ထက္ထက္မိုးဦး ရတနာပစၥည္းေတြေရာင္းခ်တဲ့ ေျပာပံုဆိုပံုေလးေတြ သေဘာက်လို႔ သိန္း(၄၀၀)ဖိုးေတာင္ အားေပးခဲ့တယ္ဆိုတဲ့ ေနျခည္ဦး

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး ေနျခည္ဦးကေတာ့ အႏုပညာေလာကမွာ ေတာက္ပလာတဲ့ၾကယ္ပြင့္ေလးတစ္ပြင့္ျဖစ္ပါတယ္ေနာ္။ေနျခည္ဦးက သူ႔ရဲ႕ပရိသတ္ေတြနဲ႔လည္း ရင္းရင္းႏွီးႏွီးဆက္ဆံၿပီး အၿမဲေပ်ာ္ေအာင္လုပ္ေပးတဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။ေနျခည္ဦးက ပြင့္လင္းစြာေျပာဆိုတတ္ၿပီး သြက္သြက္လက္လက္နဲ႔အရမ္းတက္ႂကြလြန္းသူျဖစ္လို႔ ပရိသတ္ေတြက သူမကိုခ်စ္မဝျဖစ္ေနၾကတာပါေနာ္။ေနျခည္ဦးက လက္ရွိအခ်ိန္မွာဆိုရင္ေတာ့ ရတနာဆိုင္ေတြအတြက္ Liveလႊင့္ၿပီးေရာင္းခ်ေပးေနသလို သူမကိုယ္တိုင္လည္း ရတနာေတြဝယ္စုေနတာျဖစ္ပါတယ္။ေနျခည္ဦးက လူငယ္ပီပီ စတိုင္လ္ခပ္မိုက္မိုက္ေလးေနတတ္ၿပီး ေခတ္ေရစီးေၾကာင္းနဲ႔အညီဖက္ရွင္က်စြာ ဝတ္ဆင္တတ္ပါတယ္ေနာ္။ေနျခည္ဦးက သူမရဲ႕တစ္ေန႔တာလႈပ္ရွားမႈမွန္သမွ်ကိုလည္း အၿမဲမျပတ္မွ်ေဝေပးေလ့ရွိၿပီး ဘယ္အေၾကာင္းကိုအရာမဆို အရမ္းပြင့္လင္းတာျဖစ္ပါတယ္။

ဒီအင္တာဗ်ဳူးေလးမွာေတာ့ လူငယ္သ႐ုပ္ေဆာင္ ေနျခည္ဦးက စီနီယာအမႀကီးျဖစ္သူ ထက္ထက္မိုးဦးေဈးေရာင္းတာကို သေဘာက်လို႔ သိန္း (၄၀၀)ဖိုး အားေပးျဖစ္တဲ့အေၾကာင္း ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။

ေနျခည္ဦးအေနနဲ႔ ထက္ထက္မိုးဦးရဲ႕ Facebook Live ဗီဒီယိုေလးေတြကို ၾကည့္ရႈရင္း ေက်ာက္မ်က္ရတနာအေၾကာင္း စိတ္ဝင္စားမိခဲ့ၿပီး ဒီလုပ္ငန္းေလာကထဲဝင္ေရာက္လာတဲ့အခါ ႀကဳံေတြ႕ရတဲ့ စိန္ေခၚမႈေတြကို ေအာက္ပါအတိုင္း ေျပာျပပါတယ္။ “ေက်ာက္မ်က္ေလာကကို မထက္ရဲ႕ Live မွာ ေနျခည္က စၿပီးေတာ့သိတာ။ အစက ေနျခည္က နီလာဆိုတာ အနီလား၊ အျပာလား ဆိုတာေတာင္ လုံးဝမသိတဲ့ လူတစ္ေယာက္။ ဒီလိုလူတစ္ေယာက္က တကယ္တန္ဖိုးအရမ္းႀကီးတဲ့ ပစၥည္းေတြနဲ႔ ဒီလို ထိပ္တန္း Jewelry တစ္ခုနဲ႔ လက္တြဲရမွာျဖစ္တဲ့အတြက္ ေနျခည့္မွာ Pressure လည္း အရမ္းမ်ားခဲ့တယ္။ ကိုယ့္ဘက္က ႏွစ္ဆႀကိဳးစားရမယ္ဆိုတဲ့ စိတ္ရွိတာေပါ့ေနာ္။ ၿပီးေတာ့ ကိုယ္က ဒီမွာ အက်ိဳးအျမတ္လုံးဝမယူပဲနဲ႔ ရတဲ့အက်ိဳးအျမတ္ရဲ႕ % ကိုျပန္လႉမယ္ဆိုတဲ့ စိတ္နဲ႔ ေနျခည္က ပိုၿပီးေတာ့ လုပ္ေပးခ်င္တယ္။ ဝယ္ယူသူေတြကိုလည္း သူတို႔ဝယ္ယူတဲ့ ပစၥည္းေလးတစ္ခုဟာ ဒီေလာက္ျပန္လႉလို႔ရပါလား ဆိုတဲ့ စိတ္ေလး ျဖစ္ေစခ်င္တဲ့အတြက္ ေနျခည့္မွာ တာဝန္ယူမႈ အမ်ားႀကီးရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံက တြင္းထြက္သဘဝေက်ာက္ေတြ အရမ္းမ်ားတာပဲ။

အဲ့ေတာ့လိုက္ေလ့လာတဲ့ အခ်ိန္ေတြမွာလည္း ေနျခည္က ဆိုင္ေတြကို လိုက္ေလ့လာတယ္။ အထူးသျဖင့္ She Shines မွာေပါ့။ ေနျခည္ ေန႔ေရာညေရာ ေက်ာက္ေတြအေၾကာင္း ေလ့လာတယ္။ ကိုယ္စကားေျပာတဲ့အခါမွာလည္း တကယ္ကို သိတဲ့၊ နားလည္တဲ့ လူတစ္ေယာက္လိုျဖစ္ေအာင္ ေနျခည္အမ်ားႀကီး ေလ့က်င့္ခဲ့ပါတယ္။ လိုအပ္မႈေတြလည္း အမ်ားႀကီး ရွိခဲ့တယ္။ ဒါေပမယ့္ She Shines ရဲ႕ ပစၥည္းေလးေတြကို ယုံၾကည္တာ ျဖစ္တဲ့အတြက္ ယုံယုံၾကည္ၾကည္ေရာင္းေပးတဲ့အခါမွာ ဝယ္ယူတဲ့ပရိသတ္ေတြဆီကလည္း ေတာ္ေတာ္ကို satisfied ျဖစ္တယ္လို႔ ျပန္ၾကားရပါတယ္။”

သူမအေနနဲ႔ အြန္လိုင္းေပၚမွာ ပထမဦးဆုံးေဈးေရာင္းဖူးတဲ့ အေတြ႕အႀကဳံေလးနဲ႔ ပတ္သတ္လို႔လည္း ေအာက္ပါအတိုင္း ရွင္းျပပါတယ္။ “ပထမဦးဆုံးအေတြ႕အႀကဳံက အဲ့ဒီလိုမ်ိဳး သိန္းေထာင္ခ်ီတဲ့ ဘယက္ေတြကို ဝယ္ေပးသြားတဲ့ customer ေတြကို အရမ္းလည္း အံ့လည္း အံ့ဩတယ္၊ အရမ္းလည္း ဝမ္းသာတာေပါ့ေနာ္။ ကိုယ္ကက်ေတာ့ ဒီလိုင္းက မဟုတ္ဘူးေလ။ အဲ့ေတာ့ ကိုယ္ေျပာတဲ့ဟာတစ္ခုကို ခ်ီခ်ီေလးေရာင္းေပးလို႔ ဆိုၿပီး ဝယ္တဲ့ဟာတစ္ခုနဲ႔တင္ ေနျခည္က ေက်းဇူးအမ်ားႀကီး တင္တာေပါ့ေနာ္။ ဘဝမွာ ဒီလိုမ်ိဳးႀကီးေတြ ထိခြင့္ရမယ္၊ ဝတ္ခြင့္ရမယ္ ဆိုတာကလည္း ေနျခည္ရဲ႕ အသက္အ႐ြယ္ေရာ၊ ေနျခည္ရဲ႕ အလုပ္ကေရာ အရမ္းငယ္ေသးတယ္လို႔ ေနျခည္ထင္တယ္။ ဒါေပမယ့္ ကိုယ့္ကို ယုံၾကည္မႈတစ္ခု၊ Brand ကို ယုံၾကည္မႈတစ္ခုနဲ႔ လုပ္တဲ့အခါ ပထမဦးဆုံးေန႔မွာတင္ အရမ္းေပ်ာ္တယ္။ ေနာက္ဆုံးေန႔ကေတာ့ တကယ္ကို ဝက္ဝက္ကြဲ အ​ေရာင္းရဆုံး ေန႔ေပါ့ေနာ္။ အဲ့ေတာ့ ေနာက္ဆုံးပိတ္ကို တကယ္ကို အိတ္နဲ႔လြယ္ၿပီးေတာ့ ေရာင္းလို႔ရေအာင္၊ လႉလို႔ရေအာင္ ကူညီေပးတဲ့ ေနျခည့္ရဲ႕ customer ေတြအားလုံးကို အမ်ားႀကီး ေက်းဇူးတင္ပါတယ္။”

ထက္ထက္မိုးဦးရဲ႕ ေဈးေရာင္းတဲ့ ဟန္ပန္အမူအရာေလးေတြကို သေဘာက်မိပုံနဲ႔ ပတ္သတ္လို႔လည္း ေနျခည္က ေအာက္ပါအတိုင္း ေျဖၾကားခဲ့ပါေသးတယ္။ “မထက္ရဲ႕ စကားေျပာပုံဆိုပုံေလးက ကိုယ့္လို တစ္ခါမွ လက္ဝတ္ရတနာမဝယ္ဖူးတဲ့လူေတာင္ သိန္း(၄၀၀)ဖိုး ဝယ္တယ္ဆိုေတာ့ စဥ္းစားၾကည့္ေပါ့ေနာ္။ တစ္ခါမွလည္း ကိုယ့္မွာ လက္ဝတ္ရတနာရယ္လို႔ မရွိဘူး။ ေနျခည္က ဒီဇိုင္နာပစၥည္းေတြ ပိုႀကိဳက္တတ္တယ္။ ဒီလို ေက်ာက္မ်က္လက္ဝတ္ရတနာေတြကို ေနျခည္က လုံးဝမႀကိဳက္တတ္ဘူးဆိုေတာ့ မထက္ရဲ႕စန္းနဲ႔ မထက္ရဲ႕ပရိသတ္ေတြကို ျပန္ၿပီးေတာ့ သူေရာင္းခ်ေပးတာေတြက ေနျခည့္ကို အမ်ားႀကီး ဆြဲေဆာင္ေစတယ္။ ဒီလိုမ်ိဳး ျဖစ္လာေအာင္လည္း ဒါက မထက္ရဲ႕ေက်းဇူးေတြ တစ္စိတ္တစ္ပိုင္း ပါတယ္။ သူ႔ေၾကာင့္ပဲ ေနျခည္ ေက်ာက္မ်က္ရတနာေတြကို ပိုၿပီးစိတ္ဝင္စားလာတယ္။ သူ႔ေၾကာင့္ပဲ ဒီေလာကထဲကို ေနျခည္ဝင္လာၿပီးေတာ့ ကိုယ္ကိုတိုင္ ေက်ာက္မ်က္ခ်စ္သူတစ္ေယာက္ ျဖစ္လာတာေပါ့။”

ဒီေန႔မွာေတာ့ သ႐ုပ္ေဆာင္ေနျခည္ဦးက လႉဒါန္းမႈေလးတစ္ခုကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီေန႔အလႉေလးနဲ႔ပတ္သတ္လို႔ အခုလို ရွင္းျပပါတယ္။ “ပထမဆုံးေျပာရရင္ေတာ့ေလ ကိုယ္တစ္ေယာက္တည္းရဲ႕ အားနဲ႔ဆို ေနျခည္ဒီေလာက္ႀကီး မလႉႏိုင္ဘူးေပါ့ေနာ္။ ဒါေၾကာင့္ ေနျခည္က လုပ္အားကို ပိုၿပီးေတာ့ ထည့္ျဖစ္တယ္။ ဒါက စုေပါင္းအလႉျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးအလႉေလးကို အထေျမာက္သြားျဖစ္ေအာင္ လုပ္ခြင့္ရတဲ့အတြက္ ေနျခည္ ပီတိအရမ္းျဖစ္ပါတယ္။ ဒါ စုေပါင္းအလႉျဖစ္တဲ့အတြက္၊ ေနျခည္ကိုယ္တိုင္လည္း လာလႉေပးရတဲ့အတြက္ လႉတဲ့သူေတြကလည္း ကုသိုလ္အမ်ားႀကီးရမယ္။ ဒီလိုမ်ိဳး မီဒီယာကေနတစ္ဆင့္ ၾကားသိခဲ့ရတဲ့သူေတြကလည္း ကုသိုလ္အရမ္းရမယ္ဆိုတဲ့ စိတ္နဲ႔ အရမ္းပီတိျဖစ္ပါတယ္။ ၿပီးေတာ့ အခက္အခဲေတြ အမ်ားႀကီးရွိတယ္ ဆိုတာကိုလည္း ေနျခည္ေတြ႕ရတဲ့အတြက္ အရမ္းလည္းစိတ္မေကာင္းဘူးေပါ့ေနာ္။ ေနာက္ပိုင္းေတြမွာလည္း ကိုယ္တတ္ႏိုင္တဲ့ ေငြအားနဲ႔ေသာ္လည္းေကာင္း၊ လုပ္အားဒါနနဲ႔ေသာ္လည္းေကာင္း ေနျခည္အမ်ားႀကီးလုပ္ေပးဖို႔ အစီအစဥ္ေတြ အမ်ားႀကီးရွိပါတယ္​။ ဒါေလးက ေနျခည္တို႔ရဲ႕ ပထမဆုံးစလိုက္တဲ့ project အႀကီးေပါ့။ ေနာက္ပိုင္းမွာလည္း ေနျခည္လႉႏိုင္သေလာက္ တျခားကုမၸဏီေတြ၊ တျခား brand ေတြနဲ႔ေပါင္းၿပီးလႉဒါန္းခ်င္ပါေသးတယ္။”

ပရိသတ္ႀကီးတို႔ေရ ဒီေန႔မွာေတာ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေလးေနျခည္ဦးက သူမရဲ႕ ေက်ာက္မ်က္ရတနာပစၥည္းေရာင္းခ်ရတဲ့ အေတြ႕အႀကဳံနဲ႔ သူမ ဒီလုပ္ငန္းအေပၚ စိတ္ဝင္စားလာေအာင္ ထက္ထက္မိုးဦးက လႊမ္းမိုးခဲ့ပုံကို ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။ အခုလို ေက်ာက္မ်က္ရတနာ ေရာင္းခ်ၿပီး သူမတတ္ႏိုင္သ​ေလာက္ ကူညီလႉဒါန္းေပးေနတဲ့ ေနျခည္ဦးအေပၚမွာ ပရိသတ္တို႔ရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ပါအုံးေနာ္။

Read in UNICODE

ပရိသတ်ကြီးရေ မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကမှာ တောက်ပလာတဲ့ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ပါတယ်နော်။နေခြည်ဦးက သူ့ရဲ့ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးဆက်ဆံပြီး အမြဲပျော်အောင်လုပ်ပေးတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။နေခြည်ဦးက ပွင့်လင်းစွာပြောဆိုတတ်ပြီး သွက်သွက်လက်လက်နဲ့အရမ်းတက်ကြွလွန်းသူဖြစ်လို့ ပရိသတ်တွေက သူမကိုချစ်မဝဖြစ်နေကြတာပါနော်။နေခြည်ဦးက လက်ရှိအချိန်မှာဆိုရင်တော့ ရတနာဆိုင်တွေအတွက် Liveလွှင့်ပြီးရောင်းချပေးနေသလို သူမကိုယ်တိုင်လည်း ရတနာတွေဝယ်စုနေတာဖြစ်ပါတယ်။နေခြည်ဦးက လူငယ်ပီပီ စတိုင်လ်ခပ်မိုက်မိုက်လေးနေတတ်ပြီး ခေတ်ရေစီးကြောင်းနဲ့အညီဖက်ရှင်ကျစွာ ဝတ်ဆင်တတ်ပါတယ်နော်။နေခြည်ဦးက သူမရဲ့တစ်နေ့တာလှုပ်ရှားမှုမှန်သမျှကိုလည်း အမြဲမပြတ်မျှဝေပေးလေ့ရှိပြီး ဘယ်အကြောင်းကိုအရာမဆို အရမ်းပွင့်လင်းတာဖြစ်ပါတယ်။

ဒီအင်တာဗျုူးလေးမှာတော့ လူငယ်သရုပ်ဆောင် နေခြည်ဦးက စီနီယာအမကြီးဖြစ်သူ ထက်ထက်မိုးဦးဈေးရောင်းတာကို သဘောကျလို့ သိန်း (၄၀၀)ဖိုး အားပေးဖြစ်တဲ့အကြောင်း ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

နေခြည်ဦးအနေနဲ့ ထက်ထက်မိုးဦးရဲ့ Facebook Live ဗီဒီယိုလေးတွေကို ကြည့်ရှုရင်း ကျောက်မျက်ရတနာအကြောင်း စိတ်ဝင်စားမိခဲ့ပြီး ဒီလုပ်ငန်းလောကထဲဝင်ရောက်လာတဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို အောက်ပါအတိုင်း ပြောပြပါတယ်။ “ကျောက်မျက်လောကကို မထက်ရဲ့ Live မှာ နေခြည်က စပြီးတော့သိတာ။ အစက နေခြည်က နီလာဆိုတာ အနီလား၊ အပြာလား ဆိုတာတောင် လုံးဝမသိတဲ့ လူတစ်ယောက်။ ဒီလိုလူတစ်ယောက်က တကယ်တန်ဖိုးအရမ်းကြီးတဲ့ ပစ္စည်းတွေနဲ့ ဒီလို ထိပ်တန်း Jewelry တစ်ခုနဲ့ လက်တွဲရမှာဖြစ်တဲ့အတွက် နေခြည့်မှာ Pressure လည်း အရမ်းများခဲ့တယ်။ ကိုယ့်ဘက်က နှစ်ဆကြိုးစားရမယ်ဆိုတဲ့ စိတ်ရှိတာပေါ့နော်။ ပြီးတော့ ကိုယ်က ဒီမှာ အကျိုးအမြတ်လုံးဝမယူပဲနဲ့ ရတဲ့အကျိုးအမြတ်ရဲ့ % ကိုပြန်လှူမယ်ဆိုတဲ့ စိတ်နဲ့ နေခြည်က ပိုပြီးတော့ လုပ်ပေးချင်တယ်။ ဝယ်ယူသူတွေကိုလည်း သူတို့ဝယ်ယူတဲ့ ပစ္စည်းလေးတစ်ခုဟာ ဒီလောက်ပြန်လှူလို့ရပါလား ဆိုတဲ့ စိတ်လေး ဖြစ်စေချင်တဲ့အတွက် နေခြည့်မှာ တာဝန်ယူမှု အများကြီးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက တွင်းထွက်သဘဝကျောက်တွေ အရမ်းများတာပဲ။

အဲ့တော့လိုက်လေ့လာတဲ့ အချိန်တွေမှာလည်း နေခြည်က ဆိုင်တွေကို လိုက်လေ့လာတယ်။ အထူးသဖြင့် She Shines မှာပေါ့။ နေခြည် နေ့ရောညရော ကျောက်တွေအကြောင်း လေ့လာတယ်။ ကိုယ်စကားပြောတဲ့အခါမှာလည်း တကယ်ကို သိတဲ့၊ နားလည်တဲ့ လူတစ်ယောက်လိုဖြစ်အောင် နေခြည်အများကြီး လေ့ကျင့်ခဲ့ပါတယ်။ လိုအပ်မှုတွေလည်း အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် She Shines ရဲ့ ပစ္စည်းလေးတွေကို ယုံကြည်တာ ဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်ရောင်းပေးတဲ့အခါမှာ ဝယ်ယူတဲ့ပရိသတ်တွေဆီကလည်း တော်တော်ကို satisfied ဖြစ်တယ်လို့ ပြန်ကြားရပါတယ်။”

သူမအနေနဲ့ အွန်လိုင်းပေါ်မှာ ပထမဦးဆုံးဈေးရောင်းဖူးတဲ့ အတွေ့အကြုံလေးနဲ့ ပတ်သတ်လို့လည်း အောက်ပါအတိုင်း ရှင်းပြပါတယ်။ “ပထမဦးဆုံးအတွေ့အကြုံက အဲ့ဒီလိုမျိုး သိန်းထောင်ချီတဲ့ ဘယက်တွေကို ဝယ်ပေးသွားတဲ့ customer တွေကို အရမ်းလည်း အံ့လည်း အံ့ဩတယ်၊ အရမ်းလည်း ဝမ်းသာတာပေါ့နော်။ ကိုယ်ကကျတော့ ဒီလိုင်းက မဟုတ်ဘူးလေ။ အဲ့တော့ ကိုယ်ပြောတဲ့ဟာတစ်ခုကို ချီချီလေးရောင်းပေးလို့ ဆိုပြီး ဝယ်တဲ့ဟာတစ်ခုနဲ့တင် နေခြည်က ကျေးဇူးအများကြီး တင်တာပေါ့နော်။ ဘဝမှာ ဒီလိုမျိုးကြီးတွေ ထိခွင့်ရမယ်၊ ဝတ်ခွင့်ရမယ် ဆိုတာကလည်း နေခြည်ရဲ့ အသက်အရွယ်ရော၊ နေခြည်ရဲ့ အလုပ်ကရော အရမ်းငယ်သေးတယ်လို့ နေခြည်ထင်တယ်။ ဒါပေမယ့် ကိုယ့်ကို ယုံကြည်မှုတစ်ခု၊ Brand ကို ယုံကြည်မှုတစ်ခုနဲ့ လုပ်တဲ့အခါ ပထမဦးဆုံးနေ့မှာတင် အရမ်းပျော်တယ်။ နောက်ဆုံးနေ့ကတော့ တကယ်ကို ဝက်ဝက်ကွဲ အရောင်းရဆုံး နေ့ပေါ့နော်။ အဲ့တော့ နောက်ဆုံးပိတ်ကို တကယ်ကို အိတ်နဲ့လွယ်ပြီးတော့ ရောင်းလို့ရအောင်၊ လှူလို့ရအောင် ကူညီပေးတဲ့ နေခြည့်ရဲ့ customer တွေအားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။”

ထက်ထက်မိုးဦးရဲ့ ဈေးရောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကို သဘောကျမိပုံနဲ့ ပတ်သတ်လို့လည်း နေခြည်က အောက်ပါအတိုင်း ဖြေကြားခဲ့ပါသေးတယ်။ “မထက်ရဲ့ စကားပြောပုံဆိုပုံလေးက ကိုယ့်လို တစ်ခါမှ လက်ဝတ်ရတနာမဝယ်ဖူးတဲ့လူတောင် သိန်း(၄၀၀)ဖိုး ဝယ်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့နော်။ တစ်ခါမှလည်း ကိုယ့်မှာ လက်ဝတ်ရတနာရယ်လို့ မရှိဘူး။ နေခြည်က ဒီဇိုင်နာပစ္စည်းတွေ ပိုကြိုက်တတ်တယ်။ ဒီလို ကျောက်မျက်လက်ဝတ်ရတနာတွေကို နေခြည်က လုံးဝမကြိုက်တတ်ဘူးဆိုတော့ မထက်ရဲ့စန်းနဲ့ မထက်ရဲ့ပရိသတ်တွေကို ပြန်ပြီးတော့ သူရောင်းချပေးတာတွေက နေခြည့်ကို အများကြီး ဆွဲဆောင်စေတယ်။ ဒီလိုမျိုး ဖြစ်လာအောင်လည်း ဒါက မထက်ရဲ့ကျေးဇူးတွေ တစ်စိတ်တစ်ပိုင်း ပါတယ်။ သူ့ကြောင့်ပဲ နေခြည် ကျောက်မျက်ရတနာတွေကို ပိုပြီးစိတ်ဝင်စားလာတယ်။ သူ့ကြောင့်ပဲ ဒီလောကထဲကို နေခြည်ဝင်လာပြီးတော့ ကိုယ်ကိုတိုင် ကျောက်မျက်ချစ်သူတစ်ယောက် ဖြစ်လာတာပေါ့။”

ဒီနေ့မှာတော့ သရုပ်ဆောင်နေခြည်ဦးက လှူဒါန်းမှုလေးတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့အလှူလေးနဲ့ပတ်သတ်လို့ အခုလို ရှင်းပြပါတယ်။ “ပထမဆုံးပြောရရင်တော့လေ ကိုယ်တစ်ယောက်တည်းရဲ့ အားနဲ့ဆို နေခြည်ဒီလောက်ကြီး မလှူနိုင်ဘူးပေါ့နော်။ ဒါကြောင့် နေခြည်က လုပ်အားကို ပိုပြီးတော့ ထည့်ဖြစ်တယ်။ ဒါက စုပေါင်းအလှူဖြစ်တဲ့အတွက် ဒီလိုမျိုးအလှူလေးကို အထမြောက်သွားဖြစ်အောင် လုပ်ခွင့်ရတဲ့အတွက် နေခြည် ပီတိအရမ်းဖြစ်ပါတယ်။ ဒါ စုပေါင်းအလှူဖြစ်တဲ့အတွက်၊ နေခြည်ကိုယ်တိုင်လည်း လာလှူပေးရတဲ့အတွက် လှူတဲ့သူတွေကလည်း ကုသိုလ်အများကြီးရမယ်။ ဒီလိုမျိုး မီဒီယာကနေတစ်ဆင့် ကြားသိခဲ့ရတဲ့သူတွေကလည်း ကုသိုလ်အရမ်းရမယ်ဆိုတဲ့ စိတ်နဲ့ အရမ်းပီတိဖြစ်ပါတယ်။ ပြီးတော့ အခက်အခဲတွေ အများကြီးရှိတယ် ဆိုတာကိုလည်း နေခြည်တွေ့ရတဲ့အတွက် အရမ်းလည်းစိတ်မကောင်းဘူးပေါ့နော်။ နောက်ပိုင်းတွေမှာလည်း ကိုယ်တတ်နိုင်တဲ့ ငွေအားနဲ့သော်လည်းကောင်း၊ လုပ်အားဒါနနဲ့သော်လည်းကောင်း နေခြည်အများကြီးလုပ်ပေးဖို့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ ဒါလေးက နေခြည်တို့ရဲ့ ပထမဆုံးစလိုက်တဲ့ project အကြီးပေါ့။ နောက်ပိုင်းမှာလည်း နေခြည်လှူနိုင်သလောက် တခြားကုမ္ပဏီတွေ၊ တခြား brand တွေနဲ့ပေါင်းပြီးလှူဒါန်းချင်ပါသေးတယ်။”

ပရိသတ်ကြီးတို့ရေ ဒီနေ့မှာတော့ ပရိသတ်အချစ်တော် မင်းသမီးလေးနေခြည်ဦးက သူမရဲ့ ကျောက်မျက်ရတနာပစ္စည်းရောင်းချရတဲ့ အတွေ့အကြုံနဲ့ သူမ ဒီလုပ်ငန်းအပေါ် စိတ်ဝင်စားလာအောင် ထက်ထက်မိုးဦးက လွှမ်းမိုးခဲ့ပုံကို ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို ကျောက်မျက်ရတနာ ရောင်းချပြီး သူမတတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေတဲ့ နေခြည်ဦးအပေါ်မှာ ပရိသတ်တို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါအုံးနော်။

Source : PJ

Add a Comment

Your email address will not be published. Required fields are marked *