အသက္(၁၈)ႏွစ္အရြယ္ထဲက မင္းသမီး႐ူး အရမ္း႐ူးခဲ့လို႔ မင္းသမီးတစ္ေယာက္ျဖစ္ခဲ့တာပါဆိုတဲ့ ခိုင္သင္းၾကည္

မင္းသမီးေခ်ာ ခိုင္သင္းၾကည္ကေတာ့ ျမန္မာ့ထိပ္တန္းသ႐ုပ္ေဆာင္တစ္ဦး ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲေနရာေပးျခင္း ခံရတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ကို အမ်ားက မခိုင္လို႔ ခ်စ္စႏိုးနဲ႔ ေခၚေဝၚၾကၿပီး က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ အကယ္ဒမီဆုႀကီးေပါင္းမ်ားစြာကို ရရွိထားတဲ့ ဝါရင့္အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူမအေနနဲ႔ အႏုပညာဝါသနာပါသူ သမီးေလး စံထိပ္ထားဦးကိုလည္း အႏုပညယေလာကထဲကို လက္တြဲေခၚေလ့ရွိသူ တစ္ဦးျဖစ္ၿပီး သူမတို႔သားအမိႏွစ္ေယာက္ရဲ႕ အႏုပညာလႈပ္ရွားမႈေလးေတြကို ရံဖန္ရံခါ လူမႈကြန္ရက္ေပၚမွာ ျမင္ေတြ႕ရေလ့ရွိပါတယ္။

မခိုင္ဟာဆိုရင္ အခုလိုအ႐ြယ္မွာေတာင္ အရမ္းကိုႏုပ်ိဳလွပတဲ့ မ်က္ႏွာနဲ႔ကိုယ္ခႏၶာကို ပိုင္ဆိုင္ထားရၿပီး ပရိသတ္အခ်စ္ေတာ္ မင္းသမီးတစ္ဦးအျဖစ္ ယေန႔တိုင္ ရပ္တည္ေနဆဲပဲ ျဖစ္ပါတယ္။
ဒီအင္တာဗ်ဴးေလးမွာေတာ့ မခိုင္ ေခၚ ခိုင္သင္းၾကည္က သူမရဲ႕ ငယ္စဥ္ဘဝတုန္းက မင္းသမီး႐ူးတဲ့ပိုးထခဲ့ပုံကို ပရိသတ္သိေအာင္ မွ်ေဝလာတာပဲ ျဖစ္ပါတယ္။ မခိုင္ဟာ ငယ္စဥ္ဆယ္ေက်ာ္သက္အ႐ြယ္တည္းက အရမ္းကိုမင္းသမီးျဖစ္ခ်င္သူတစ္ဦး ျဖစ္ၿပီး ေက်ာ္သူ၊ မို႔မို႔ျမင့္ေအာင္ကဲ့သို႔ေသာ သ႐ုပ္ေဆာင္မ်ားကို အၿမဲအားက်ခဲ့ရတယ္လို႔ သူမကိုယ္တိုင္ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာခဲ့ပါတယ္။ ဒါေပမယ့္ ထိုစဥ္က သူမကိုယ္သူမ ေက်ာ္သူ၊ မို႔မို႔ျမင့္ေအာင္တို႔ကဲ့သို႔ အရမ္းေခ်ာ၊ အရမ္းလွသူတစ္ဦး မဟုတ္ဘူးလို႔ ယူဆထားတဲ့အတြက္ မင္းသမီးေတာ့ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ထင္မွတ္ထားခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူမရဲ႕ အိမ္ကလည္း သူမကို ႐ုပ္ရွင္မင္းသမီးျဖစ္မွာ၊ ရည္းစားရမွာ စိုးရိမ္တဲ့အတြက္ နယ္ၿမိဳ႕ေလးကေန ရန္ကုန္ဘက္ဆီကို သြားေရာက္ေနထိုင္ခြင့္မေပးခဲ့ဘူးလို႔ မခိုင္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ရန္ကုန္ကို လာေရာက္ေနထိုင္တဲ့အခါမွာလည္း စေကာ့ေဈးထဲမွာရတနာဆိုင္ဖြင့္ထားတဲ့ သူမရဲ႕ ေဆြမ်ိဳးေတြရဲ႕အိမ္မွာ ေနထိုင္ႀကီးျပင္းခဲ့ရၿပီး ထိုအိမ္မွာ ေနထိုင္ရင္းနဲ႔ပဲ မင္းသမီးျဖစ္ခဲ့တာလို႔ သိရပါတယ္။ ငယ္ငယ္တုန္းက မင္းသမီးျဖစ္ခ်င္လို႔ အရမ္းလွခ်င္ခဲ့ေပမယ့္ အိမ္ေထာင္မက်ခင္အခ်ိန္ထိ ကေလးတစ္ေယာက္လို အရမ္းအေဆာ့သန္ခဲ့ၿပီး ေဆြမ်ိဳးေတြေနထိုင္ရာ ၿခံႀကီးထဲမွာ ဝမ္းကြဲအမ၊ ညီမေတြနဲ႔ ထုပ္စီးထိုးတမ္း၊ တိုင္ဦးတမ္းတို႔ကို ေပတူးေနေအာင္ ေဆာ့ကစားခဲ့တယ္လို႔ မခိုင္ေလးက ရယ္ရယ္ေမာေမာေျပာျပပါတယ္။ေဆာ့ကစားတဲ့အခါမွာလည္း ေအးရာေအးေၾကာင္းေဆာ့ၾကတာ မဟုတ္ပဲ ျငင္းၾကခုံၾကနဲ႔ အင္မတန္ေပ်ာ္စရာေကာင္းခဲ့တယ္လို႔ မခိုင္ေလးက ထပ္ျဖည့္ေျပာျပခဲ့ပါတယ္။ ျငင္းၿပီဆိုရင္လည္း သူမက ထိပ္ဆုံးကေနၿပီး အျငင္းသန္သူတစ္ဦးျဖစ္ခဲ့တယ္လို႔ မခိုင္ေလးက သူမရဲ႕ ငယ္ဘဝအမွတ္တရေလးေတြကို ျပန္ေျပာင္းေျပာၾကားခဲ့ပါတယ္။

ငယ္စဥ္ဘဝမွာ မင္းသမ္ီးျဖစ္ခ်င္တဲ့ ႐ူးသြပ္မႈက အရမ္းႀကီးခဲ့ၿပီး ႐ုပ္ရွင္တစ္ကားၾကည့္ၿပီဆိုရင္ ဇာတ္ကားထဲက ဒိုင္ယာေလာ့ခ္ေတြ အလြတ္ရတဲ့အထိ ႐ူးသြပ္ခဲ့တယ္လို႔ မခိုင္ေလးက ေျပာျပပါတယ္။ ဇာတ္ကားတစ္ကားမွာ မင္းသမီးတစ္ေယာက္က အဝတ္အစားဘယ္ႏွစ္စုံလဲသြားတယ္ ဆိုတာကအစ လိုက္လံမွတ္သားေလ့ရွိခဲ့တယ္လို႔လည္း မခိုင္ေလးက ေျပာပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ေမဆြိ ထြက္ေပၚလာခ်ိန္မွာလည္း ေမဆြိနဲ႔ေက်ာ္သူတို႔ အတူတကြ သ႐ုပ္ေဆာင္ထားတဲ့”မုန္းရခက္သည္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကို အင္မတန္မွ ႏွစ္ၿခိဳက္ခဲ့တယ္လို႔ မခိုင္ေလးက ေျပာပါတယ္။”အရင္တုန္းက ေမဆြိေပၚေတာ့လည္း ေမဆြိကသြက္တယ္ေလ။ သြက္ေတာ့ႀကိဳက္ေသးတယ္။ ေမဆြိနဲ႔ ေက်ာ္သူနဲ႔ကားေလ၊ အဓိကက ေက်ာ္သူကားကို ၾကည့္တဲ့အခါက်ေတာ့ ေမဆြိနဲ႔ အတြဲလိုက္ မုန္းရခက္သည္ ကို ၾကည့္တာ ဘယ္ႏွခါမွန္း မသိဘူး။ ႐ုံမွာလည္း သြားၾကည့္တယ္။ တပ္ထဲမွာလည္း တပ္ထဲကလူေတြကို ယူခိုင္းၿပီးေတာ့ မာမီနဲ႔ကိုယ္နဲ႔ ၾကည့္ၾကတာ ဘယ္ႏွခါမွန္း မသိဘူး။ တစ္ခါၾကည့္ရင္ သုံးေလးငါးခါၾကည့္တာ။” စသည္ျဖင့္ သူမငယ္ငယ္က ႐ုပ္ရွင္မင္းသမီးေတြအေပၚ ႐ူးသြပ္ခဲ့ပုံကို ေျပာျပပါတယ္။

