အႏုပညာေလာကသားေတြ ၾကံဳေတြ႕ခံစားေနရတဲ့ အခက္အခဲေတြကိုျမင္ၿပီး စိတ္မေကာင္းျဖစ္ေနတယ္ဆိုတဲ့ ေနျခည္ဦး

ေနျခည္ဦးကေတာ့ ဒီေန႔ ( ႏိုဝင္ဘာလ ၁၇ ရက္) မနက္ပိုင္းက ရန္ကုန္ေဆး႐ုံႀကီး နဲ႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ အလႉအတန္းေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီေန႔ အလႉကေတာ့ ႐ုပ္ရွင္ေလာကသားေတြထဲက အေမမ်ားအဖြဲ႕၊ မမမ်ားအဖြဲ႕၊ ကိုလူေခ်ာအဖြဲ႕ နဲ႔ အဓိက သ႐ုပ္ေဆာင္ အေျခခံအလႊာ၊ ဇာတ္လမ္း၊ ဇာတ္ၫႊန္း အေျခခံအလႊာ မွ လုပ္သားေတြ အတြက္လႉဒါန္းခဲ့တာျဖစ္တယ္လို႔ ေနျခည္ဦးက ေျပာပါတယ္။ “ ဒီေန႔ကေတာ့ ေနျခည္က Sheshine Gym & Jewely နဲ႔

ေနျခည္ Online Live Sale လုပ္ျဖစ္ခဲ့တယ္။ (၃) ရက္အၾကာ ေဈးေရာင္းခဲ့တဲ့ အက်ိဳးအျမတ္ေတြထဲကမွ Sheshine ဘက္ကေနၿပီးေတာ့ သိန္း(၁၀၀၀) လႉဖို႔ Project ျပန္ေပးတာပါ။ ေနျခည္ကေတာ့ လုပ္အားအလႉေလးပဲ ပါခဲ့တာေပါ့ေနာ္။ ဒီေန႔ ေတာ့ အမွတ္တရျဖစ္ေအာင္ ရန္ကုန္ေဆး႐ုံႀကီးမွာရွိတဲ့ အေရးေပၚဌာနရယ္ ၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက အဖြဲ႕ဝင္ေတြကို စၿပီးေတာ့ လႉဒါန္းျဖစ္တာပါ” လို႔ သူက ဆိုပါတယ္။ေနျခည္ဦးဟာ

အခုလို အလႉအတန္းကို ကိုယ္တိုင္လုပ္ခြင့္ရတဲ့ အေပၚမွာလည္း ပီတိျဖစ္လို႔ေနပါတယ္။ ေလာကသားေတြရဲ႕ အခက္အခဲေတြကို ကိုယ္တိုင္ ေတြ႕ႀကဳံခဲ့ရတဲ့ အခ်ိန္မွာလည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ သူကဆိုပါတယ္။ “ အမွန္အတိုင္းေျပာရရင္ ကိုယ္တစ္ေယာက္တည္းအားနဲ႔ ေနျခည္ ဒီေလာက္အထိ မလႉႏိုင္ပါဘူး။ ဒါေၾကာင့္ အခုက စုေပါင္းအလႉေလးျဖစ္တာေၾကာင့္ လုပ္အားဒါနေလး ပါဝင္ျဖစ္တယ္။ ဒီအလႉေလး အထေျမာက္သြားေအာင္ လုပ္ခြင့္ရလို႔လည္း အရမ္းပီတိျဖစ္ရတယ္။ ေနျခည္ကိုယ္တိုင္

လာလႉရတဲ့ အလႉေလးျဖစ္လို႔ လႉတဲ့သူေတြကလည္း ကုသိုလ္ရမယ္၊ မီဒီယာေတြကေနတဆင့္ ၾကည့္မယ့္ ခ်ီလီေလးေတြလည္း ကုသိုလ္ရမယ္ ဆိုတဲ့ စိတ္နဲ႔ ပီတိျဖစ္တယ္။ ေလာကသားေတြလည္း အခက္အခဲေတြျဖစ္ေနတယ္ဆိုတာကို ကိုယ္တိုင္ေတြ႕ရ၊ ျမင္ရတဲ့ အတြက္ ေနျခည္ စိတ္မေကာင္းဘူး။ ေနာက္ပိုင္းေတြမွာလည္း ကိုယ္တတ္ႏိုင္တဲ့ လုပ္အားနဲ႔ေသာ္လည္းေကာင္း၊ ေငြအားနဲ႔ေသာ္လည္းေကာင္း ေနျခည္လုပ္ေပးဖို႔လည္း အစီအစဥ္ေတြ အမ်ားႀကီး ရွိပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လက္ရွိမွာေတာ့

ေနျခည္ဦးဟာ Beautybynaychi Facebook Page မွာလည္း ပရိသတ္ေတြနဲ႔ အဆက္မျပတ္သြားေအာင္ အလွအပေရးရာေတြ မွ်ေဝေနတာေတြ႕ရပါတယ္။ သူမက Beauty Blogger ဘဝနဲ႔ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလာတဲ့ သူတစ္ဦးပါ။ သူမက အခ်ိန္တိုေလးအတြင္းမွာ Beauty Blogger ဘဝကေန သ႐ုပ္ေဆာင္ေလာကထဲသို႔ ေရာက္ရွိလာသူ တစ္ဦးလည္း ျဖစ္ပါတယ္။ နာမည္ႀကီး မင္းသားမ်ားနဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ား၊ ဇာတ္လမ္းတြဲမ်ားကို ဆက္တိုက္ ဆိုသလို ႐ိုက္ကူးခဲ့ရပါတယ္။

Read in UNICODE

နေခြည်ဦးကတော့ ဒီနေ့ ( နိုဝင်ဘာလ ၁၇ ရက်) မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ အလှူကတော့ ရုပ်ရှင်လောကသားတွေထဲက အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ နဲ့ အဓိက သရုပ်ဆောင် အခြေခံအလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အခြေခံအလွှာ မှ လုပ်သားတွေ အတွက်လှူဒါန်းခဲ့တာဖြစ်တယ်လို့ နေခြည်ဦးက ပြောပါတယ်။ “ ဒီနေ့ကတော့ နေခြည်က Sheshine Gym & Jewely နဲ့

နေခြည် Online Live Sale လုပ်ဖြစ်ခဲ့တယ်။ (၃) ရက်အကြာ ဈေးရောင်းခဲ့တဲ့ အကျိုးအမြတ်တွေထဲကမှ Sheshine ဘက်ကနေပြီးတော့ သိန်း(၁၀၀၀) လှူဖို့ Project ပြန်ပေးတာပါ။ နေခြည်ကတော့ လုပ်အားအလှူလေးပဲ ပါခဲ့တာပေါ့နော်။ ဒီနေ့ တော့ အမှတ်တရဖြစ်အောင် ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ အရေးပေါ်ဌာနရယ် ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အဖွဲ့ဝင်တွေကို စပြီးတော့ လှူဒါန်းဖြစ်တာပါ” လို့ သူက ဆိုပါတယ်။နေခြည်ဦးဟာ

အခုလို အလှူအတန်းကို ကိုယ်တိုင်လုပ်ခွင့်ရတဲ့ အပေါ်မှာလည်း ပီတိဖြစ်လို့နေပါတယ်။ လောကသားတွေရဲ့ အခက်အခဲတွေကို ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အချိန်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။ “ အမှန်အတိုင်းပြောရရင် ကိုယ်တစ်ယောက်တည်းအားနဲ့ နေခြည် ဒီလောက်အထိ မလှူနိုင်ပါဘူး။ ဒါကြောင့် အခုက စုပေါင်းအလှူလေးဖြစ်တာကြောင့် လုပ်အားဒါနလေး ပါဝင်ဖြစ်တယ်။ ဒီအလှူလေး အထမြောက်သွားအောင် လုပ်ခွင့်ရလို့လည်း အရမ်းပီတိဖြစ်ရတယ်။ နေခြည်ကိုယ်တိုင်

လာလှူရတဲ့ အလှူလေးဖြစ်လို့ လှူတဲ့သူတွေကလည်း ကုသိုလ်ရမယ်၊ မီဒီယာတွေကနေတဆင့် ကြည့်မယ့် ချီလီလေးတွေလည်း ကုသိုလ်ရမယ် ဆိုတဲ့ စိတ်နဲ့ ပီတိဖြစ်တယ်။ လောကသားတွေလည်း အခက်အခဲတွေဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်တွေ့ရ၊ မြင်ရတဲ့ အတွက် နေခြည် စိတ်မကောင်းဘူး။ နောက်ပိုင်းတွေမှာလည်း ကိုယ်တတ်နိုင်တဲ့ လုပ်အားနဲ့သော်လည်းကောင်း၊ ငွေအားနဲ့သော်လည်းကောင်း နေခြည်လုပ်ပေးဖို့လည်း အစီအစဉ်တွေ အများကြီး ရှိပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ လက်ရှိမှာတော့

နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *