အိမ်ထောင်ကွဲဖို့ စောင့်နေတဲ့ သူမကို အကြောင်းမဲ့ဝေဖန်တိုက်ခိုက်နေသူတွေရှိကြောင်း ရင်ဖွင့်ခဲ့တဲ့ ဇာဇာထက်
Read in UNICODE
ဇာဇာထက်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သမာအာဇီဝကျကျ စီးပွားရှာရင်း ဘဝကို ရိုးသားစွာဖြတ်သန်းနေသူ အမျိုးသမီးတစ်ယောက်ပါပဲ။ ဇာဇာထက်ကတော့ အဆိုတော် နေလင်းကျော်နဲ့ တရားဝင်လက်ထပ်ထားသူဖြစ်ပြီး နေလင်းကျော်ရဲ့ အရှုပ်အရှင်းကိစ္စတွေကြောင့်
တရားဝင်ကွာရှင်းဖို့ စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်စွာ ရပ်တည်နေပေမယ့် အတိုက်အခိုက်တွေများလွန်းတဲ့ ဇာဇာထက်က ဒီကနေ့မှာတော့ သူမကို တိုက်ခိုက်မှုတွေများလေလေ ပိုပြီးသန်မာလေလေဖြစ်ကြောင်း ပြောလာပါတယ်။ “အိမ်ထောင်ကွဲဖို့စောင့်နေတဲ့ မိန်းမတစ်ယောက်က
ဘဝကြီးပါလဲကျစုတ်ပြတ် နေပေးရမှာလားရှင့် 😁 မိအေးနှစ်ခါ အနာမခံနိုင်တော့ပါဘူး ❤️ အရင်ကလမ်းဆုံမှာရပ်နေခဲ့ပေမဲ့ အခုကျွန်မရဲ့ပန်းတိုင်ကိုရောက်အောင် သွားမှာပါ 💪🏻 အနာဂတ်မှာလဲ ကျွန်မအိမ်ထောင်ကျခဲ့ဖူးတာလဲ အမှန်တရားမို့ အလိမ်အညာမုသားမပါပဲဘဝကို လိပ်ပြာသန့်စွာ
ဆက်လက်ရပ်တည်ကြိုးစားနေအုံးမှာပါပဲရှင် 💪🏻 သိထားဖို့က ကျွန်မဆိုတဲ့ ဇာဇာထက်က တိုက်ခိုက်တဲ့သူများလေ ပိုသန်မာလေပဲမို့ ကျေးဇူးတင်တယ်နော် ❤️ တိုက်ခိုက်တဲ့သူတွေက ကျွန်မရဲ့motivation တွေပါ 💪🏻 ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြတ်ပြတ်သားသားပြောလာခဲ့ပါတယ်။ ဇာဇာထက်ကတော့
သူမရဲ့ဘဝက အိမ်ထောင်ကွဲဖို့ အကြောင်းဖြစ်နေရတဲ့ကြားထဲ အတိုက်အခိုက်တွေ ခံနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Zar Htet’s Facebook
Add a Comment
Your email address will not be published. Required fields are marked *