မို႔မို႔ျမင့္ေအာင္ဝတ္ေလ့ရွိတဲ့ ဂါဝန္အမိုက္စားေတြကိုလည္း ရန္ကုန္စေကာ့ေဈးမွာရွိတဲ့ အမေတြထံ နယ္ကေန လွမ္းမွာေလ့ရွိၿပီး အမဝမ္းကြဲေတြညီမေတြကလည္း ညီမျဖစ္သူလိုခ်င္တာကို ေဈးထဲကေန ရွာေဖြၿပီး ပို႔ေပးတတ္တယ္လို႔ မခိုင္ေလးက ၾကည္ႏူးဖြယ္ ျပန္ေျပာျပပါတယ္။မို႔မို႔ျမင့္ေအာင္ ဝတ္ထားသလို ဂါဝန္အျဖဴဝတ္ၿပီး ႏွင္းဆီပန္းကိုင္၊ ျမက္ခင္းေပၚမွာ ထိုင္ၿပီး ဓာတ္ပုံကို မို႔မို႔ျမင့္ေအာင္ကဲ့သိသို႔ တစ္ပုံစံတည္း ႐ိုက္ခဲ့ဖူးတယ္လို႔ မခိုင္ေလးက ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာပါတယ္။

ပရိသတ္ႀကီးတို႔ေရ မို႔မို႔ျမင့္ေအာင္ဟာဆိုရင္ သူမတစ္ခ်ိန္က ႀကိဳက္ႏွစ္သက္ခဲ့ဖူးသူ ဦးေက်ာ္သူဟာ ကိုဗစ္ေရာဂါကေန ျပန္လည္သက္သာလာၿပီလို႔ ၾကားသိရတဲ့အတြက္ အရမ္းဝမ္းသာပါတယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားခဲ့ပါတယ္။

Read in UNICODE

မင်းသမီးချော ခိုင်သင်းကြည်ကတော့ မြန်မာ့ထိပ်တန်းသရုပ်ဆောင်တစ်ဦး ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲနေရာပေးခြင်း ခံရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကို အများက မခိုင်လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးပေါင်းများစွာကို ရရှိထားတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာဝါသနာပါသူ သမီးလေး စံထိပ်ထားဦးကိုလည်း အနုပညယလောကထဲကို လက်တွဲခေါ်လေ့ရှိသူ တစ်ဦးဖြစ်ပြီး သူမတို့သားအမိနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ရံဖန်ရံခါ လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့ရလေ့ရှိပါတယ်။

မခိုင်ဟာဆိုရင် အခုလိုအရွယ်မှာတောင် အရမ်းကိုနုပျိုလှပတဲ့ မျက်နှာနဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားရပြီး ပရိသတ်အချစ်တော် မင်းသမီးတစ်ဦးအဖြစ် ယနေ့တိုင် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။
ဒီအင်တာဗျူးလေးမှာတော့ မခိုင် ခေါ် ခိုင်သင်းကြည်က သူမရဲ့ ငယ်စဉ်ဘဝတုန်းက မင်းသမီးရူးတဲ့ပိုးထခဲ့ပုံကို ပရိသတ်သိအောင် မျှဝေလာတာပဲ ဖြစ်ပါတယ်။ မခိုင်ဟာ ငယ်စဉ်ဆယ်ကျော်သက်အရွယ်တည်းက အရမ်းကိုမင်းသမီးဖြစ်ချင်သူတစ်ဦး ဖြစ်ပြီး ကျော်သူ၊ မို့မို့မြင့်အောင်ကဲ့သို့သော သရုပ်ဆောင်များကို အမြဲအားကျခဲ့ရတယ်လို့ သူမကိုယ်တိုင်ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့ပါတယ်။ ဒါပေမယ့် ထိုစဉ်က သူမကိုယ်သူမ ကျော်သူ၊ မို့မို့မြင့်အောင်တို့ကဲ့သို့ အရမ်းချော၊ အရမ်းလှသူတစ်ဦး မဟုတ်ဘူးလို့ ယူဆထားတဲ့အတွက် မင်းသမီးတော့ မဖြစ်နိုင်လောက်ဘူးလို့ ထင်မှတ်ထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အိမ်ကလည်း သူမကို ရုပ်ရှင်မင်းသမီးဖြစ်မှာ၊ ရည်းစားရမှာ စိုးရိမ်တဲ့အတွက် နယ်မြို့လေးကနေ ရန်ကုန်ဘက်ဆီကို သွားရောက်နေထိုင်ခွင့်မပေးခဲ့ဘူးလို့ မခိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရန်ကုန်ကို လာရောက်နေထိုင်တဲ့အခါမှာလည်း စကော့ဈေးထဲမှာရတနာဆိုင်ဖွင့်ထားတဲ့ သူမရဲ့ ဆွေမျိုးတွေရဲ့အိမ်မှာ နေထိုင်ကြီးပြင်းခဲ့ရပြီး ထိုအိမ်မှာ နေထိုင်ရင်းနဲ့ပဲ မင်းသမီးဖြစ်ခဲ့တာလို့ သိရပါတယ်။ ငယ်ငယ်တုန်းက မင်းသမီးဖြစ်ချင်လို့ အရမ်းလှချင်ခဲ့ပေမယ့် အိမ်ထောင်မကျခင်အချိန်ထိ ကလေးတစ်ယောက်လို အရမ်းအဆော့သန်ခဲ့ပြီး ဆွေမျိုးတွေနေထိုင်ရာ ခြံကြီးထဲမှာ ဝမ်းကွဲအမ၊ ညီမတွေနဲ့ ထုပ်စီးထိုးတမ်း၊ တိုင်ဦးတမ်းတို့ကို ပေတူးနေအောင် ဆော့ကစားခဲ့တယ်လို့ မခိုင်လေးက ရယ်ရယ်မောမောပြောပြပါတယ်။ဆော့ကစားတဲ့အခါမှာလည်း အေးရာအေးကြောင်းဆော့ကြတာ မဟုတ်ပဲ ငြင်းကြခုံကြနဲ့ အင်မတန်ပျော်စရာကောင်းခဲ့တယ်လို့ မခိုင်လေးက ထပ်ဖြည့်ပြောပြခဲ့ပါတယ်။ ငြင်းပြီဆိုရင်လည်း သူမက ထိပ်ဆုံးကနေပြီး အငြင်းသန်သူတစ်ဦးဖြစ်ခဲ့တယ်လို့ မခိုင်လေးက သူမရဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

ငယ်စဉ်ဘဝမှာ မင်းသမ်ီးဖြစ်ချင်တဲ့ ရူးသွပ်မှုက အရမ်းကြီးခဲ့ပြီး ရုပ်ရှင်တစ်ကားကြည့်ပြီဆိုရင် ဇာတ်ကားထဲက ဒိုင်ယာလော့ခ်တွေ အလွတ်ရတဲ့အထိ ရူးသွပ်ခဲ့တယ်လို့ မခိုင်လေးက ပြောပြပါတယ်။ ဇာတ်ကားတစ်ကားမှာ မင်းသမီးတစ်ယောက်က အဝတ်အစားဘယ်နှစ်စုံလဲသွားတယ် ဆိုတာကအစ လိုက်လံမှတ်သားလေ့ရှိခဲ့တယ်လို့လည်း မခိုင်လေးက ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင်မေဆွိ ထွက်ပေါ်လာချိန်မှာလည်း မေဆွိနဲ့ကျော်သူတို့ အတူတကွ သရုပ်ဆောင်ထားတဲ့”မုန်းရခက်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အင်မတန်မှ နှစ်ခြိုက်ခဲ့တယ်လို့ မခိုင်လေးက ပြောပါတယ်။”အရင်တုန်းက မေဆွိပေါ်တော့လည်း မေဆွိကသွက်တယ်လေ။ သွက်တော့ကြိုက်သေးတယ်။ မေဆွိနဲ့ ကျော်သူနဲ့ကားလေ၊ အဓိကက ကျော်သူကားကို ကြည့်တဲ့အခါကျတော့ မေဆွိနဲ့ အတွဲလိုက် မုန်းရခက်သည် ကို ကြည့်တာ ဘယ်နှခါမှန်း မသိဘူး။ ရုံမှာလည်း သွားကြည့်တယ်။ တပ်ထဲမှာလည်း တပ်ထဲကလူတွေကို ယူခိုင်းပြီးတော့ မာမီနဲ့ကိုယ်နဲ့ ကြည့်ကြတာ ဘယ်နှခါမှန်း မသိဘူး။ တစ်ခါကြည့်ရင် သုံးလေးငါးခါကြည့်တာ။” စသည်ဖြင့် သူမငယ်ငယ်က ရုပ်ရှင်မင်းသမီးတွေအပေါ် ရူးသွပ်ခဲ့ပုံကို ပြောပြပါတယ်။

မို့မို့မြင့်အောင်ဝတ်လေ့ရှိတဲ့ ဂါဝန်အမိုက်စားတွေကိုလည်း ရန်ကုန်စကော့ဈေးမှာရှိတဲ့ အမတွေထံ နယ်ကနေ လှမ်းမှာလေ့ရှိပြီး အမဝမ်းကွဲတွေညီမတွေကလည်း ညီမဖြစ်သူလိုချင်တာကို ဈေးထဲကနေ ရှာဖွေပြီး ပို့ပေးတတ်တယ်လို့ မခိုင်လေးက ကြည်နူးဖွယ် ပြန်ပြောပြပါတယ်။မို့မို့မြင့်အောင် ဝတ်ထားသလို ဂါဝန်အဖြူဝတ်ပြီး နှင်းဆီပန်းကိုင်၊ မြက်ခင်းပေါ်မှာ ထိုင်ပြီး ဓာတ်ပုံကို မို့မို့မြင့်အောင်ကဲ့သိသို့ တစ်ပုံစံတည်း ရိုက်ခဲ့ဖူးတယ်လို့ မခိုင်လေးက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။

ပရိသတ်ကြီးတို့ရေ မို့မို့မြင့်အောင်ဟာဆိုရင် သူမတစ်ချိန်က ကြိုက်နှစ်သက်ခဲ့ဖူးသူ ဦးကျော်သူဟာ ကိုဗစ်ရောဂါကနေ ပြန်လည်သက်သာလာပြီလို့ ကြားသိရတဲ့အတွက် အရမ်းဝမ်းသာပါတယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားခဲ့ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *