႐ိုး႐ိုးသားစား ႀကိဳးႀကိဳးစားစားနဲ႔ စပါးတြဲေရာင္းတဲ့ ေကာင္ေလးရဲ႕ စိတ္ဓာတ္ကို ေလးစားမိတယ္ဆိုတဲ့ ခ်မ္းမီမီကို

အႏုပညာေလာကမွာ တစ္ခ်ိန္က ပရိသတ္အခိုင္အမာနဲ႔ ေၾကာ္ျငာေတြအျပင္ ဇာတ္ကားေတြမ်ားစြာ ႐ိုက္ကူးထားတဲ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ခ်မ္းမီမီကို ကိုေတာ့ ပရိသတ္ေတြ အမွတ္ရေနၾကဦးမွာပါေနာ္..။ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ တစ္ေခတ္တစ္ခါထဲက က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ အႏုပညာစြမ္းရည္ေတြကို ထုတ္ျပခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမွဳကို တခဲနက္ယူႏိုင္ခဲ့သူကေတာ့

ခ်မ္းမီမီကို ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းသလို အရပ္ရွည္ရွည္နဲ႔ စမတ္က်တဲ့ ဖက္ရွင္ေလးေတြအျပင္ ခ်စ္စရာေကာင္းတဲ့ ဟန္ပန္အမူအရာေလးေတြေၾကာင့္ ပရိသတ္ေတြရင္ထဲ ေရာက္ရွိခဲ့တဲ့ ခ်မ္းမီမီကိုဟာ အခုဆိုရင္ အႏုပညာေလာကထဲကို တစ္ေက်ာ့ျပန္ ဝင္ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္ေနာ္..။ေဈးေရာင္းစားတာဟာရွက္စရာမဟုတ္ပါဘူး။ သူမ်ားပစၥည္းအေခ်ာင္မလိုခ်င္ဘဲ ကိုယ္တတ္ႏိုင္သေလာက္အားေလးနဲ႔

႐ိုး႐ိုးသားသားေဈးေရာင္းစားတာဟာ ဂုဏ္ယူစရာေတာင္ ေကာင္းေနပါေသးတယ္။ ခ်ိဳ႕တဲ့တဲ့ ကေလးေတြျမင္ရင္အမ်ားစုက စာနာစိတ္နဲ႔ေငြေပးၿပီး ကူညီတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကေလးေတြကေတာ့ ေငြကိုအလကားမယူဘဲ သူတို႔ေရာင္းတဲ့ ပစၥည္းေလးေတြကို တန္ရာတန္ေၾကးအျဖစ္ေပးတတ္ၾကပါေသးတယ္။ ဒီထဲမွာေတာ့ ခ်မ္းမီႀကဳံခဲ့ရတဲ့ စပါးတြဲေရာင္းတဲ့ ေကာင္ေလးလည္း အပါအဝင္ျဖစ္ခဲ့ပါတယ္။ ဒီအေၾကာင္းေလးကို ” ေကာင္ေလးရဲ႕ႀကိဳးစားခ်င္စိတ္ တစ္ေန႔ ကြၽန္မအိမ္ေရွ႕သို႔ နံနက္ေစာေစာ

ငွက္စာလာလာလာေရာင္းတတ္တဲ့ လူငယ္ေလးတစ္ဦးရွိသည္။ ကြၽန္မ ေန႔စဥ္ (၂၀၀၀) ဖိုး အၿမဲဝယ္အားေပးေလ့ရွိတယ္။ တစ္ခါတစ္ခါ ကြၽန္မလည္းအိမ္မွာအၿမဲရွိမေန တတ္ဘူး‌ေလ။ ဒါေပမဲ့ သူပုံမွန္လာေရာင္းရွာတယ္ ။ကြၽန္မလည္းတစ္ေန႔ ေငြ (၃) ေသာင္းသူ႔ကိုေပးလိုက္တယ္။ ေန႔စဥ္ ငွက္စာလာခ်ိတ္ေပးပါလို႔ ကြၽန္မေျပာခဲ့ပါသည္။ ဘာပဲေျပာေျပာ ေငြ (၃) ေသာင္းဟာ သူအတြက္ ေျပာမျပတတ္ေအာင္ဝမ္းသာသြားခဲ့ တယ္။ ” ကြၽန္မလည္း လာခ်ိတ္ခ်ိတ္

မခ်ိတ္ခ်ိတ္ လႉတယ္လို႔သေဘာထားျဖစ္ခဲ့တယ္ရွင့္။ ထိုလူငယ္ ပုံမွန္အိမ္‌ေရွ႕အၿမဲလာခ်ိတ္ေပးခဲ့တယ္ ကြၽန္မ မရွိတဲ့အခ်ိန္ေတြေရာေပါ့။ တစ္ေန႔ ကြၽန္မခရီးက ျပန္လာေတာ့ လာခ်ိတ္လြန္းလို႔ေလ ေျမာင္းမွာ စပါးပင္ေလးေတြေတာင္ ေပါက္ေနတဲ့ျမင္ကြင္း ကြၽန္မျမင္ခဲ့ရတယ္။ ဘာပဲေျပာေျပာေပ်ာ္တယ္ ခ်စ္စရာကေလးငယ္ငယ္ ျမန္မာလူငယ္ေလး ေတြရဲ႕ ႀကိဳးစားတဲ့စိတ္ဓာတ္ သစၥာရွိမႈေလး ေလးစားမိပါတယ္ရွင့္။ ” ဆိုၿပီး သူမက ေျပာျပလာခဲ့ပါတယ္။

Read in UNICODE

အနုပညာလောကမှာ တစ်ချိန်က ပရိသတ်အခိုင်အမာနဲ့ ကြော်ငြာတွေအပြင် ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ချမ်းမီမီကို ကိုတော့ ပရိသတ်တွေ အမှတ်ရနေကြဦးမှာပါနော်..။ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ တစ်ခေတ်တစ်ခါထဲက ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် အနုပညာစွမ်းရည်တွေကို ထုတ်ပြခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ယူနိုင်ခဲ့သူကတော့

ချမ်းမီမီကို ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အရပ်ရှည်ရှည်နဲ့ စမတ်ကျတဲ့ ဖက်ရှင်လေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့တဲ့ ချမ်းမီမီကိုဟာ အခုဆိုရင် အနုပညာလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်နော်..။ဈေးရောင်းစားတာဟာရှက်စရာမဟုတ်ပါဘူး။ သူများပစ္စည်းအချောင်မလိုချင်ဘဲ ကိုယ်တတ်နိုင်သလောက်အားလေးနဲ့

ရိုးရိုးသားသားဈေးရောင်းစားတာဟာ ဂုဏ်ယူစရာတောင် ကောင်းနေပါသေးတယ်။ ချို့တဲ့တဲ့ ကလေးတွေမြင်ရင်အများစုက စာနာစိတ်နဲ့ငွေပေးပြီး ကူညီတတ်ကြပါတယ်။ တစ်ချို့ကလေးတွေကတော့ ငွေကိုအလကားမယူဘဲ သူတို့ရောင်းတဲ့ ပစ္စည်းလေးတွေကို တန်ရာတန်ကြေးအဖြစ်ပေးတတ်ကြပါသေးတယ်။ ဒီထဲမှာတော့ ချမ်းမီကြုံခဲ့ရတဲ့ စပါးတွဲရောင်းတဲ့ ကောင်လေးလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းလေးကို ” ကောင်လေးရဲ့ကြိုးစားချင်စိတ် တစ်နေ့ ကျွန်မအိမ်ရှေ့သို့ နံနက်စောစော

ငှက်စာလာလာလာရောင်းတတ်တဲ့ လူငယ်လေးတစ်ဦးရှိသည်။ ကျွန်မ နေ့စဉ် (၂၀၀၀) ဖိုး အမြဲဝယ်အားပေးလေ့ရှိတယ်။ တစ်ခါတစ်ခါ ကျွန်မလည်းအိမ်မှာအမြဲရှိမနေ တတ်ဘူး‌လေ။ ဒါပေမဲ့ သူပုံမှန်လာရောင်းရှာတယ် ။ကျွန်မလည်းတစ်နေ့ ငွေ (၃) သောင်းသူ့ကိုပေးလိုက်တယ်။ နေ့စဉ် ငှက်စာလာချိတ်ပေးပါလို့ ကျွန်မပြောခဲ့ပါသည်။ ဘာပဲပြောပြော ငွေ (၃) သောင်းဟာ သူအတွက် ပြောမပြတတ်အောင်ဝမ်းသာသွားခဲ့ တယ်။ ” ကျွန်မလည်း လာချိတ်ချိတ်

မချိတ်ချိတ် လှူတယ်လို့သဘောထားဖြစ်ခဲ့တယ်ရှင့်။ ထိုလူငယ် ပုံမှန်အိမ်‌ရှေ့အမြဲလာချိတ်ပေးခဲ့တယ် ကျွန်မ မရှိတဲ့အချိန်တွေရောပေါ့။ တစ်နေ့ ကျွန်မခရီးက ပြန်လာတော့ လာချိတ်လွန်းလို့လေ မြောင်းမှာ စပါးပင်လေးတွေတောင် ပေါက်နေတဲ့မြင်ကွင်း ကျွန်မမြင်ခဲ့ရတယ်။ ဘာပဲပြောပြောပျော်တယ် ချစ်စရာကလေးငယ်ငယ် မြန်မာလူငယ်လေး တွေရဲ့ ကြိုးစားတဲ့စိတ်ဓာတ် သစ္စာရှိမှုလေး လေးစားမိပါတယ်ရှင့်။ ” ဆိုပြီး သူမက ပြောပြလာခဲ့ပါတယ်။

Source : Chan Mi Mi Ko’s Facebook

Add a Comment

Your email address will not be published. Required fields are marked *