ခြဲခြာေနရတဲ့အခ်ိန္မွာ ခင္ပြန္းျဖစ္သူက သူမကိုလြမ္းလို႔ တျခားသူနဲ႔ ႀကိဳက္သြားမွာ စိုးရိမ္ေနရတယ္ဆိုတဲ့ The Voice Myanmar ၿပိဳင္ပြဲဝင္ ခင္ရတနာစိုး

ခင္ရတနာစိုးကေတာ့ လက္ရွိ The Voice Myanmar ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိၿပီး campဝင္ေနရတဲ့အတြက္ ခင္ပြန္းသည္တစ္ေယာက္ မိန္းမကိုလြမ္းလို႔တျခားသူနဲ႔ႀကိဳက္သြားမွာစိုးတယ္လို႔ ဆိုလာပါတယ္။ ခင္ရတနာစိုးကေတာ့“ခင္ပြန္းကိုက စိတ္ခ်ပါတယ္ တစ္လနီးနီးခြဲရမွာဆိုေတာ့ သူက တျခားမိန္းကေလးေတြ႕ရင္ေတာင္စကားမေျပာဘူး ညီမကသာလူတိုင္းနဲ႔ေခၚေျပာတာေပါ့ တစ္ခါတစ္ေလမိန္းမကိုလြမ္းတဲ့အခါ တျခားသူေတြနဲ႔ႀကိဳက္သြားမွာနည္းနည္းေတာ့စိုးရိမ္တာေပါ့ ငယ္လည္းငယ္ေသးေတာ့ အဲ့ေလာက္အၾကာႀကီးခြဲႏိုင္ပါ့မလားေပါ့ ေစာင့္ၾကည့္ရတာေပါ့” ” အိမ္ေထာင္ျပဳတာနဲ႔ပတ္သတ္ၿပီးေတာ့

ညီမဆိုးတဲ့စိတ္ေလးနည္းနည္းမ်ားေပ်ာက္သြားမလားလို႔ အစကဆို ညီမ ကေလးလုံးဝမခ်စ္တတ္ဘူး သူမ်ားကေလးလာျပလည္းညီမမကိုင္ဘူး တစ္ဦးတည္းေသာသမီးဆိုေတာ့ ကေလးမခ်စ္ဘူး လိုက္ဆြဲဆိတ္တာအရမ္းဆိုးတာ သူနဲ႔အိမ္ေထာင္က်သြားၿပီးေတာ့ မိခင္စိတ္ေလးနည္းနည္းဝင္လာတယ္ ဒီအတိုင္းသူ႔ရဲ႕စိတ္ကိုကအလိုလိုေပါ့ေနာ္ ဘယ္ေလာက္ဆိုးတဲ့ကေလးကိုမဆို ေမတၱာထားႏိုင္တယ္ မိဘေမတၱာနားလည္လာတယ္ အေမ့ေက်းဇူးလည္းသိတတ္လာတယ္ စီးပြားေရးပတ္သတ္ၿပီးကိုယ့္ဘာသာရွာသုံးရတာဆိုေတာ့ နည္းနည္းေလး႐ုန္းႏိုင္တဲ့အေနအထားေလး ေရာက္လာတယ္ေပါ့ ” “ရင္ေသြးယူဖို႔ကေတာ့

ညီမဒီၿပိဳင္ပြဲအေပၚမူတည္ၿပီးေတာ့ပဲေပါ့ ၿပိဳင္ပြဲမွာအဆင့္တက္ခဲ့ရင္ ညီမအားစိုက္ရမယ္ အကယ္၍ေအာင္ျမင္သြားရင္ေတာ့ က်န္းမာေရးနဲ႔ပတ္သတ္ၿပီး ေနာက္၁ႏွစ္၂ႏွစ္ေလာက္ေနရင္ယူျဖစ္မယ္ အကယ္၍မေအာင္ျမင္ေသးဘူးဆိုရင္ေတာ့ ၄ႏွစ္၅ႏွစ္ေလာက္ေစာင့္ရမယ္ ေအာင္ျမင္ၿပီးရင္ေတာ့ သားသမီးကိုေတာ့ကိုယ္နဲ႔အတူထားလို႔ေတာ့မရဘူးေပါ့ စိတ္ခ်ရတဲ့တစ္ေယာက္ေယာက္ဆီမွာထားၿပီး ကိုယ္ကအလုပ္လုပ္ အဲဒီ့လိုဆိုရင္ေတာ့ အဆင္ေျပတယ္ေပါ့ေနာ္ မေအာင္ျမင္ေသးရင္ လက္ထဲပိုက္ဆံစုရဦးမွာေပါ့” “အိမ္ေထာင္သက္က ၅ႏွစ္ထဲေရာက္ၿပီဆိုေတာ့ ကိုယ္လည္းလိုခ်င္တာေပါ့ေနာ္ ခင္ပြန္းကေတာ့ တစ္ခ်ိဳ႕တားေနရင္ရသြားတာမ်ိဳးဆိုရင္ေတာ့ယူ မယူေစခ်င္ေသးဘူးဆိုတာက သူကိုယ္တိုင္လည္း မ႐ုန္းကန္ႏိုင္ေသးဘူး ကိုဗစ္ျဖစ္တဲ့ၾကားတဲ့လင္မယားႏွစ္ေယာက္႐ုန္းကန္ေနရတဲ့အခ်ိန္မွာ ကေလးယူလိုက္ရင္ပိုဆိုးသြားမယ္ ႏို႔စို႔အ႐ြယ္က အိမ္ေထာင္က်လူႀကီးျဖစ္တဲ့အထိ

ကိုယ္လုပ္ေပးရမွာ” “ညီမကိုယ္တိုင္လည္း ငါအိမ္ေထာင္က်သြားတာေတာင္ ငါ့မိဘဆီကေန ပိုက္ဆံေတာင္းရတာမလြတ္ေသးဘူးဆိုတဲ့စိတ္ရွိတယ္ေလ အဲဒီ့ေတာ့ ပိုက္ဆံမရွိဘဲ သားသမီးတစ္ေယာက္ေမြးရတာမလြယ္ပါဘူး အိမ္ေထာင္ျပဳတုန္းက ကေလးအေတြးေပါ့ေနာ္ ညီမကအရမ္းအ႐ိုက္ခံရတာ အေဖကလည္းမရွိဘူး အေမကေခါင္းရင္းအိမ္ေျခရင္းအိမ္ေတာင္ေပးမလည္ဘူး ထုတ္မခ်စ္ဘူးေပါ့ေနာ္ အေမကေတာ့႐ိုက္တယ္ ညီမကလည္းမလြတ္လပ္ေတာ့ၾကာလာေတာ့ဆိုးတယ္ ေက်ာင္းသြားရင္ေတာင္လက္ရွည္မဝတ္ဘဲမေနရဲဘူး အရႈိးရာေတြ ဒါေပမဲ့အေမက ညီမကိုခ်စ္တယ္” “ညီမအမ်ိဳးသားနဲ႔ႀကိဳက္တာေတာင္မွ ၂ႏွစ္ကို ၄ခါပဲခ်ိန္းေတြ႕ဖူးတယ္ သူလည္းအေနအထိုင္တတ္တယ္ ကိုယ့္ကိုလက္ေတာင္မကိုင္ဘူး အဲဒီ့တုန္းကျဖစ္ခ်င္ေတာ့ ခ်စ္သူမ်ားေန႔မွာေတြ႕ေနတုန္း အေမလိုက္လာတယ္ဆိုေတာ့ နင္ငါေနာက္လိုက္မလား ေအးလိုက္မယ္ဆိုၿပီး လိုက္ျဖစ္သြားတာေပါ့

ညီမအထင္ေတာ့ စိတ္ထြက္ေပါက္အရလို႔ပဲထင္တယ္ ညီမအမ်ိဳးသားလည္း ေနာင္တရတယ္ ယူလိုက္ရလို႔မဟူတ္ဘူး အသက္၂၀မွာအိမ္ေထာင္က်က် ၂၅ႏွစ္မွာ အိမ္ေထာင္က်က် သူနဲ႔ပဲ ငယ္ငယ္႐ြယ္႐ြယ္ဒီလိုျဖစ္သြားေတာ့ အလုပ္လုပ္တာအဆင္မေျပတာေလးေတြရွိတယ္ ကိုယ္အိမ္ေထာင္ရွိလို႔ တစ္ခ်ိဳ႕အရာေလးေတြစြန္႔လႊတ္လိုက္ရတာရွိတယ္ သူေရာကိုယ္ေရာ နည္းနည္းေတာ့ေနာင္တရတာေပါ့ ပညာေရးေတြလည္းဆုံးခန္းမတိုင္ၾကဘူးေလ ” “သူကေတာ့ညီမကိုမိန္းမလိုပိုခ်စ္တယ္ထင္တယ္ ညီမကေတာ့

အစ္ကိုလိုအေဖလိုပိုခ်စ္တယ္ထင္တယ္ အခုခရီးေဝးကိုလာတယ္ ညီမက သူ႔ကိုခြဲႏိုင္တယ္ ေနတတ္တယ္ သူဆိုရင္ ညီမနဲ႔ခြဲေတာ့မေနႏိုင္ဘူး သူလြမ္းလိုထမင္းတစ္နပ္ပဲစားတယ္တဲ့ ကိုယ္ကေတာ့ဒီမွာစားေကာင္းတယ္ ငါလည္းစားမေကာင္းဘူးလိမ္ရတာေပါ့ သတိရတာေတာ့ရတယ္ ညီမကလြတ္လြတ္လပ္လပ္ေနတတ္တဲ့သူဆိုေတာ့ အေမဆိုလည္း ညီမကိုသတိရတယ္ ညီမကလည္းသတိရတယ္ဆိုေပမယ့္ ေရာက္ရာေနရာမွာ ေပ်ာ္ေအာင္ေနတတ္တယ္” “အိမ္ေထာင္ျပဳရင္ေတာ့ စီးပြားေရးအတည္တက်ေလးျဖစ္မွာအိမ္ေထာင္ျပဳၾကပါ ညီမတို႔လို

ႏွလုံးသားနဲ႔ဆုံးျဖတ္လိုက္မယ္ဆိုရင္ေတာ့ ေလာကဓံမွာႀကဳံေတြ႕ရမွာေတြအမ်ားႀကီးပါ အဲ့တာေတာင္သူနဲ႔ညားခါစက ညီမမွာ အႏုပညာလုပ္ငန္းတစ္စိုက္မတ္မတ္ရွိလို႔ မဟုတ္ရင္မလြယ္ဘူး ႏွစ္ဖက္မိဘပိုၿပီးစိတ္ဆင္းရဲရမွာ သူ႔မွာလည္းအလုပ္မရွိဘူး ညီမသီခ်င္းဆိုလို႔ရတဲ့ပိုက္ဆံနဲ႔ပဲ လင္မယား၂ေယာက္ေနရတာ သူ႔အိမ္က အိမ္ေထာင္က်ၿပီး၂ႏွစ္ေနမွ စီးပြားေရးေထာင္ေပးတာ ညီမသာအလုပ္မရွိရင္ ဒီေလာက္ေပါင္းဖို႔မလြယ္ဘူး ခဏခဏလည္းရန္ျဖစ္တယ္ အဲ့တာေၾကာင့္ႏွလုံးသားနဲ႔မဆုံးျဖတ္ပါနဲ႔ေပါ့ အဲ့တာေလးေျပာျပခ်င္တာပါ” လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

Read in UNICODE

ခင်ရတနာစိုးကတော့ လက်ရှိ The Voice Myanmar ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး campဝင်နေရတဲ့အတွက် ခင်ပွန်းသည်တစ်ယောက် မိန်းမကိုလွမ်းလို့တခြားသူနဲ့ကြိုက်သွားမှာစိုးတယ်လို့ ဆိုလာပါတယ်။ ခင်ရတနာစိုးကတော့“ခင်ပွန်းကိုက စိတ်ချပါတယ် တစ်လနီးနီးခွဲရမှာဆိုတော့ သူက တခြားမိန်းကလေးတွေ့ရင်တောင်စကားမပြောဘူး ညီမကသာလူတိုင်းနဲ့ခေါ်ပြောတာပေါ့ တစ်ခါတစ်လေမိန်းမကိုလွမ်းတဲ့အခါ တခြားသူတွေနဲ့ကြိုက်သွားမှာနည်းနည်းတော့စိုးရိမ်တာပေါ့ ငယ်လည်းငယ်သေးတော့ အဲ့လောက်အကြာကြီးခွဲနိုင်ပါ့မလားပေါ့ စောင့်ကြည့်ရတာပေါ့” ” အိမ်ထောင်ပြုတာနဲ့ပတ်သတ်ပြီးတော့

ညီမဆိုးတဲ့စိတ်လေးနည်းနည်းများပျောက်သွားမလားလို့ အစကဆို ညီမ ကလေးလုံးဝမချစ်တတ်ဘူး သူများကလေးလာပြလည်းညီမမကိုင်ဘူး တစ်ဦးတည်းသောသမီးဆိုတော့ ကလေးမချစ်ဘူး လိုက်ဆွဲဆိတ်တာအရမ်းဆိုးတာ သူနဲ့အိမ်ထောင်ကျသွားပြီးတော့ မိခင်စိတ်လေးနည်းနည်းဝင်လာတယ် ဒီအတိုင်းသူ့ရဲ့စိတ်ကိုကအလိုလိုပေါ့နော် ဘယ်လောက်ဆိုးတဲ့ကလေးကိုမဆို မေတ္တာထားနိုင်တယ် မိဘမေတ္တာနားလည်လာတယ် အမေ့ကျေးဇူးလည်းသိတတ်လာတယ် စီးပွားရေးပတ်သတ်ပြီးကိုယ့်ဘာသာရှာသုံးရတာဆိုတော့ နည်းနည်းလေးရုန်းနိုင်တဲ့အနေအထားလေး ရောက်လာတယ်ပေါ့ ” “ရင်သွေးယူဖို့ကတော့

ညီမဒီပြိုင်ပွဲအပေါ်မူတည်ပြီးတော့ပဲပေါ့ ပြိုင်ပွဲမှာအဆင့်တက်ခဲ့ရင် ညီမအားစိုက်ရမယ် အကယ်၍အောင်မြင်သွားရင်တော့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး နောက်၁နှစ်၂နှစ်လောက်နေရင်ယူဖြစ်မယ် အကယ်၍မအောင်မြင်သေးဘူးဆိုရင်တော့ ၄နှစ်၅နှစ်လောက်စောင့်ရမယ် အောင်မြင်ပြီးရင်တော့ သားသမီးကိုတော့ကိုယ်နဲ့အတူထားလို့တော့မရဘူးပေါ့ စိတ်ချရတဲ့တစ်ယောက်ယောက်ဆီမှာထားပြီး ကိုယ်ကအလုပ်လုပ် အဲဒီ့လိုဆိုရင်တော့ အဆင်ပြေတယ်ပေါ့နော် မအောင်မြင်သေးရင် လက်ထဲပိုက်ဆံစုရဦးမှာပေါ့” “အိမ်ထောင်သက်က ၅နှစ်ထဲရောက်ပြီဆိုတော့ ကိုယ်လည်းလိုချင်တာပေါ့နော် ခင်ပွန်းကတော့ တစ်ချို့တားနေရင်ရသွားတာမျိုးဆိုရင်တော့ယူ မယူစေချင်သေးဘူးဆိုတာက သူကိုယ်တိုင်လည်း မရုန်းကန်နိုင်သေးဘူး ကိုဗစ်ဖြစ်တဲ့ကြားတဲ့လင်မယားနှစ်ယောက်ရုန်းကန်နေရတဲ့အချိန်မှာ ကလေးယူလိုက်ရင်ပိုဆိုးသွားမယ် နို့စို့အရွယ်က အိမ်ထောင်ကျလူကြီးဖြစ်တဲ့အထိ

ကိုယ်လုပ်ပေးရမှာ” “ညီမကိုယ်တိုင်လည်း ငါအိမ်ထောင်ကျသွားတာတောင် ငါ့မိဘဆီကနေ ပိုက်ဆံတောင်းရတာမလွတ်သေးဘူးဆိုတဲ့စိတ်ရှိတယ်လေ အဲဒီ့တော့ ပိုက်ဆံမရှိဘဲ သားသမီးတစ်ယောက်မွေးရတာမလွယ်ပါဘူး အိမ်ထောင်ပြုတုန်းက ကလေးအတွေးပေါ့နော် ညီမကအရမ်းအရိုက်ခံရတာ အဖေကလည်းမရှိဘူး အမေကခေါင်းရင်းအိမ်ခြေရင်းအိမ်တောင်ပေးမလည်ဘူး ထုတ်မချစ်ဘူးပေါ့နော် အမေကတော့ရိုက်တယ် ညီမကလည်းမလွတ်လပ်တော့ကြာလာတော့ဆိုးတယ် ကျောင်းသွားရင်တောင်လက်ရှည်မဝတ်ဘဲမနေရဲဘူး အရှိုးရာတွေ ဒါပေမဲ့အမေက ညီမကိုချစ်တယ်” “ညီမအမျိုးသားနဲ့ကြိုက်တာတောင်မှ ၂နှစ်ကို ၄ခါပဲချိန်းတွေ့ဖူးတယ် သူလည်းအနေအထိုင်တတ်တယ် ကိုယ့်ကိုလက်တောင်မကိုင်ဘူး အဲဒီ့တုန်းကဖြစ်ချင်တော့ ချစ်သူများနေ့မှာတွေ့နေတုန်း အမေလိုက်လာတယ်ဆိုတော့ နင်ငါနောက်လိုက်မလား အေးလိုက်မယ်ဆိုပြီး လိုက်ဖြစ်သွားတာပေါ့

