အြန္လိုင္းမွာ live လြင့္ၿပီးေစ်းေရာင္းရင္း ေတြ႕ၾကံဳရတဲ့ စိတ္ဖိစီးမႈေတြကို ရင္ဖြင့္ခဲ့တဲ့ ဆုျမတ္ႏိုးဦး

ဆုျမတ္ႏိုးဦးကေတာ့ ကင္မရာေရွ႕ လွလွေလးေနရတဲ့အလုပ္ဟာလြယ္ပါတယ္လို႔ပဲအားလုံးကထင္ၾကေပမယ့္ တကယ္တမ္းေတာ့ ဇာတ္ကား႐ိုက္တာပဲျဖစ္ျဖစ္ liveလႊင့္ေဈးေရာင္းရတာပဲျဖစ္ျဖစ္အလုပ္တိုင္းမွာ စိတ္ဖ္စိးမႈ စိတ္ရဲ႕ပင္ပန္းမႈ ဖိအားဆိုတာရွိတယ္ဆိုတဲ့အေၾကာင္းကို ပရိသတ္ေတြကို ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္ ။ ဇာတ္ကားေတြ႐ိုက္တဲ့အခ်ိန္မွာ

ငါသဘာဝက်ပါ့မလား.. ဇာတ္ေကာင္စ႐ိုက္နဲ႔ တထပ္ထဲက် ပီျပင္ပါ့မလား ဆိုတဲ့ပူပန္မႈေတြအထူးရွိသလို မကြၽမ္းက်င္တဲ့ Liveလႊင့္ေဈးေရာင္းတဲ့အခါမွာေတာ့ စိတ္ပင္ပန္းရမႈကအဆမ်ားစြာပိုပါတယ္လို႔ ဆိုပါတယ္ ။ ကိုယ္ေရာင္းေပးတဲ့ဆိုင္ေတြရဲ႕ဆိုင္ရွင္ေတြကို ေရာင္းရေစခ်င္တယ္ .. ဝယ္ယူအားေပးတဲ့သူေတြကိုတကယ္တန္တဲ့မွန္ကန္တဲ့ေဈးႏႈန္းေလးေတြနဲ႔ပိုင္ဆိုင္ရေစခ်င္တယ္.. အဲ့ထဲမွာမွ

ရွိလာတဲ့စုန္းျပဴးေတြးရဲ႕ရန္ေၾကာင့္ ဆိုင္ရွင္ေတြကိုအားနာရတယ္ မ်က္ႏွာပ်က္ရတယ္.. ၃နာရီ ၄နာရီစာ ဝန္ထုတ္ဝန္ပိုးေတြရယ္ .. တခါတေလေတာ့လဲေလ ဘာမွကိုမလုပ္ခ်င္ေတာ့ဘူး ရပ္တန္႔ထားလိုက္ခ်င္တဲ့စိတ္ရဲ႕ဖိအားေတြ စိတ္ဓာတ္က်တာေတြျဖစ္မိတယ္ လို႔ ပရိသတ္ေတြကို ေျပာျပခဲ့တာပါ ။ ဒါေပမယ့္လည္း ခက္ခဲတဲ့ကာလႀကီးမွာစားဝတ္ေနေရးရယ္ .. က်ားႀကီးရင္

ေျခရာႀကီးတဲ့စရိတ္စကေတြ.. ကိုယ့္ရဲ႕အနားက ခက္ခဲပင္ပန္းေနသူေတြရဲ႕မႏိုင္ဝန္ေတြကိုတေထာင့္တေနရာက ထမ္းေပးခ်င္ေနတဲ့စိတ္ေတြနဲ႔ အားတင္းရင္းေရွ႕ဆက္ေနပါတယ္ လို႔ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပခဲ့ပါတယ္ ။ သူမ တတ္ႏိုင္သေ႐ြ႕အင္အားေလးနဲ႔ ေရွ႕ဆက္ေနဖို႔နဲ႔

