အပ်ိဳႀကီးလို႔ထင္ေနၾကတဲ့ ပရိသတ္ေတြကို ေျမး(၃)ေယာက္ရဲ႕ အဖြားျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဂြမ္းပံုႀကီး

ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ဇာတ္ပို႔ေနရာတစ္ခုကို အခိုင္အမာရယူထားတဲ့ ဂြမ္းပုံႀကီးကေတာ့ သူ႔ကိုအပ်ိဳႀကီးလို႔ထင္ေနၾကတဲ့ပရိသတ္ေတြကို ေျမးသုံးေယာက္ရဲ႕အဖြားပါလို႔ဆိုလာပါတယ္။ ဂြမ္းပုံႀကီးကေတာ့ “အမေလး ေျမး၃ေယာက္ေတာင္ရွိတယ္ ေျမးအႀကီးကအလုပ္ေတာင္ဝင္ေနၿပီ အပ်ိဳႀကီးလို႔ထင္ၾကတာကေတာ့

ကိုယ့္ရဲ႕သားနားတဲ့႐ုပ္ရည္ေၾကာင့္ေပါ့ ” လို႔ အင္တာဗ်ဴးမွာေျဖဆိုထားတာပါ။ “ကိုဗစ္ကာလမွာ အန္တီတို႔လင္မယားက အဘိုးႀကီးကလည္း ၇၁ အန္တီဂြမ္းကလည္း ၆၇ဆိုေတာ့ အိမ္ထဲမွာပဲ သားသမီးေတြနဲ႔အိမ္တြင္းေအာင္းေနတာေပါ့ သူကက်ေတာ့ ဦးေႏွာက္ကလည္းေသြးခဲထားတယ္

ေျခေထာက္ကလည္းသိပ္မသန္တဲ့သူဆိုေတာ့ အေပၚထပ္မွာပဲထားတာေပါ့ က်န္းမာေရးဂ႐ုစိုက္ေနရတာေပါ့ အိမ္ေထာင္က်တာကေစာတယ္ ကေလးေမြးလိုက္တာကေစာတယ္ဆိုေတာ့ ကိုယ္နာမည္ရလာတဲ့အခ်ိန္မွာ အိမ္ေထာင္သည္ဆိုတာမသိေတာ့ဘူး ကေလးအေမဆိုတာမသိေတာ့ဘူး

သားအႀကီးဆို ၄၇ သားအငယ္ဆို ၄၄ ေျမးေတြဆို ၂၄ေတြ ၂၅ေတြေတာင္ျဖစ္ကုန္ၾကၿပီ” “ဒီလိုအင္တာဗ်ဴးေတြေခတ္ေရာက္မွ စုံတြဲေလးေတြဗ်ဴးလို႔ ဦးခ်စ္ၿပဳံးနဲ႔အန္တီဂြမ္းက လင္မယားဆိုတာ သိသြားၾကတာ စုံတြဲလိုက္သြားတယ္ လင္မယား၂ေယာက္သြားရင္း ဦးကလည္း အန္တီဂြမ္းကိုလိုက္ပို႔ရင္းနဲ႔ကားေလးေတြဝင္႐ိုက္တယ္

သူ႐ိုက္ရင္လည္းအန္တီကေနာက္ကလိုက္တယ္” “ေရမိုးခ်ိဳးေခါင္းေလွ်ာ္အစအဆုံး တစ္ေန႔တစ္ႀကိမ္ေတာ့လုပ္ေပးျဖစ္တယ္ က်န္တာေတာာသူ႔ဘာသာသူ အရက္ျပန္ေတာ့အိမ္ေရွ႕မွာ ပုံးလိုက္ထားတယ္ ျဖန္းေနရတာပဲ ကိုယ္တိုင္က

အဲဒီ့မွာမႊန္ေနၿပီ အိမ္မွာအတူေနတဲ့ေျမးငယ္ေလးက ၈ႏွစ္ဆိုေတာ့ သူ႔ကိုလည္းဂ႐ုစိုက္ရတာေပါ့” အႏုပညာကိုျမတ္ႏိုးတဲ့ အန္တီဂြမ္းကေတာ့ ခ်စ္ပရိသတ္ႀကီးကို “ေရွ႕ေလွ်ာက္လည္းခ်စ္ေပးဦး စကားေျပာႏိုင္တဲ့အခ်ိန္အထိ႐ိုက္ဦးမွာ”လို႔ အင္တာဗ်ဴးေလးမွာ ဆိုထားပါေသးတယ္။

Read in UNICODE

မြန်မာ့ရုပ်ရှင်လောကရဲ့ ဇာတ်ပို့နေရာတစ်ခုကို အခိုင်အမာရယူထားတဲ့ ဂွမ်းပုံကြီးကတော့ သူ့ကိုအပျိုကြီးလို့ထင်နေကြတဲ့ပရိသတ်တွေကို မြေးသုံးယောက်ရဲ့အဖွားပါလို့ဆိုလာပါတယ်။ ဂွမ်းပုံကြီးကတော့ “အမလေး မြေး၃ယောက်တောင်ရှိတယ် မြေးအကြီးကအလုပ်တောင်ဝင်နေပြီ အပျိုကြီးလို့ထင်ကြတာကတော့

ကိုယ့်ရဲ့သားနားတဲ့ရုပ်ရည်ကြောင့်ပေါ့ ” လို့ အင်တာဗျူးမှာဖြေဆိုထားတာပါ။ “ကိုဗစ်ကာလမှာ အန်တီတို့လင်မယားက အဘိုးကြီးကလည်း ၇၁ အန်တီဂွမ်းကလည်း ၆၇ဆိုတော့ အိမ်ထဲမှာပဲ သားသမီးတွေနဲ့အိမ်တွင်းအောင်းနေတာပေါ့ သူကကျတော့ ဦးနှောက်ကလည်းသွေးခဲထားတယ်

ခြေထောက်ကလည်းသိပ်မသန်တဲ့သူဆိုတော့ အပေါ်ထပ်မှာပဲထားတာပေါ့ ကျန်းမာရေးဂရုစိုက်နေရတာပေါ့ အိမ်ထောင်ကျတာကစောတယ် ကလေးမွေးလိုက်တာကစောတယ်ဆိုတော့ ကိုယ်နာမည်ရလာတဲ့အချိန်မှာ အိမ်ထောင်သည်ဆိုတာမသိတော့ဘူး ကလေးအမေဆိုတာမသိတော့ဘူး

သားအကြီးဆို ၄၇ သားအငယ်ဆို ၄၄ မြေးတွေဆို ၂၄တွေ ၂၅တွေတောင်ဖြစ်ကုန်ကြပြီ” “ဒီလိုအင်တာဗျူးတွေခေတ်ရောက်မှ စုံတွဲလေးတွေဗျူးလို့ ဦးချစ်ပြုံးနဲ့အန်တီဂွမ်းက လင်မယားဆိုတာ သိသွားကြတာ စုံတွဲလိုက်သွားတယ် လင်မယား၂ယောက်သွားရင်း ဦးကလည်း အန်တီဂွမ်းကိုလိုက်ပို့ရင်းနဲ့ကားလေးတွေဝင်ရိုက်တယ်

သူရိုက်ရင်လည်းအန်တီကနောက်ကလိုက်တယ်” “ရေမိုးချိုးခေါင်းလျှော်အစအဆုံး တစ်နေ့တစ်ကြိမ်တော့လုပ်ပေးဖြစ်တယ် ကျန်တာတောာသူ့ဘာသာသူ အရက်ပြန်တော့အိမ်ရှေ့မှာ ပုံးလိုက်ထားတယ် ဖြန်းနေရတာပဲ ကိုယ်တိုင်က

အဲဒီ့မှာမွှန်နေပြီ အိမ်မှာအတူနေတဲ့မြေးငယ်လေးက ၈နှစ်ဆိုတော့ သူ့ကိုလည်းဂရုစိုက်ရတာပေါ့” အနုပညာကိုမြတ်နိုးတဲ့ အန်တီဂွမ်းကတော့ ချစ်ပရိသတ်ကြီးကို “ရှေ့လျှောက်လည်းချစ်ပေးဦး စကားပြောနိုင်တဲ့အချိန်အထိရိုက်ဦးမှာ”လို့ အင်တာဗျူးလေးမှာ ဆိုထားပါသေးတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *