အလုပ္ေတြႀကိဳးစားၿပီး ဝယ္ယူႏိုင္ခဲ့တဲ့ ခမ္းနားႀကီးက်ယ္လွတဲ့ အိမ္အသစ္ႀကီးကို ထုတ္ျပခဲ့တဲ့ အဆိုေတာ္ ၿဖိဳးေလး

အဆိုေတာ္ ျဖိဳးေလးကေတာ့ Rap သီခ်င္းေတြကို သီဆိုရင္း လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျဖိဳးေလးကေတာ့ နိုင္ငံေက်ာ္ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ဝါဆိုမိုးဦးနဲ့ သာယာတဲ့ ခ်စ္သူဘဝေလးကို တည္ေဆာက္ထားတာ

ခ်စ္သူသက္တမ္း (၅)နွစ္နီးပါးေတာင္ရိွျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ျဖိဳးေလးရဲ့ အနုပညာလႈပ္ရွားမႈေတြအျပင္ လက္ေတြ့ဘဝက ေနထိုင္မႈပံုစံကို စိတ္ဝင္တစားရိွၾကတာပဲ ျဖစ္ပါတယ္။ ျဖိဳးေလးကေတာ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ အနုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္သလို

စီးပြားေရးလုပ္ငန္းေတြမွာလည္း အားသြန္ခြန္စိုက္လုပ္ကိုင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက မိခင္မရိွေတာ့တဲ့ ျဖိဳးေလးက သူ့ရဲ့အစ္မၾကီးနဲ့အတူတူ အလုပ္ေတြအတူတူလုပ္ကိုင္ရင္း တစ္ေန့တစ္ျခား ၾကီးပြားေအာင္ျမင္လာကာ အခုဆိုရင္ အိမ္အသစ္ၾကီးတစ္လံုးကို ဝယ္ယူနိုင္တဲ့အထိ

ျဖစ္လာျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ျဖိဳးေလးက သူမၾကာခင္ေျပာင္းေရႊ့ေနထိုင္ေတာ့မယ့္ သူ့ရဲ့ လွပလြန္းတဲ့ အိမ္အသစ္ၾကီးကို ေဖ့စ္ဘုတ္စာမ်က္နွာကေန အခုလိုပဲ ျပသလာပါတယ္။ ျဖိဳးေလးရဲ့ အိမ္အသစ္ၾကီးကေတာ့ က်ယ္ဝန္းလွတဲ့အျပင္ ေသေသသပ္သပ္နဲ့ အရမ္းကို လွပတာပဲေနာ္။ ပရိသတ္ၾကီးလည္း

ျဖိဳးေလးရဲ့ အိမ္ၾကီးကိုၾကည့္ျပီး သေဘာက် အားက်စိတ္ေတြျဖစ္လာမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

အဆိုတော် ဖြိုးလေးကတော့ Rap သီချင်းတွေကို သီဆိုရင်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြိုးလေးကတော့ နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦးနဲ့ သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာ

ချစ်သူသက်တမ်း (၅)နှစ်နီးပါးတောင်ရှိပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြိုးလေးရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက နေထိုင်မှုပုံစံကို စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။ ဖြိုးလေးကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်သလို

စီးပွားရေးလုပ်ငန်းတွေမှာလည်း အားသွန်ခွန်စိုက်လုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိခင်မရှိတော့တဲ့ ဖြိုးလေးက သူ့ရဲ့အစ်မကြီးနဲ့အတူတူ အလုပ်တွေအတူတူလုပ်ကိုင်ရင်း တစ်နေ့တစ်ခြား ကြီးပွားအောင်မြင်လာကာ အခုဆိုရင် အိမ်အသစ်ကြီးတစ်လုံးကို ဝယ်ယူနိုင်တဲ့အထိ

ဖြစ်လာပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖြိုးလေးက သူမကြာခင်ပြောင်းရွှေ့နေထိုင်တော့မယ့် သူ့ရဲ့ လှပလွန်းတဲ့ အိမ်အသစ်ကြီးကို ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြသလာပါတယ်။ ဖြိုးလေးရဲ့ အိမ်အသစ်ကြီးကတော့ ကျယ်ဝန်းလှတဲ့အပြင် သေသေသပ်သပ်နဲ့ အရမ်းကို လှပတာပဲနော်။ ပရိသတ်ကြီးလည်း

ဖြိုးလေးရဲ့ အိမ်ကြီးကိုကြည့်ပြီး သဘောကျ အားကျစိတ်တွေဖြစ်လာမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Phyo Layy’s Facebook

Add a Comment

Your email address will not be published. Required fields are marked *