရဲ႕လက္ရွိ က်န္းမာေရး အေျခအေနကိုေတာ့ သူ႔ရဲ႕ ဇနီးျဖစ္သူက ေျပာျပခဲ့ပါတယ္။ “ ဦးေဗရဲ႕ က်န္းမာေရးအေျခအေနကေတာ့ အခုေကာင္းလာၿပီ။ မနက္ျဖန္ဆို ေဆး႐ုံကေန ဆင္းရေတာ့မယ္။ အခု စကားေတြလည္း အကုန္ေျပာႏိုင္တယ္။ စကားကေတာ့

ေဆး႐ုံစတတ္ကတည္းက ေျပာႏိုင္တာပါ။ အဓိက က သူတက္သြားေတာ့ အန္တီတို႔က စိုးရိမ္ၿပီး ေဆး႐ုံလာခဲ့ၾကတာ။ ၿပီးေတာ့ ေခါင္းကို CPU ႐ိုက္ၿပီး ေသခ်ာစစ္ေဆးရတာေပါ့။ အခုေတာ့ ျပန္သက္သာလာၿပီဆိုေတာ့ အန္တီလည္း အတိုင္းမသိ ဝမ္းသာေနမိတယ္” လို႔သူကဆိုပါတယ္။ေဗလုဝဟာ

ႏိုဝင္ဘာလ (၁၇) ရက္ေန႔ မနက္ (၃) နာရီတုန္းက ႐ုတ္တရက္ တက္သလို ျဖစ္ခဲ့တာေၾကာင့္ မိသားစုဝင္ေတြက စိုးရိမ္ၿပီး ပင္လုံေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ေဆး႐ုံ ႐ုတ္တရက္ တင္လိုက္ရတဲ့ ေဗလုဝရဲ႕ က်န္းမာေရးသတင္းေတြေၾကာင့္ ပရိသတ္ေတြကလည္း စိုးရိမ္ခဲ့ၾကတာကို

ေတြ႕ရပါတယ္။ ေဗလုဝဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္ေန႔က စၿပီး ေဆးကုသမႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။အဲ့ဒီေနာက္ပိုင္း က်န္းမာေရးအေျခအေန တေျဖးေျဖးနဲ႔ ျပန္လည္တိုးတက္လာခဲ့ၿပီး အခုဆိုရင္ စကား ေျပာႏိုင္၊လမ္းေလွ်ာက္ႏိုင္တဲ့အေျခအေနေရာက္ေနၿပီလည္း ျဖစ္ပါတယ္။ “ဘီလူး”

႐ုပ္ရွင္ဇာတ္ကားနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့ သ႐ုပ္ေဆာင္ ေဗလုဝဟာ အခုဆိုရင္ အႏုပညာသက္တမ္းႏွစ္(၂၀) ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ “ဤအရာကို အခ်စ္လို႔ေခၚသလား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

Read in UNICODE

ဗေလုဝကတော့ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီးတဲ့နောက် နိုဝင်ဘာလ ၂၁ ရက်နေ့ဆိုရင် ဆေးရုံဆင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။သူ့ရဲ့လက်ရှိ ကျန်းမာရေး အခြေအနေကိုတော့ သူ့ရဲ့ ဇနီးဖြစ်သူက ပြောပြခဲ့ပါတယ်။ “ ဦးဗေရဲ့ ကျန်းမာရေးအခြေအနေကတော့ အခုကောင်းလာပြီ။ မနက်ဖြန်ဆို ဆေးရုံကနေ ဆင်းရတော့မယ်။ အခု စကားတွေလည်း အကုန်ပြောနိုင်တယ်။ စကားကတော့

ဆေးရုံစတတ်ကတည်းက ပြောနိုင်တာပါ။ အဓိက က သူတက်သွားတော့ အန်တီတို့က စိုးရိမ်ပြီး ဆေးရုံလာခဲ့ကြတာ။ ပြီးတော့ ခေါင်းကို CPU ရိုက်ပြီး သေချာစစ်ဆေးရတာပေါ့။ အခုတော့ ပြန်သက်သာလာပြီဆိုတော့ အန်တီလည်း အတိုင်းမသိ ဝမ်းသာနေမိတယ်” လို့သူကဆိုပါတယ်။ဗေလုဝဟာ

နိုဝင်ဘာလ (၁၇) ရက်နေ့ မနက် (၃) နာရီတုန်းက ရုတ်တရက် တက်သလို ဖြစ်ခဲ့တာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပြီး ပင်လုံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဆေးရုံ ရုတ်တရက် တင်လိုက်ရတဲ့ ဗေလုဝရဲ့ ကျန်းမာရေးသတင်းတွေကြောင့် ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြတာကို

တွေ့ရပါတယ်။ ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ကျန်းမာရေးအခြေအနေ တဖြေးဖြေးနဲ့ ပြန်လည်တိုးတက်လာခဲ့ပြီး အခုဆိုရင် စကား ပြောနိုင်၊လမ်းလျှောက်နိုင်တဲ့အခြေအနေရောက်နေပြီလည်း ဖြစ်ပါတယ်။ “ဘီလူး”

ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *