တစ်လလုံး အားလပ်ရက်မရှိအောင် အလုပ်တွေအပ်ထားကြတဲ့ အလုပ်ရှင်တွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ ခေးဆက်သွင်



Read in UNICODE
နှစ်ပေါင်းများစွာ အနုပညာအလုပ်တွေကို လုပ်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်တဲ့ ခေးဆက်သွင် တစ်ယောက် အလုပ်အပ်ထားသူတွေကြောင့် တစ်လလုံးမအားရအောင်ကို ရက်တွေပြည့်နေပေမယ့် နောက်လအထိကိုရက်ရွှေ့ပြီး စောင့်ဆိုင်းပေးတဲ့

လုပ်ငန်းရှင်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ယခင်ကတိုက်ခန်းနဲ့နေခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ကွန်ဒိုခန်းကိုဝယ်နေနိုင်တာမို့ ဝေဖန်ကြသူတွေကိုလည်း သူမရဲ့အလုပ်က ရတဲ့ဝင်ငွေတွေနဲ့ သူမရဲ့ကြိုးစားအားထုတ်မှုကြောင့်

သာ ဒီလိုရခဲ့တာဖြစ်ကြောင်းနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဝင်ငွေကို အနုပညာရှင်ဖြစ်မှပဲ သိနိုင်မယ်လို့ဆိုပါတယ်။ မိဘကိုလည်းပျော်အောင်ထားသလို ကိုယ့်ကိုကူညီပေးနေတဲ့ ညီမလေးတွေကိုလည်း

အလုပ်သမားလိုမဆက်ဆံဘဲ လုပ်ဖော်ကိုင်ဖက်တွေလို တရင်းတနှီးဆက်ဆံတတ်ပါသေး တယ်။ စိတ်ထားဖြူစင်ပြီး လက်အောက်ငယ်သားတွေကို ကိုယ်ချင်းစာ နာတတ်တာမို့ ပရိသတ်တွေက သူမကိုပိုပြီးအချစ်ပိုခဲ့ရပါတယ်။
Source : Khay Sett Thwin’s Facebook