စိုးရိမ္ရတဲ့ က်န္းမာေရးအေျခအေနေၾကာင့္ ႐ုတ္တရတ္ ေဆးရံုအျမန္တင္ခဲ့ရတဲ့ ေဗလုဝ

ႏိုဝင္ဘာ(၁၇) ရက္ေန႔ မနက္ပိုင္းေလာက္က ေဗလုဝက က်န္းမာေရးအေျခအေနေၾကာင့္ ႐ုတ္တရက္ ဆိုသလို ေဆး႐ုံတင္လိုက္ရတယ္လို႔ သိရပါတယ္။ မနက္(၃)နာရီ ေလာက္မွာ ႐ုတ္တရက္ တတ္သလို ျဖစ္သြားတာေၾကာင့္ မိသားစုမွာ စိုးရိမ္ၿပီး ပင္လုံေဆး႐ုံသို႔ အေျပးပို႔ခဲ့ရတာျဖစ္ပါတယ္။ အခုလက္ရွိအေျခအေနမွာေတာ့ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာပါၿပီလို႔ ဇနီးျဖစ္သူ

ေဒၚစုစုခိုင္က ေျပာပါတယ္။ “မေန႔ကမနက္ ၃နာရီေလာက္က တက္မလို ျဖစ္လာလို႔ စိုးရိမ္ၿပီး ေဆး႐ုံလာျပလိုက္တာ။ အခုေတာ့ ေကာင္းေနပါၿပီ။အခုကေတာ့ ေဆး႐ုံမွာပါပဲ။၂မိနစ္ ၃မိနစ္ေလာက္ တက္သြားေတာ့ စိုးရိမ္သြားတာ အခုဆရာဝန္ေတြကလည္း ဦးေႏွာက္ကို ျပန္ၿပီး CPU ျပန္႐ိုက္မယ္ေပ့ါ။ က်န္းမာေရးက ေကာင္းတယ္။ စိုးရိမ္စရာ မရွိပါဘူး။ အန္တီတို႔လည္းလန႔္ၿပီးေဆး႐ုံတစ္ခါတည္း ေျပးလာလိုက္တာ

အခုက်န္းမာေရး ေကာင္းေနပါၿပီ” လို႔ သူမက ဆိုပါတယ္။ ႐ုတ္တရက္ ေဆး႐ုံျပန္တက္ေနရတဲ့ ဦးေဗလုဝရဲ႕ သတင္းေၾကာင့္ ပရိသတ္ေတြလည္း စိုးရိမ္လို႔ေနၾကသလို အႏုပညာအသိုင္းအဝိုင္းက သတင္းၾကားတဲ့သူေတြကလည္း စိုးရိမ္လို႔ေနၾကပါတယ္။ ဒါေပမယ့္လည္း ဇနီးျဖစ္သူက ဦးေဗအတြက္ မစိုးရိမ္ၾကဖို႔ကိုလည္း ေျပာခဲ့ပါေသးတယ္။“မစိုးရိမ္ၾကပါနဲ႔ လို႔ အစားေတြ ျပန္စားၿပီ။နဂိုအတိုင္း

က်န္းမာေရးေကာင္းေနပါၿပီ။ ေဆး႐ုံဆင္းဖို႔က ဒီေန႔ ေခါင္းကို တစ္ခ်က္ ျပန္ၿပီး စစ္ၾကည့္မယ္ေပ့ါ။ ၿပီးတာနဲ႔အေျဖသိရရင္ မနက္ျဖန္ေလာက္ဆိုရင္ ဆင္းရပါၿပီ” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။ေဗလုဝဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္ေန႔က စၿပီး ေဆးကုသမႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။အဲ့ဒီေနာက္ပိုင္း က်န္းမာေရးအေျခအေန တေျဖးေျဖးနဲ႔ ျပန္လည္တိုးတက္လာခဲ့ၿပီး အခုဆိုရင္

စကား ေျပာႏိုင္၊လမ္းေလွ်ာက္ႏိုင္တဲ့အေျခအေနေရာက္ေနၿပီလည္း ျဖစ္ပါတယ္။ “ဘီလူး” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့ သ႐ုပ္ေဆာင္ ေဗလုဝဟာ အခုဆိုရင္ အႏုပညာသက္တမ္းႏွစ္(၂၀) ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ “ဤအရာကို အခ်စ္လို႔ေခၚသလား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

Read in UNICODE

နိုဝင်ဘာ(၁၇) ရက်နေ့ မနက်ပိုင်းလောက်က ဗေလုဝက ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ဆိုသလို ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ မနက်(၃)နာရီ လောက်မှာ ရုတ်တရက် တတ်သလို ဖြစ်သွားတာကြောင့် မိသားစုမှာ စိုးရိမ်ပြီး ပင်လုံဆေးရုံသို့ အပြေးပို့ခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါပြီလို့ ဇနီးဖြစ်သူ

ဒေါ်စုစုခိုင်က ပြောပါတယ်။ “မနေ့ကမနက် ၃နာရီလောက်က တက်မလို ဖြစ်လာလို့ စိုးရိမ်ပြီး ဆေးရုံလာပြလိုက်တာ။ အခုတော့ ကောင်းနေပါပြီ။အခုကတော့ ဆေးရုံမှာပါပဲ။၂မိနစ် ၃မိနစ်လောက် တက်သွားတော့ စိုးရိမ်သွားတာ အခုဆရာဝန်တွေကလည်း ဦးနှောက်ကို ပြန်ပြီး CPU ပြန်ရိုက်မယ်ပေ့ါ။ ကျန်းမာရေးက ကောင်းတယ်။ စိုးရိမ်စရာ မရှိပါဘူး။ အန်တီတို့လည်းလန့်ပြီးဆေးရုံတစ်ခါတည်း ပြေးလာလိုက်တာ

အခုကျန်းမာရေး ကောင်းနေပါပြီ” လို့ သူမက ဆိုပါတယ်။ ရုတ်တရက် ဆေးရုံပြန်တက်နေရတဲ့ ဦးဗေလုဝရဲ့ သတင်းကြောင့် ပရိသတ်တွေလည်း စိုးရိမ်လို့နေကြသလို အနုပညာအသိုင်းအဝိုင်းက သတင်းကြားတဲ့သူတွေကလည်း စိုးရိမ်လို့နေကြပါတယ်။ ဒါပေမယ့်လည်း ဇနီးဖြစ်သူက ဦးဗေအတွက် မစိုးရိမ်ကြဖို့ကိုလည်း ပြောခဲ့ပါသေးတယ်။“မစိုးရိမ်ကြပါနဲ့ လို့ အစားတွေ ပြန်စားပြီ။နဂိုအတိုင်း

ကျန်းမာရေးကောင်းနေပါပြီ။ ဆေးရုံဆင်းဖို့က ဒီနေ့ ခေါင်းကို တစ်ချက် ပြန်ပြီး စစ်ကြည့်မယ်ပေ့ါ။ ပြီးတာနဲ့အဖြေသိရရင် မနက်ဖြန်လောက်ဆိုရင် ဆင်းရပါပြီ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ကျန်းမာရေးအခြေအနေ တဖြေးဖြေးနဲ့ ပြန်လည်တိုးတက်လာခဲ့ပြီး အခုဆိုရင်

စကား ပြောနိုင်၊လမ်းလျှောက်နိုင်တဲ့အခြေအနေရောက်နေပြီလည်း ဖြစ်ပါတယ်။ “ဘီလူး” ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *