ချစ်ဇနီးလေးအတွက် အရည်အသွေးကောင်းလွန်းပြီး သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ စိန်လက်ကောက်လေးကို လက်ဆောင်ဝယ်ပေးခဲ့တဲ့ ရွှေထူး
Read in UNICODE
ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ကြပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ပြန်လည်ရရှိနေတာဖြစ်ပါတယ်။ရွှေထူးက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလာပြီဖြစ်လို့ မင်းသားတစ်လက်လည်းဖြစ်လို့နေပါပြီနော်။ရွှေမှုံလေးကတော့ ချစ်ခင်ပွန်းရဲ့ရှုတင်တွေကို တစ်ခါတလေ
လိုက်သွားပြီး ဘေးကနေကူညီပေးတာဖြစ်ပါတယ်။ရွှေမှုံလေးက ရွှေထူးထက်အသက်ငယ်ပေမယ့် ချစ်ခင်ပွန်းကို အစစအရာရာဂရုစိုက်ပေးတတ်သလို တစ်ခါတလေလည်း ကလေးလေးလိုချွဲတတ်ပါသေးတယ်နော်။ရွှေထူးက အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့
ချစ်ဇနီးလေးကို စိတ်ချမ်းသာအောင်အမြဲထားပေးတာဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့က လူငယ်စုံတွဲလေးလည်းဖြစ်လို့ အရမ်းချစ်တတ်ကြပြီး ရိုဆန်ဆန်လေးတွေလည်းဖန်တီးတတ်ကြပါတယ်နော်။ရွှေမှုံလေးကတော့ အမြဲပျော်ရွှင်နေရလို့ တစ်နေ့ထက်တစ်နေ့ကို ပိုပိုလှပလာနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း
ရွှေထူးက တန်ဖိုးကြီးတဲ့စိန်လက်ကောက်တစ်ကွင်းကို ချစ်ဇနီးလေးအတွက် ဝယ်ပေးလိုက်တာဖြစ်ပါတယ်။စိန်ရောင်တွေက တောက်ပလွန်းလို့ ရွှေမှုံလေးရဲ့လက်မှာ တင့်တယ်စွာလှပနေတဲ့ ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Shwe Mhone Yati’s Facebook
Add a Comment
Your email address will not be published. Required fields are marked *