အိမ္ေထာင္ျပဳတယ္ဆိုတာ ထီထိုးသလိုပါပဲဆိုၿပီး အိမ္ေထာင္ေရးအေျခအေနကို ေျပာျပခဲ့တဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ တစ္ေခတ္တစ္ခါက ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပါဝင္တဲ့ ဇာတ္ကားတိုင္းမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္လ်က္ရွိေနခဲ့တဲ့ သူမကေတာ့ ၾကည္ႏူးစရာေကာင္းလြန္းတဲ့ မိသားစုဘဝေလးကို ဖန္တီးတည္ေဆာက္ထားႏိုင္သူေလးျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမတို႔ မိသားစုေလးကေတာ့ အလႉအတန္းေတြမွာ လက္မေႏွးဘဲ လႉတန္းတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားသူေတြပဲျဖစ္ပါတယ္။ မၾကာခဏဆိုသလို အလႉအတန္းေတြ ပရဟိတလုပ္ငန္းေတြကိုလည္း ကိုယ္တိုင္လုပ္ေလ့ရွိသူေလးလည္းျဖစ္ပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္စမိုင္းလ္က အိမ္ေထာင္ျပဳတယ္ဆိုတာ ထီထိုးသလိုပါပဲဆိုၿပီး သူမရဲ႕ အိမ္ေထာင္ေရးအေျခအေနနဲ႔ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္ျဖစ္ခဲ့ပုံကို ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ 

ပထမဦးစြာ စမိုင္းလ္က သူမက အိမ္ေထာင္ေရး ကံေကာင္းသူလား? ဆိုတဲ့ ေမးခြန္းနဲ႔စပ္လ်ဥ္းၿပီး ေအာက္ပါအတိုင္းေျဖၾကားေပးခဲ့ပါတယ္။  “ပြင့္ပြင့္လင္းလင္စေျပာရမယ္ဆို ေယာက်္ားေတြက ဆင္းရဲတဲ့ဒဏ္ကို ခံႏိုင္တယ္၊ ခ်မ္းသာတဲ့ဒဏ္ကို မခံႏိုင္ဘူး။ မိန္းမေတြကက်ေတာ့ ဆင္းရဲတဲ့ဒဏ္ကို မခံႏိုင္ဘူး၊ ခ်မ္သားတဲ့ဒဏ္ကို ခံႏိုင္တယ္တဲ့။ စကားပုံေလး ရွိတာေပါ့ေနာ္။ အဲ့ေတာ့ ေယာက်္ားေတြက သူအဆင္ေျပလာၿပီ ဆိုလိုရွိရင္ အဖ်က္ေတြက အမ်ားႀကီးရွိတယ္။ ဘာကိစၥမဆို ျဖစ္ႏိုင္တာ အမ်ားႀကီးရွိတာေပါ့ေနာ္​။ အဲ့ေတာ့ အကိုကေတာ့ အခုခ်ိန္ထိ အမေနာက္တစ္ေကာက္ေကာက္ လိုက္ၿပီးေတာ့ ခ်စ္ခင္ေပးေနတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္တယ္။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုလည္း ကံေကာင္းတဲ့ထဲမွာပါတယ္လို႔ ယူဆတယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အိမ္ေထာင္တစ္ခုျပဳတယ္ဆိုတာ ထီထိုးသလိုပဲ ေပါ့ေနာ္။ ေယာက္်ားက ဘယ္ေလာက္ပဲ ေကာင္းေနေကာင္းေန၊ ကိုယ့္လက္ထဲေရာက္သြားရင္ ဆိုးသြားတာလည္း ရွိတယ္။ အရင္တုန္းက ဘယ္ေလာက္ပဲ မေကာင္းခဲ့မေကာင္းခဲ့၊ ကိုယ့္လက္ထဲမွာ ေကာင္းသြားတာလည္း ရွိတယ္။ ဒါေပမယ့္ ကိုယ္နဲ႔ေကာင္းေနရင္းနဲ႔ပဲ ထေဖာက္သြားတာလည္း ရွိျပန္ေရာ ဆိုေတာ့ ဒါကေလ လူတစ္ေယာက္ရဲ႕ ကံနဲ႔ အမ်ားႀကီးသက္ဆိုင္ေနတယ္လို႔ ထင္တယ္။ ကိုယ္ကေတာ့ ကံေကာင္းေနေသးတယ္လို႔ပဲ ကိုယ့္ကိုယ္ကို ယူဆပါတယ္။” 

