ပင္ပင္ပန္းပန္း အလုပ္အခ်ိန္ပိုဆင္းရင္းရတဲ့ထဲက ပိုက္ဆံေလး(၂)ေထာင္ကို လာလႉခဲ့တဲ့ အလႉရွင္ေၾကာင့္ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရတဲ့ ဒိန္းေဒါင္

ျပည္သူခ်စ္ဟာသအႏုပညာရွင္ႀကီးျဖစ္ၿပီး ဒိန္းေဒါင္ကေတာ့ အႏုပညာေလာကမွာေနရာတစ္ခုကိုအခိုင္အမာရယူထားႏိုင္သူျဖစ္သလို ေအာင္ျမင္ေနတဲ့ ထိပ္တန္း ဇာတ္ပို႔ သ႐ုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။ က်ရာေနရာမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ၿပီး ဟာသဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့တဲ့ ဒိန္းေဒါင္ကေတာ့

ယခုမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနခဲ့ပါတယ္။ လူခ်စ္လူခင္ေပါမ်ားတဲ့ ဒိန္းေဒါင္က ဟာသဥာဏ္႐ႊင္သလို ေပ်ာ္ေပ်ာ္လည္းေနတတ္တာေၾကာင့္ အားလုံးရဲ႕အခ်စ္ကိုရယူထားႏိုင္တာ ျဖစ္ပါတယ္ ။ မရွိလို႔မလႉ မလႉလို႔မရွိဆိုတဲ့စကားကို ရဲရဲဝံ့ဝံ့ခ်ိဳးေဖာက္လိုက္တဲ့

အမည္မသိအလႉရွင္ေၾကာင့္ ကိုခြၽန္တြန္းႀကီးတစ္ေယာက္ ဝမ္းသာ ဝမ္းနည္းျဖစ္ခဲ့ရပါတယ္။ လႉဒါန္းတဲ့ေငြေၾကး ပမာဏထက္ လႉခ်င္တဲ့စိတ္ကေလးကသာပိုၿပီးအေရးႀကီးတာမို႔ ဘယ္ေလာက္ပဲလႉလႉ ဂုဏ္ျပဳမွတ္တမ္းေလးေတြ တကူးတကျပန္လုပ္ေပးတတ္ပါေသးတယ္။ ဒီေန႔မွာလည္း အခ်ိန္ပိုေၾကး (၄၀၀၀) ရတဲ့အထဲကမွ

ခြၽန္တြန္းပရဟိတအတြက္ ေငြက်ပ္ (၂၀၀၀) လာေရာက္လႉဒါန္းေပးခဲ့ၿပီး နာမည္ေမးတဲ့အခ်ိန္မွာေတာ့ ” မေျပာေတာ့ပါဘူးဗ်ာ ” ဆိုၿပီး ေျပာခဲ့ပါတယ္။ လႉခ်င္တဲ့စိတ္ကေလးကိုက ေလးစားစရာ ေကာင္းေနၿပီမို႔ ဒိန္းေဒါင္ကေတာ့ အလႉရွင္ကို သတိတရနဲ႔ လူမႈကြန္ရက္မွာေဖာ္ျပေပးခဲ့ပါတယ္။ ဒီအေၾကာင္းေလးကို ” ခင္ဗ်ားကအမည္မေဖာ္ေပမဲ့ကြၽန္ေတာ့္ႏွလုံးသားမွာ

အၿမဲမွတ္တမ္းတင္ ထားပါတယ္ဗ်ာ ” ဆိုၿပီး ေျပာျပလာ ခဲ့တာပါ။ ေစတနာေကာင္းတဲ့အခါမွာ ေကာင္းတဲ့ကံေတြလည္း ကိုယ့္စီေရာက္လာမွာပါ။ အလႉရွင္အားလုံး စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ပြည်သူချစ်ဟာသအနုပညာရှင်ကြီးဖြစ်ပြီး ဒိန်းဒေါင်ကတော့ အနုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်သူဖြစ်သလို အောင်မြင်နေတဲ့ ထိပ်တန်း ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်ပြီး ဟာသဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒိန်းဒေါင်ကတော့

ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ လူချစ်လူခင်ပေါများတဲ့ ဒိန်းဒေါင်က ဟာသဉာဏ်ရွှင်သလို ပျော်ပျော်လည်းနေတတ်တာကြောင့် အားလုံးရဲ့အချစ်ကိုရယူထားနိုင်တာ ဖြစ်ပါတယ် ။ မရှိလို့မလှူ မလှူလို့မရှိဆိုတဲ့စကားကို ရဲရဲဝံ့ဝံ့ချိုးဖောက်လိုက်တဲ့

အမည်မသိအလှူရှင်ကြောင့် ကိုချွန်တွန်းကြီးတစ်ယောက် ဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့ရပါတယ်။ လှူဒါန်းတဲ့ငွေကြေး ပမာဏထက် လှူချင်တဲ့စိတ်ကလေးကသာပိုပြီးအရေးကြီးတာမို့ ဘယ်လောက်ပဲလှူလှူ ဂုဏ်ပြုမှတ်တမ်းလေးတွေ တကူးတကပြန်လုပ်ပေးတတ်ပါသေးတယ်။ ဒီနေ့မှာလည်း အချိန်ပိုကြေး (၄၀၀၀) ရတဲ့အထဲကမှ

ချွန်တွန်းပရဟိတအတွက် ငွေကျပ် (၂၀၀၀) လာရောက်လှူဒါန်းပေးခဲ့ပြီး နာမည်မေးတဲ့အချိန်မှာတော့ ” မပြောတော့ပါဘူးဗျာ ” ဆိုပြီး ပြောခဲ့ပါတယ်။ လှူချင်တဲ့စိတ်ကလေးကိုက လေးစားစရာ ကောင်းနေပြီမို့ ဒိန်းဒေါင်ကတော့ အလှူရှင်ကို သတိတရနဲ့ လူမှုကွန်ရက်မှာဖော်ပြပေးခဲ့ပါတယ်။ ဒီအကြောင်းလေးကို ” ခင်ဗျားကအမည်မဖော်ပေမဲ့ကျွန်တော့်နှလုံးသားမှာ

အမြဲမှတ်တမ်းတင် ထားပါတယ်ဗျာ ” ဆိုပြီး ပြောပြလာ ခဲ့တာပါ။ စေတနာကောင်းတဲ့အခါမှာ ကောင်းတဲ့ကံတွေလည်း ကိုယ့်စီရောက်လာမှာပါ။ အလှူရှင်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Dain Daung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *