ယောကျာ်းဖြစ်သူဆီက (၄)ရတီရှိတဲ့ တန်ဖိုးကြီး စိန်လက်စွပ်ကြီးကို ချစ်သူသက်တမ်း(၇)နှစ်ပြည့်မှာ လက်ဆောင်ရရှီခဲ့လို့ ပျော်နေတဲ့ ခင်ရူပ






Read in UNICODE

ဘောလိဝုဒ်မင်းသမီးလေးတစ်ယောက်လို ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မော်ဒယ်လ်နဲ့ သရုပ်ဆောင် ခင်ရူပကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ရူပက အခုဆိုရင် အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သားသမီးရတနာမရှိသေးတာကြောင့် ခင်ပွန်းဖြစ်သူနဲ့ နှစ်ယောက်သား

စီးပွားရေးလုပ်ငန်းတွေကို ဦးစီးကာ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၈) ရက်နေ့ကတော့ ခင်ရူပတို့ ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၇) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ခင်ရူပက သူမတို့ဇနီးမောင်နှံရဲ့ တန်ဖိုးထားရတဲ့ နှစ်ပတ်လည်နေ့လေးမှာ သူမအရမ်းလိုချင်နေတဲ့ (၄)ရတီ

စိန်လက်စွပ်ကို ရရှိခဲ့ကြောင်း အခုလိုပဲ မျှဝေပေးလာပါတယ်။ “18.11.2020 (7) နှစ်ပြည့် Anniversary မှာ ၄ရတီ ရမ္မက်လေး အထမြောက်ခဲ့ဘီ 🙈 လိုချင်တာဆို အမြဲ မငြီးမငြူ ဂျီကျတိုင်းရလို့လည်း ပိုရမ္မက်အတောမသတ်နိုင်တာပါ ကျားကျားရယ် 🙈 😝 အိတ်တွေဝယ်တာလျော့ပါ့မယ် (အလစ်တဲပေါ့) 😁 နာရီတစ်ခုအရင်းပြုတာ ပြန်ရတဲ့အမြတ်က

ကျေနပ်ပါတယ် 🙈 နောက်နှစ်ဘာပြောထားလည်း ဆိုတာလည်း အမြဲအမှတ်ရနေပါဒါဘဲ 😌 ချစ်သော ဒယ်ဒီ ပါးပါး ဖီဖီ ကိုကို Si Thu 😘 စာကြွင်း.. တစ်ခါတစ်လေကြွားတာပါနော် မုဒိတာထား မေတ္တာပွားများနိုင်ကြပါစေရှင် 😇 ” ဆိုပြီး သူမရဲ့ ပီတိလေးကို ပြောလာပါတယ်။ ခင်ရူပတော့ သူမအရမ်းလိုချင်နေတဲ့ ပစ္စည်းလေးကို ခင်ပွန်းဖြစ်သူက

အလိုက်တသိ ဝယ်ယူလက်ဆောင်ပေးခဲ့တာကြောင့် အတိုင်းထက်အလွန် ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခင်ရူပရဲ့ အပျော်လေးကို ချစ်တဲ့စိတ်လေးနဲ့ ကြည့်ရှုပြီး ပီတိဖြစ်နေကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Khin Yupa’s Facebook

Add a Comment

Your email address will not be published. Required fields are marked *