သားဖြစ်သူ သီဟအောင်က မီဒီယာတွေနဲ့ အင်တာဗျူးရမှာ အရမ်းကြောက်နေကြောင်း ပြောပြခဲ့တဲ့ ကိုကိုဦး






Read in UNICODE

သီဟအောင်ကတော့ အကယ်ဒမီရွှေကြိုတစ်ဦးအနေနဲ့ ပရိသတ်ရှေ့ရောက်ရှိလာသူဖြစ်ပါတယ်။လက်ရှိသူ့ကိုမီဒီယာတွေရှေ့ အတွေ့နည်းနေတာနဲ့ပတ်သတ်ပြီး ဖခင်ဖြစ်သူ ကိုကိုဦးက သားဖြစ်သူကြောက်နေတဲ့အကြောင်းကို အခုလိုပဲ မီဒီယာတွေ ပြောပြခဲ့ပါတယ်။ “မီဒီယာတွေနဲ့ နည်းနည်းအတွေ့အထိကြောက်တယ်ဆိုတာက ကွန်မန့်တွေကိုကြောက်တာ မခံစားနိုင်ဘူး တစ်ခါတစ်လေမီဒီယာတွေကိုတောင်ပြောသေးတာပဲ

မင်းတို့ဗျူးစရာမရှိတော့ဘူးလား ဒါပဲမေးနေတာပဲဆိုတာမျိုးတွေရှိတယ် မေးတဲ့အပေါ် သူဖြေတာတွေမှားသွားတာတို့ တစ်ခါတစ်လေ ဖြေတာတွေကမမှားဘူး သူဖြေတာလေးတွေကရိုးရှင်းတယ် အဲဒီ့အပေါ်မှာ ကလေးကခံစားရတော့ အင်တာဗျူးရမှာကိုကလေးကကြောက်လာတယ်” “တစ်ခါလာလည်းဒါပဲလား တစ်ခါလာလည်းဒါပဲလားဆိုပြီး ဒါပဲမေးတာကို သူကဒါပဲဖြေနေရတာလေ အဲဒီ့အပေါ်ကြောက်နေတာပေါ့

ဦးလေးကတော့ သားနောက်ကျကျန်ခဲ့မယ်ကြောက်တယ် ဦးလေးကတော့ မီဒီယာတွေနဲ့တွေ့စေချင်တာပေါ့ ဘာပဲဖြစ်ဖြစ် မီဒီယာနဲ့အလုပ်လုပ်ရတာကိုး သူတစ်ခါတစ်လေ ကွန်မန့်မကောင်းတာတွေကိုသူ့ပုံနဲ့တွေ့ရတဲ့အခါ သူစိတ်ညစ်သွားတာပေါ့” “အခုတော့ရှေ့ဆက်ဘာလုပ်ပေးရမှန်းမသိဘူး သူ့ကိုတောင်ပြောတယ် ငါ့သားအနုပညာခြေလှမ်းတွေပျောက်နေသလိုပဲ ကိုယ့်သားမှမဟုတ်ပါဘူး

တကယ်အနုပညာဝါသနာပါတဲ့အခုခေတ်ကလေးတွေတော်တော်များများခြေလှမ်းတွေပျောက်နေကြတယ် အဲဒီ့အပေါ်စိတ်ဓာတ်မကျဖို့ သူ့ကိုအွန်လိုင်းclass လေးတွေ အင်္ဂလိပ်စာလေးတွေ ဂျပန်စာလေးတွေတက်ဖို့လုပ်ပေးထားတယ်” “သားကိုလည်း သားအနုပညာအလုပ်ကိုဝါသနာပါတယ်ဆိုရင်လည်းကြိုးစားထား ဘယ်အချိန်ဘယ်အထိသွားမလဲဆိုတာမသိနိုင်ဘူးလေ အနုပညာနဲ့ပတ်သတ်ပြီး

ဦးလေးတို့ကဒီအချိန်ထိရုန်းကန်ခဲ့ရတော့ တခြားနိုင်ငံမှာတော့အနုပညာအလုပ်တွေဘယ်လိုလုပ်လဲဆိုတာ ဘာသံမှမကြားရဘူး ကိုယ်တွေဆီမှာ အနုပညာကတော်တော်ဂယက်ရိုက်တာ အနုပညာဝါသနာပါသူတော်တော်များများက နောက်ခံစီးပွားရေးအထောက်အခံရှိမှသာ အနုပညာကိုဝါသနာပါသလိုလေးလုပ်လို့ရမှာလေ စီးပွားဖြစ်ရုန်းကန်လို့မရဘူး စီးပွားမရှိဘဲ အနုပညာကိုရုန်းကန်လို့မရဘူးလို့ထင်တယ် အဲ့တာကြောင့်သားကိုလည်း ကြိုတင်ပြင်ဆင်ခိုင်းထားတာပါ” လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *