ပရိသတ်တွေ အရမ်းသိချင်နေကြတဲ့ The Voice Myanmar ပြိုင်ပွဲဝင် G နဲ့ သူမနဲ့ကြားက ပတ်သတ်မှုတွေကို ပြောပြခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်
Read in UNICODE
ထွန်းအိန္ဒြာဗိုလ်ကတော့ အခုဆိုရင် အသက်ငါးဆယ်စွန်းစွန်းအရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့အတူတူ သားလေး အောင်ဗိုလ်ကောင်းသန့်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ ဂီတအမွေအနှစ်တွေကို
သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ကို လက်ဆင့်ကမ်းမပေးနိုင်ခဲ့ပဲ ထူးထူးခြားခြားအနေနဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့အစ်မ ဒေါ်သက်သက်ခိုင်ရဲ့ သမီးလေး သက်ရတနာကျော်ဝင်းကတော့ အနုပညာကို ဝါသနာပါခဲ့တာပဲ ဖြစ်ပါတယ်။ သက်ရတနာကျော်ဝင်းက The Voice Myanmar
သီချင်းဆိုပြိုင်ပွဲမှာ G ဆိုတဲ့ နာမည်လေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် လူသိပိုများလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထွန်းအိန္ဒြာဗိုလ်က တူမလေး G နဲ့ သူမတို့ မိသားစုရဲ့ ပက်သတ်မှုကို ဖော်ပြပေးလာခဲ့ပါတယ်။ ထွန်းအိန္ဒြာဗိုလ်က “သား နဲ့ G နဲ့ ဘယ်သူ အကြီးလဲလို့ မေးကြလို့
ဖေါ်ပြပေးလိုက်ပါတယ်နော် …” ဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ သူမရဲ့ သားလေး အောင်ဗိုလ်ကောင်းသန့်နဲ့ G တို့မှာ G က အစ်မကြီးဖြစ်ကြောင်းကို ဓာတ်ပုံလေးတွေနဲ့တကွ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ G ကတော့
အဒေါ်ဖြစ်သူ ထွန်းအိန္ဒြာဗိုလ်ရဲ့ အကူအညီလုံးဝမပါပဲ အနုပညာလောကထဲမှာ နေရာရလာအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အခုဆိုရင် သိချင်နေတဲ့ မေးခွန်းလေးရဲ့ အဖြေကို သိရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Htun Eaindra Bo’s Facebook