ညီမအထင်တော့ စိတ်ထွက်ပေါက်အရလို့ပဲထင်တယ် ညီမအမျိုးသားလည်း နောင်တရတယ် ယူလိုက်ရလို့မဟူတ်ဘူး အသက်၂၀မှာအိမ်ထောင်ကျကျ ၂၅နှစ်မှာ အိမ်ထောင်ကျကျ သူနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်ဒီလိုဖြစ်သွားတော့ အလုပ်လုပ်တာအဆင်မပြေတာလေးတွေရှိတယ် ကိုယ်အိမ်ထောင်ရှိလို့ တစ်ချို့အရာလေးတွေစွန့်လွှတ်လိုက်ရတာရှိတယ် သူရောကိုယ်ရော နည်းနည်းတော့နောင်တရတာပေါ့ ပညာရေးတွေလည်းဆုံးခန်းမတိုင်ကြဘူးလေ ” “သူကတော့ညီမကိုမိန်းမလိုပိုချစ်တယ်ထင်တယ် ညီမကတော့

အစ်ကိုလိုအဖေလိုပိုချစ်တယ်ထင်တယ် အခုခရီးဝေးကိုလာတယ် ညီမက သူ့ကိုခွဲနိုင်တယ် နေတတ်တယ် သူဆိုရင် ညီမနဲ့ခွဲတော့မနေနိုင်ဘူး သူလွမ်းလိုထမင်းတစ်နပ်ပဲစားတယ်တဲ့ ကိုယ်ကတော့ဒီမှာစားကောင်းတယ် ငါလည်းစားမကောင်းဘူးလိမ်ရတာပေါ့ သတိရတာတော့ရတယ် ညီမကလွတ်လွတ်လပ်လပ်နေတတ်တဲ့သူဆိုတော့ အမေဆိုလည်း ညီမကိုသတိရတယ် ညီမကလည်းသတိရတယ်ဆိုပေမယ့် ရောက်ရာနေရာမှာ ပျော်အောင်နေတတ်တယ်” “အိမ်ထောင်ပြုရင်တော့ စီးပွားရေးအတည်တကျလေးဖြစ်မှာအိမ်ထောင်ပြုကြပါ ညီမတို့လို

နှလုံးသားနဲ့ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ လောကဓံမှာကြုံတွေ့ရမှာတွေအများကြီးပါ အဲ့တာတောင်သူနဲ့ညားခါစက ညီမမှာ အနုပညာလုပ်ငန်းတစ်စိုက်မတ်မတ်ရှိလို့ မဟုတ်ရင်မလွယ်ဘူး နှစ်ဖက်မိဘပိုပြီးစိတ်ဆင်းရဲရမှာ သူ့မှာလည်းအလုပ်မရှိဘူး ညီမသီချင်းဆိုလို့ရတဲ့ပိုက်ဆံနဲ့ပဲ လင်မယား၂ယောက်နေရတာ သူ့အိမ်က အိမ်ထောင်ကျပြီး၂နှစ်နေမှ စီးပွားရေးထောင်ပေးတာ ညီမသာအလုပ်မရှိရင် ဒီလောက်ပေါင်းဖို့မလွယ်ဘူး ခဏခဏလည်းရန်ဖြစ်တယ် အဲ့တာကြောင့်နှလုံးသားနဲ့မဆုံးဖြတ်ပါနဲ့ပေါ့ အဲ့တာလေးပြောပြချင်တာပါ” လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *