ခင်ပွန်းဖြစ်သူ ဥက္ကာဦးသာနဲ့ လမ်းခွဲပြတ်စဲခဲ့တာ (၂)နှစ်ကျော်ရှိပြီဆိုပြီး အိမ်ထောင်ရေးအခြေအနေကို ပြောပြခဲ့တဲ့ ရှင်ဖုန်း
Read in UNICODE
နှစ်အနည်းငယ်လောက်ပရိသတ်ရှေ့က ပျောက်သွားခဲ့ပေမယ့် ရှင်ဖုန်းကတော့ အခုချိန်မှာဆိုရင်တော့ သီချင်းတွေပြန်လည်သီဆိုနေပြီဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကိုယ်ပိုင်သီချင်းအသစ်တစ်ပုဒ်ထွက်ထားသလို ခင်ဘုဏ်း၊ ယုဇနတို့နဲ့အတူ အဖွဲ့လိုက်သီချင်းလေးလည်း
ထွက်ရှိထားပါသေးတယ် ယနေ့မှာတော့ ရှင်ဖုန်းကတော့ ခင်ပွန်းဖြစ်သူ ဥက္ကာဦးသာနဲ့ ရေစက်ကုန်လို့ လမ်းခွဲခဲ့ကြတာ ၂ နှစ်လောက်ရှိပြီလို့ ပရိသတ်ကို အသိပေးပြောလာပါတယ်။ ရှင်ဖုန်းက ” အကျိုးရှိလို့ အကြောင်းဖြစ်လာတာဆိုတော့လေ တစ်ယောက်နဲ့တစ်ယောက်က ရေစက်ကုန်တဲ့အခါကျတော့
ကို့လမ်းကို လျှောက်ရတာပေါ့နော်။ ရှင်ဖုန်းတို့တွေက ခုချိန်မှာမိတ်ဆွေတွေလိုပဲ ရှိနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီနိုင်တာလဲကူညီတယ်။ အဆင်မပြေလို့ ကိုဘာကို ကို့လမ်းကိုလျှောက်သွားကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ထိခိုက်အောင် ပြောဆိုတာ နစ်နာအောင်လုပ်တာတွေ
ရှင်ဖုန်းတို့မရှိပါဘူး။ အေးအေးချမ်းချမ်းပဲ ရှင်ဖုန်းတို့တွေ ကို့လမ်းကိုလျှောက်ပြီးတော့ အဆင်ပြေပြေရှိနေပါတယ်။ကိုဥက္ကာလဲ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းရှိတယ် ရှင်ဖုန်းလဲ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းရှိတယ် လိုအပ်တဲ့အချိန်မှာလဲ ကူညီနိုင်တာကူညီပေးကြပါတယ်” ဆိုပြီးပြောပြလာပါတယ်။ ရှင်ဖုန်းကတော့
နှစ်တွေအကြာကြီးလက်တွဲခဲ့တဲ့ အိမ်ထောင်ဖက်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တာ ဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ ရေပန်းစားနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်
Source : SY Myanmar
Add a Comment
Your email address will not be published. Required fields are marked *