အမျိုးသားအချို့က ရည်းစားစကားလာပြောကြတာကြောင့် ပညာသားပါပါနဲ့ အလိုလိုနောက်ဆုတ်သွားအောင် ငြင်းဆိုလိုက်တဲ့ မအေးသောင်း
Read in UNICODE
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တာကြောင့် အေးဝတ်ရည်သောင်းကတော့ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ အေးဝတ်ရည်သောင်းက သူမရဲ့ချစ်သူကို
တရားဝင်ချပြထားပေမယ့် အခုအချိန်ထိ အိမ်ထောင်ပြုမယ့်ကိစ္စကို ပြောကြားထားခြင်းမရှိသေးပါဘူး။ ပရိသတ်တွေကတော့ မအေးသောင်းရဲ့ အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့ အိမ်ထောင်ရေးကိုလည်း စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။ အပျိုကြီးပီပီ စကားပြောတတ်
ဆိုတတ်လွန်းတဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာလည်း ရည်းစားစကားလာပြောကြတဲ့ ပုရိသအမျိုးသားတွေကို သူ့အလိုလိုနောက်ဆုတ်သွားအောင် ပညာသားပါပါနဲ့ ငြင်းဆိုခဲ့တာကို တွေ့ရပါတယ်။ အေးဝတ်ရည်သောင်းက “အလုပ်အသစ်လက်ခံနေပါပြီနော်။ ရည်းစားစကားပြောရင်
နားထောင်ပေးပါတယ်။ တစ်မိနစ် ၁သိန်းခွဲပါနော်။ ညလုံးပေါက်ပြောလဲနားထောင်ပေးနေပါပြီ။ ကြိုတင်ဘိုကင်ယူလိုက်ပါတော့။ 🤪🤪🤪7” ဆိုပြီး စစနောက်နောက်နဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကတော့ သူမကို ရည်းစားစကားပြောကြတဲ့ ပုရိသတွေကို တစ်မိနစ်ပြောရင်
တစ်သိန်းခွဲဆိုပြီး အရွှန်းဖောက်ပြောလာတာပဲ ဖြစ်ပါတယ်။ ရည်းစားစကားအပြောခံရလွန်းတဲ့ မိန်းမချောလေးတွေလည်း အေးဝတ်ရည်သောင်းရဲ့ နည်းလမ်းကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Aye Thaung’s Facebook
Add a Comment
Your email address will not be published. Required fields are marked *