ခ်စ္ရတဲ့သူေတြ သူမ ရဲ႕အနီးတဝိုက္က ခက္ခဲပီးလိုအပ္ေနတဲ့သူေတြရဲ႕လိုအပ္ခ်က္ေလးေတြကိုတေထာင့္တေနရာကေနျဖည့္စည္းေပးေနခြင့္ေလးရရင္ပဲ ပင္ပန္းရသမွ်ေတြေျပေပ်ာက္ပါၿပီဆိုတဲ့ သူမရဲ႕ ေလးစားဖြယ္စိတ္ရင္းမွန္ေလးကေတာ့ တကယ္ကိုေလးစားစရာပါပဲေနာ္.။ ဆုျမတ္ႏိုးဦးကေတာ့ ကိုယ့္ရဲ႕ေစတနာမွန္ခဲ့ရင္ အၿမဲတမ္းေပးကမ္းႏိုင္တဲ့လက္တစုံသာျဖစ္ပါရေစလို႔ေတာင္းဆုျပဳပါတယ္တဲ့ ပရိသတ္ႀကီးေရ ..။

Read in UNICODE

ဆုမြတ်နိုးဦးကတော့ ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပေမယ့် တကယ်တမ်းတော့ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်ဈေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖ်စိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိတယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ် ။ ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ

ငါသဘာဝကျပါ့မလား.. ဇာတ်ကောင်စရိုက်နဲ့ တထပ်ထဲကျ ပီပြင်ပါ့မလား ဆိုတဲ့ပူပန်မှုတွေအထူးရှိသလို မကျွမ်းကျင်တဲ့ Liveလွှင့်ဈေးရောင်းတဲ့အခါမှာတော့ စိတ်ပင်ပန်းရမှုကအဆများစွာပိုပါတယ်လို့ ဆိုပါတယ် ။ ကိုယ်ရောင်းပေးတဲ့ဆိုင်တွေရဲ့ဆိုင်ရှင်တွေကို ရောင်းရစေချင်တယ် .. ဝယ်ယူအားပေးတဲ့သူတွေကိုတကယ်တန်တဲ့မှန်ကန်တဲ့ဈေးနှုန်းလေးတွေနဲ့ပိုင်ဆိုင်ရစေချင်တယ်.. အဲ့ထဲမှာမှ

ရှိလာတဲ့စုန်းပြူးတွေးရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာရတယ် မျက်နှာပျက်ရတယ်.. ၃နာရီ ၄နာရီစာ ဝန်ထုတ်ဝန်ပိုးတွေရယ် .. တခါတလေတော့လဲလေ ဘာမှကိုမလုပ်ချင်တော့ဘူး ရပ်တန့်ထားလိုက်ချင်တဲ့စိတ်ရဲ့ဖိအားတွေ စိတ်ဓာတ်ကျတာတွေဖြစ်မိတယ် လို့ ပရိသတ်တွေကို ပြောပြခဲ့တာပါ ။ ဒါပေမယ့်လည်း ခက်ခဲတဲ့ကာလကြီးမှာစားဝတ်နေရေးရယ် .. ကျားကြီးရင်

ခြေရာကြီးတဲ့စရိတ်စကတွေ.. ကိုယ့်ရဲ့အနားက ခက်ခဲပင်ပန်းနေသူတွေရဲ့မနိုင်ဝန်တွေကိုတထောင့်တနေရာက ထမ်းပေးချင်နေတဲ့စိတ်တွေနဲ့ အားတင်းရင်းရှေ့ဆက်နေပါတယ် လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ သူမ တတ်နိုင်သရွေ့အင်အားလေးနဲ့ ရှေ့ဆက်နေဖို့နဲ့

ချစ်ရတဲ့သူတွေ သူမ ရဲ့အနီးတဝိုက်က ခက်ခဲပီးလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်လေးတွေကိုတထောင့်တနေရာကနေဖြည့်စည်းပေးနေခွင့်လေးရရင်ပဲ ပင်ပန်းရသမျှတွေပြေပျောက်ပါပြီဆိုတဲ့ သူမရဲ့ လေးစားဖွယ်စိတ်ရင်းမှန်လေးကတော့ တကယ်ကိုလေးစားစရာပါပဲနော်.။ ဆုမြတ်နိုးဦးကတော့ ကိုယ့်ရဲ့စေတနာမှန်ခဲ့ရင် အမြဲတမ်းပေးကမ်းနိုင်တဲ့လက်တစုံသာဖြစ်ပါရစေလို့တောင်းဆုပြုပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

Source : Hsu Myat Noe Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *