အွန်လိုင်းမှာ ခင်ပွန်းဖြစ်သူ အယောင်ဆောင်ပြီး စကားလာပြောသူတစ်ဦးကို ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ နေထူးနိုင်ရဲ့ ဇနီး
Read in UNICODE
သရုပ်ဆောင် မင်းသားချော နေထူးနိုင်ကတော့ ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျဖန်တီးနိုင်စွမ်းရှိသူ ပဲ ဖြစ်ပါတယ် ။ နေထူးနိုင်ဟာဆိုရင် ပရိသတ်တွေအပေါ်မှာ သူ့ရဲ့ပြောင်မြောက်လှတဲ့အနုပညာအရည်အချင်းတွေနဲ့ ယနေ့တိုင် လွှမ်းမိုးထားနိုင်တာလည်း ဖြစ်ပါတယ် ။ နေထူးနိုင်က ဗီဒီယို
ဇာတ်ကားတွေအမြောက်အမြားရိုက်ကူးခဲ့သလို အခုချိန်အထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။နေထူးနိုင်က အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ မိသားစုကို အချိန်ပေးလေ့ရှိတာဖြစ်ပြီး ဇနီးသည်ချောချောလေးနဲ့အတူ
သားငယ်လေး နှစ်ယောက်ကိုလည်း မွေးဖွားပိုင်ဆိုင်ထားပါသေးတယ်။ မိသားစု စုံစုံလင်လင်နဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ နေထူးနိုင်က မကြာခဏဆိုသလို မျှဝေပေးလေ့ရှိနေတာကြောင့်
ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးကြပါတယ်နော်။ယနေ့မှာတော့ နေထူးနိုင်ရဲ့ ဇနီးသည်လေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ” အကောင့်တုကြီးနဲ့ လာ hiနေတော့ သမီးကဘာပြန်ပြောရမလဲလို့ “
ဆိုတဲ့ စာသားလေးနဲ့အတူ သရုပ်ဆောင် နေထူးနိုင်လို့ အယောင်ဆောင်ထားတဲ့ အကောင့်အတုရဲ့ ပုံလေးနဲ့အတူ စနောက်ရေးသားလာတာဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်… ။
Source : Mya Thin Chal’s Facebook
Add a Comment
Your email address will not be published. Required fields are marked *