အိမ်မှာအလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အကုန်လုံးကို ဖုန်းတစ်ယောက်တစ်လုံးစီ လက်ဆောင်ပေးခဲ့တဲ့ စမိုင်းလ်
Read in UNICODE
တစ်ချိန်က အနုပညာလောကမှာ သရုပ်ဆောင် စမိုင်းလ်ကတော့ လျှမ်းလျှမ်းတောက် အောင်မြ င်ခဲ့ ပြီး လက်ရှိမှာတော့ အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ မိသားစု တွေ နဲ့သာ အချိန်ကုန်နေလျက်ရှိပါတယ်။ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝတဲ့ စမိုင်းလ်က သူမ လက် လှမ်းမှီသလောက်
အလှူအတန်းတွေကို ပြုလုပ်လေ့ရှိပြီး အကူအညီလိုအပ်နေတဲ့ နေရာ တွေကိုလည်း ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေလျက်ရှိပါတယ်။ စမိုင်းလ်တို့ မိသားစုက လက်ရှိ ကိုဗစ်ကာလမှာလည်း Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်တွေအတွက် လိုအပ် တဲ့ ဆေးဝါးဆိုင်ရာပစ္စည်းတွေနဲ့ စားသောက်ရိက္ခာတွေကို
လှူဒါန်းပေးနေလျက်ရှိပါတယ်။ မကြာသေးခင်ကလည်း စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာသတင်းလေးတစ်ခု ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ အိမ်အကူ ဝန်ထမ်းများ အားလုံးကိုလည်း samsung ဖုန်း တယောက်တလုံး လက်ဆောင်ပေးခဲ့တာဖြစ်ပြီးဒီအကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ စမိုင်းလ်က ” ကိုယ့်အိမ်မှာ
အားထားရတဲ့သူတို့လေးတွေအတွက်လည်းဂုဏ်ပြုပေးရတာပေါ့။ security လည်းအရေးပါသလို ထမင်းဟင်းချက်သူ အိမ်သန့်ရှင်းရသူတွေဟာလည်းကျမတို့အိမ်ရဲ့မရှိမဖြစ်တန်ဖိုးရှိသူတွေပါ☺️” ဆိုကာ ပြောပြခဲ့ပါတယ်။ စမိုင်းလ်ကတော့
အိမ်ရှိအလုပ်သမားတွေကိုလည်း မိသားစုတွေလို သဘောထားကာ လက်ဆောင်ပစ္စည်း ပေးခဲ့တာ ဖြစ်ပါတယ်။စမိုင်းလ်တစ်ယောက်ကတော့ တကယ့်ကို အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်သူပါပဲနော် ပရိသတ်ကြီး သာဓုအနုမောဒနာခေါ်ဆိုနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်
Source : SY Myanmar
Add a Comment
Your email address will not be published. Required fields are marked *