ယခုအိမ္ေထာင္ဖက္ကို ေ႐ြးခ်ယ္ျဖစ္ခဲ့ပုံနဲ႔ ပတ္သတ္ၿပီးေတာ့လည္း စမိုင္းက ေအာက္ပါအတိုင္း ရွင္းျပခဲ့ပါေသးတယ္။ “ေနာက္တစ္ခုကက်ေတာ့ သူက အမရဲ႕မိဘအေပၚကို respect ထားတာေပါ့ေနာ္။ အမရဲ႕ အေမနဲ႔အေဖနဲ႔ကို သူကေလ စေတြ႕တည္းက ေလးေလးစားစားဆက္ဆံေတာ့ ကိုယ္နဲ႔ေပါင္းရသလို ကိုယ့္မိသားစုနဲ႔လည္း ေပါင္းရမွာ ျဖစ္တဲ့အတြက္ အကိုက ေတာ္ေတာ္ကို အမမိဘကို အေရးေပးတဲ့ ေယာက်္ားတစ္ေယာက္ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲ့တာကိုအဓိကထားၿပီးေတာ့လည္း ေ႐ြးခ်ယ္ျဖစ္ခဲ့တာပါ။” 

စမိုင္းအေနနဲ႔ မိဘနဲ႔ တကြဲတျပားမွာ သြားေရာက္ေနထိုင္ခဲ့ရစဥ္က အခက္အခဲေလးေတြနဲ႔ ဆက္သြယ္ေရးလုပ္ငန္းေလာကထဲကို စတင္ဝင္ေရာက္ခဲ့ပုံကိုလည္း ေအာက္ပါအတိုင္း ခ်ိတ္ဆက္ေျပာျပခဲ့ပါေသးတယ္။ “အမက အိမ္နဲ႔ခြဲရတဲ့အခါက်ေတာ့ မိန္းကေလးျဖစ္တဲ့အခါက်ေတာ့ အိမ္ကို ဖုန္းဆက္ခ်င္တာေပါ့ေနာ္။ ဖုန္းခကလည္း မတတ္ႏိုင္ဘူး။ ၿပီးေတာ့ ဒီဖုန္းလိုင္းေတြကလည္း အဲ့ေခတ္ကမေပၚဘူး။ ဗမာျပည္ကေန ဆက္ဖို႔လည္း မရွိဘူးေလ။ အဲ့လိုမ်ိဳး အရမ္းခက္ခဲတဲ့အခါက်ေတာ့ အမက ညတိုင္းငိုၿပီးေတာ့ အကို႔ကို ေျပာတာေပါ့ေနာ္​။ ကိုယ့္ဖုန္းကဒ္ေလး ကိုယ္ရွိရင္ေကာင္းမယ္၊ အဲ့တာဆို အေႂကြးေတြလည္း မပိေတာ့ဘူးေပါ့ေနာ္။ အမတို႔က သူမ်ားဆီကေန ဖုန္းကဒ္ေတြဝယ္ၿပီးေတာ့ သုံးရတာဆိုေတာ့ေလ ပိုက္ဆံေတြကုန္ေတာ့ အကို႔ကို ကိုယ့္ဖုန္းကဒ္ေလး ကိုယ္ထုတ္ပါလား ေပါ့ေနာ္။ ဗမာျပည္ကိုေခၚတဲ့ ဖုန္းကဒ္ေလး ဆိုၿပီးေတာ့၊ အဲ့ကေနစၿပီးေတာ့ အမတို႔က Telecom လုပ္ငန္းကို စၿပီးေတာ့ ဝင္ေရာက္ျဖစ္သြားတာေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္ေၾကာင့္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးေပါ့။ အိမ္နဲ႔လည္း အရမ္းစကားေျပာခ်င္တယ္၊ ပိုက္ဆံလည္းမရွိဘူးဆိုေတာ့ အကိုကလည္း ဒီ Telecomm နဲ႔ လုံးဝမသိတဲ့ လူတစ္ေယာက္ျဖစ္ေပမယ့္ အမတို႔က ဒုကၡ​ေတြေရာက္၊ ဆင္းရဲေနတဲ့အခ်ိန္မွာ ဒီ ဖုန္းကဒ္ေလးေတြကို သူမ်ားဆီကေန တစ္ဆင့္ယူေရာင္းၾကည့္ရင္းကေန ဒီ Telecom လုပ္ငန္းေလးကို စိတ္ပါသြားတာပါ​။ အဲ့တုန္းက ပိုက္ဆံကလည္း လုံးဝမရွိေတာ့ဘူးေလ၊ အိမ္နဲ႔ကလည္း ဖုန္းေျပာရတယ္ဆိုေတာ့  အမကလည္း အကို႔ကို ဂ်ီက်ရင္းနဲ႔ လုပ္ျဖစ္သြားတာပါ။ ဘာပဲျဖစ္ျဖစ္ ကိုယ္ကဘယ္ေလာက္ေျပာေျပာ သူကလုပ္မွျဖစ္တာဆိုေတာ့ အဓိကက သူေတာ္လို႔ပါ။”

သူတို႔လင္မယားႏွစ္ေယာက္ရဲ႕ ယခင္ကာလ အေဝးတစ္ေနရာမွာ ငတ္တစ္လွည့္၊ ျပတ္တစ္လွည့္ အတူတူ႐ုန္းကန္ျဖစ္ခဲ့ပုံကိုလည္း အခုလို ေဝမွ်ေပးခဲ့ပါေသးတယ္။ “အဓိကကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႔ အတူတူရွိေနတာေပါ့ေနာ္၊ ငတ္ငတ္ျပတ္ျပတ္ေပါ့။ ၿပီးေတာ့ အမထင္တယ္၊ အသက္ငယ္တာေၾကာင့္လည္း ဆိုင္တယ္​။ အသက္ငယ္တဲ့အခါက်ေတာ့ ေျပာရမယ္ဆိုရင္ မိုက္႐ူးရဲဆန္တယ္ ေပါ့ေနာ္။ အခု အမ အသက္(၃၀)ေက်ာ္ၿပီ၊ ငတ္မလားဆိုရင္ အငတ္မခံႏိုင္ေတာ့ဘူး၊ အဲ့လိုမ်ိဳးေလ။ အဲ့လိုမ်ိဳး ေၾကာက္သြားၿပီေလ။ ငယ္တဲ့အခ်ိန္မွာက်ေတာ့ ဘာမွမစဥ္းစားဘူး။ ကိုယ္ခ်စ္တဲ့သူနဲ႔လည္း ရွိေနတဲ့အခါက်ေတာ့ ငတ္လည္းေန၊ ဘတ္စ္ကားဆိုလည္း တစ္ေနကုန္ ပတ္စီးတာပဲ။ မနက္နဲ႔ညနဲ႔ ေပါင္းစား ဆိုရင္လည္း မနက္နဲ႔ညနဲ႔ ေပါင္းစားတယ္။ ဘာမွမျဖစ္ဘူး။ ဗိုက္မဆာဘူးလား ဆိုရင္ေတာ့ ဆာတယ္။ ဒါေပမယ့္ တစ္ရက္မစားရလို႔လည္း မေသသြားဘူးေလ၊ အဲ့လိုေနႏိုင္တာ။ အခုမ်ားက်ေတာ့ မရေတာ့ဘူး။ အသက္ႀကီးသြားေတာ့ အားလုံးေတြးသြားၿပီ။ ငယ္တဲ့အခ်ိန္မွာက်ေတာ့ မိုက္႐ူးရဲဆန္တာ ေပါ့ေနာ္။”

သူမရဲ႕ အခုလက္ရွိ မိသားစုဘဝေလးနဲ႔ ပတ္သတ္လို႔လည္း စမိုင္းက ေအာက္ပါအတိုင္း ေဝမွ်လာပါတယ္။  “အမဆိုရင္ ျပည့္ျပည့္စုံစုံ အေဖနဲ႔အေမကို ထားႏိုင္ေနၿပီ။ ဒါေပမယ့္ အေဖ၊ အေမ မရွိဘူး။ ဒါေပမယ့္ အကို႔ရဲ႕မိဘေတြ ရွိေသးတယ္၊ အမရဲ႕အဘြား ရွိေသးတယ္ေပါ့ေနာ္။ အဘြားကိုဆိုရင္ ျပဳစုႏိုင္တယ္။ အမအဘြားက အခုခ်ိန္ထိ က်န္းက်န္းမာမာရွိေနေသးတယ္။ အဲ့ေတာ့ ကိုယ္က သူ႔ကို ျပဳစုႏိုင္ၿပီးေတာ့ ေအးေအးခ်မ္းခ်မ္းထားႏိုင္တာကလည္း ကုသိုလ္တစ္မ်ိဳးပဲလို႔ ထင္ပါတယ္။ အဲ့ေတာ့ အဘြားကို ခ်စ္ေပးတဲ့သူ၊ အမတို႔ မိသားစုအကုန္လုံးကို ခ်စ္ေပးတဲ့သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္လို႔။ အလႉေတြကိုလည္း လုပ္ေနတယ္ဆိုတာကေလ ကိုယ္က ႏိုင္သေလာက္ေလးပဲ ေပါ့ေနာ္။ အမအေနနဲ႔ ဒီထက္လည္း အမ်ားႀကီးလႉခ်င္ေသးတယ္။ ဒီထက္လည္း အမ်ားႀကီး လူေတြကို ကယ္တင္ခ်င္ေသးတယ္။ ေနာက္ထပ္ အစီအစဥ္ေတြလည္း အမ်ားႀကီးရွိေသးတယ္။ အဲ့ေတာ့ အားေပးပါလို႔ ေျပာခ်င္တယ္။ အမရဲ႕ အြန္လိုင္း႐ုပ္ရွင္႐ုံ App ေလးကိုလည္း ေဒါင္းလုပ္ လုပ္ၿပီးေတာ့ၾကည့္ထားၾကပါ။ အဲ့ဒီ App ေလးထဲကေနလူေတြကို Surprise အေနနဲ႔ ဘယ္ေလာက္ထိလႉသြားမလဲဆိုတာလည္း အမ်ားႀကီးရွိေသးတယ္။ အဲ့တာေတြလည္း လာဦးမွာမိုလို႔ App ေလးကို ေဒါင္းလုပ္ လုပ္ၿပီးေတာ့ ၾကည့္ထားၾကပါ လို႔ပဲ ေျပာခ်င္ပါတယ္။” 

Smile အြန္လိုင္း႐ုပ္ရွင္႐ုံေလးဟာဆိုရင္လည္း ခင္ပြန္းျဖစ္သူရဲ႕ ေမြးေန႔မွာ Launch လုပ္ျဖစ္ခဲ့တာ ျဖစ္ၿပီး မထင္မွတ္ထားေလာက္ေအာင္ကို လူေတြက ၾကည့္ၾကတဲ့အတြက္ စမိုင္းလ္က ေက်းဇူးတင္စကားဆိုထားပါတယ္​။ အခုအခ်ိန္ကာလမွာ နယ္ဘက္ေက်းဘက္ေတြမွာလည္း ႐ုပ္ရွင္႐ုံမရွိတဲ့အတြက္ ဒီ App ေလးကို ပိုၿပီးေတာ့ သုံးစြဲၾကည့္ရႈသူ မ်ားျပားေနၿပီး ကိုဗစ္ကပ္ေရာဂါက်ေရာက္လာတာဟာ (၆)လ၊ (၇)လမွ် ရွိၿပီ ျဖစ္တဲ့အတြက္ လူေတြကလည္း ႐ုပ္ရွင္ဇာတ္ကားအသစ္ကို ေမွ်ာ္ေနခ်ိန္မွာ ဒီလို Launch လုပ္ေပးျဖစ္တာဟာ မွန္ကန္တဲ့ Timing ျဖစ္တယ္လို႔ စမိုင္းလ္က ဆိုပါတယ္။  စမိုင္းရဲ႕ အြန္လိုင္း႐ုပ္ရွင္႐ုံ App ဟာဆိုရင္ iOS version အေနနဲ႔လည္း ထြက္ရွိေတာ့မွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ဇာတ္ကားေတြအမ်ားႀကီး တင္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ ျပည္သူခ်စ္အႏုပညာရွင္စမိုင္းလ္က သူမရဲ႕ ငယ္စဥ္အိမ္ေထာင္ေရးဘဝနဲ႔ လုပ္ငန္းအေတြ႕အႀကဳံမ်ားကို မွ်ေဝေပးသြားခဲ့တာျဖစ္ၿပီး အရင္လက သူမတို႔ မိတ္ဆက္ထားတဲ့ Smile အြန္လိုင္း႐ုပ္ရွင္႐ုံ App ေလးကိုလည္း အားေပးၾကည့္ရႈၾကပါဦးလို႔ ပရိသတ္အားလုံးကို တိုက္တြန္းခဲ့တာပဲ ျဖစ္ပါတယ္။  စမိုင္းလ္ရဲ႕ အခုလိုေျဖၾကားခ်က္မ်ားနဲ႔ ပတ္သတ္လို႔ ပရိသတ္ႀကီးတို႔ရဲ႕ အျမင္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ၾကပါအုံးေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့အတြက္လည္း အားလုံးကို ေက်းဇူးတင္ပါတယ္။

Read in UNICODE

စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်စမိုင်းလ်က အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပါပဲဆိုပြီး သူမရဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံကို ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ 

ပထမဦးစွာ စမိုင်းလ်က သူမက အိမ်ထောင်ရေး ကံကောင်းသူလား? ဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး အောက်ပါအတိုင်းဖြေကြားပေးခဲ့ပါတယ်။  “ပွင့်ပွင့်လင်းလင်စပြောရမယ်ဆို ယောကျ်ားတွေက ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တယ်၊ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး။ မိန်းမတွေကကျတော့ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး၊ ချမ်သားတဲ့ဒဏ်ကို ခံနိုင်တယ်တဲ့။ စကားပုံလေး ရှိတာပေါ့နော်။ အဲ့တော့ ယောကျ်ားတွေက သူအဆင်ပြေလာပြီ ဆိုလိုရှိရင် အဖျက်တွေက အများကြီးရှိတယ်။ ဘာကိစ္စမဆို ဖြစ်နိုင်တာ အများကြီးရှိတာပေါ့နော်။ အဲ့တော့ အကိုကတော့ အခုချိန်ထိ အမနောက်တစ်ကောက်ကောက် လိုက်ပြီးတော့ ချစ်ခင်ပေးနေတဲ့အတွက် အများကြီးကျေးဇူးတင်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ကံကောင်းတဲ့ထဲမှာပါတယ်လို့ ယူဆတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ ထီထိုးသလိုပဲ ပေါ့နော်။ ယောက်ျားက ဘယ်လောက်ပဲ ကောင်းနေကောင်းနေ၊ ကိုယ့်လက်ထဲရောက်သွားရင် ဆိုးသွားတာလည်း ရှိတယ်။ အရင်တုန်းက ဘယ်လောက်ပဲ မကောင်းခဲ့မကောင်းခဲ့၊ ကိုယ့်လက်ထဲမှာ ကောင်းသွားတာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့ကောင်းနေရင်းနဲ့ပဲ ထဖောက်သွားတာလည်း ရှိပြန်ရော ဆိုတော့ ဒါကလေ လူတစ်ယောက်ရဲ့ ကံနဲ့ အများကြီးသက်ဆိုင်နေတယ်လို့ ထင်တယ်။ ကိုယ်ကတော့ ကံကောင်းနေသေးတယ်လို့ပဲ ကိုယ့်ကိုယ်ကို ယူဆပါတယ်။” 

ယခုအိမ်ထောင်ဖက်ကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီးတော့လည်း စမိုင်းက အောက်ပါအတိုင်း ရှင်းပြခဲ့ပါသေးတယ်။ “နောက်တစ်ခုကကျတော့ သူက အမရဲ့မိဘအပေါ်ကို respect ထားတာပေါ့နော်။ အမရဲ့ အမေနဲ့အဖေနဲ့ကို သူကလေ စတွေ့တည်းက လေးလေးစားစားဆက်ဆံတော့ ကိုယ်နဲ့ပေါင်းရသလို ကိုယ့်မိသားစုနဲ့လည်း ပေါင်းရမှာ ဖြစ်တဲ့အတွက် အကိုက တော်တော်ကို အမမိဘကို အရေးပေးတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့တာကိုအဓိကထားပြီးတော့လည်း ရွေးချယ်ဖြစ်ခဲ့တာပါ။” 

စမိုင်းအနေနဲ့ မိဘနဲ့ တကွဲတပြားမှာ သွားရောက်နေထိုင်ခဲ့ရစဉ်က အခက်အခဲလေးတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းလောကထဲကို စတင်ဝင်ရောက်ခဲ့ပုံကိုလည်း အောက်ပါအတိုင်း ချိတ်ဆက်ပြောပြခဲ့ပါသေးတယ်။ “အမက အိမ်နဲ့ခွဲရတဲ့အခါကျတော့ မိန်းကလေးဖြစ်တဲ့အခါကျတော့ အိမ်ကို ဖုန်းဆက်ချင်တာပေါ့နော်။ ဖုန်းခကလည်း မတတ်နိုင်ဘူး။ ပြီးတော့ ဒီဖုန်းလိုင်းတွေကလည်း အဲ့ခေတ်ကမပေါ်ဘူး။ ဗမာပြည်ကနေ ဆက်ဖို့လည်း မရှိဘူးလေ။ အဲ့လိုမျိုး အရမ်းခက်ခဲတဲ့အခါကျတော့ အမက ညတိုင်းငိုပြီးတော့ အကို့ကို ပြောတာပေါ့နော်။ ကိုယ့်ဖုန်းကဒ်လေး ကိုယ်ရှိရင်ကောင်းမယ်၊ အဲ့တာဆို အကြွေးတွေလည်း မပိတော့ဘူးပေါ့နော်။ အမတို့က သူများဆီကနေ ဖုန်းကဒ်တွေဝယ်ပြီးတော့ သုံးရတာဆိုတော့လေ ပိုက်ဆံတွေကုန်တော့ အကို့ကို ကိုယ့်ဖုန်းကဒ်လေး ကိုယ်ထုတ်ပါလား ပေါ့နော်။ ဗမာပြည်ကိုခေါ်တဲ့ ဖုန်းကဒ်လေး ဆိုပြီးတော့၊ အဲ့ကနေစပြီးတော့ အမတို့က Telecom လုပ်ငန်းကို စပြီးတော့ ဝင်ရောက်ဖြစ်သွားတာပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်ကြောင့်လို့ ပြောလို့ရတာပေါ့နော်။ အဲ့ဒီလိုမျိုးပေါ့။ အိမ်နဲ့လည်း အရမ်းစကားပြောချင်တယ်၊ ပိုက်ဆံလည်းမရှိဘူးဆိုတော့ အကိုကလည်း ဒီ Telecomm နဲ့ လုံးဝမသိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် အမတို့က ဒုက္ခတွေရောက်၊ ဆင်းရဲနေတဲ့အချိန်မှာ ဒီ ဖုန်းကဒ်လေးတွေကို သူများဆီကနေ တစ်ဆင့်ယူရောင်းကြည့်ရင်းကနေ ဒီ Telecom လုပ်ငန်းလေးကို စိတ်ပါသွားတာပါ။ အဲ့တုန်းက ပိုက်ဆံကလည်း လုံးဝမရှိတော့ဘူးလေ၊ အိမ်နဲ့ကလည်း ဖုန်းပြောရတယ်ဆိုတော့  အမကလည်း အကို့ကို ဂျီကျရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကဘယ်လောက်ပြောပြော သူကလုပ်မှဖြစ်တာဆိုတော့ အဓိကက သူတော်လို့ပါ။”

သူတို့လင်မယားနှစ်ယောက်ရဲ့ ယခင်ကာလ အဝေးတစ်နေရာမှာ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့် အတူတူရုန်းကန်ဖြစ်ခဲ့ပုံကိုလည်း အခုလို ဝေမျှပေးခဲ့ပါသေးတယ်။ “အဓိကကတော့ ကိုယ်ချစ်တဲ့သူနဲ့ အတူတူရှိနေတာပေါ့နော်၊ ငတ်ငတ်ပြတ်ပြတ်ပေါ့။ ပြီးတော့ အမထင်တယ်၊ အသက်ငယ်တာကြောင့်လည်း ဆိုင်တယ်။ အသက်ငယ်တဲ့အခါကျတော့ ပြောရမယ်ဆိုရင် မိုက်ရူးရဲဆန်တယ် ပေါ့နော်။ အခု အမ အသက်(၃၀)ကျော်ပြီ၊ ငတ်မလားဆိုရင် အငတ်မခံနိုင်တော့ဘူး၊ အဲ့လိုမျိုးလေ။ အဲ့လိုမျိုး ကြောက်သွားပြီလေ။ ငယ်တဲ့အချိန်မှာကျတော့ ဘာမှမစဉ်းစားဘူး။ ကိုယ်ချစ်တဲ့သူနဲ့လည်း ရှိနေတဲ့အခါကျတော့ ငတ်လည်းနေ၊ ဘတ်စ်ကားဆိုလည်း တစ်နေကုန် ပတ်စီးတာပဲ။ မနက်နဲ့ညနဲ့ ပေါင်းစား ဆိုရင်လည်း မနက်နဲ့ညနဲ့ ပေါင်းစားတယ်။ ဘာမှမဖြစ်ဘူး။ ဗိုက်မဆာဘူးလား ဆိုရင်တော့ ဆာတယ်။ ဒါပေမယ့် တစ်ရက်မစားရလို့လည်း မသေသွားဘူးလေ၊ အဲ့လိုနေနိုင်တာ။ အခုများကျတော့ မရတော့ဘူး။ အသက်ကြီးသွားတော့ အားလုံးတွေးသွားပြီ။ ငယ်တဲ့အချိန်မှာကျတော့ မိုက်ရူးရဲဆန်တာ ပေါ့နော်။”

သူမရဲ့ အခုလက်ရှိ မိသားစုဘဝလေးနဲ့ ပတ်သတ်လို့လည်း စမိုင်းက အောက်ပါအတိုင်း ဝေမျှလာပါတယ်။  “အမဆိုရင် ပြည့်ပြည့်စုံစုံ အဖေနဲ့အမေကို ထားနိုင်နေပြီ။ ဒါပေမယ့် အဖေ၊ အမေ မရှိဘူး။ ဒါပေမယ့် အကို့ရဲ့မိဘတွေ ရှိသေးတယ်၊ အမရဲ့အဘွား ရှိသေးတယ်ပေါ့နော်။ အဘွားကိုဆိုရင် ပြုစုနိုင်တယ်။ အမအဘွားက အခုချိန်ထိ ကျန်းကျန်းမာမာရှိနေသေးတယ်။ အဲ့တော့ ကိုယ်က သူ့ကို ပြုစုနိုင်ပြီးတော့ အေးအေးချမ်းချမ်းထားနိုင်တာကလည်း ကုသိုလ်တစ်မျိုးပဲလို့ ထင်ပါတယ်။ အဲ့တော့ အဘွားကို ချစ်ပေးတဲ့သူ၊ အမတို့ မိသားစုအကုန်လုံးကို ချစ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့။ အလှူတွေကိုလည်း လုပ်နေတယ်ဆိုတာကလေ ကိုယ်က နိုင်သလောက်လေးပဲ ပေါ့နော်။ အမအနေနဲ့ ဒီထက်လည်း အများကြီးလှူချင်သေးတယ်။ ဒီထက်လည်း အများကြီး လူတွေကို ကယ်တင်ချင်သေးတယ်။ နောက်ထပ် အစီအစဉ်တွေလည်း အများကြီးရှိသေးတယ်။ အဲ့တော့ အားပေးပါလို့ ပြောချင်တယ်။ အမရဲ့ အွန်လိုင်းရုပ်ရှင်ရုံ App လေးကိုလည်း ဒေါင်းလုပ် လုပ်ပြီးတော့ကြည့်ထားကြပါ။ အဲ့ဒီ App လေးထဲကနေလူတွေကို Surprise အနေနဲ့ ဘယ်လောက်ထိလှူသွားမလဲဆိုတာလည်း အများကြီးရှိသေးတယ်။ အဲ့တာတွေလည်း လာဦးမှာမိုလို့ App လေးကို ဒေါင်းလုပ် လုပ်ပြီးတော့ ကြည့်ထားကြပါ လို့ပဲ ပြောချင်ပါတယ်။” 

Smile အွန်လိုင်းရုပ်ရှင်ရုံလေးဟာဆိုရင်လည်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့မှာ Launch လုပ်ဖြစ်ခဲ့တာ ဖြစ်ပြီး မထင်မှတ်ထားလောက်အောင်ကို လူတွေက ကြည့်ကြတဲ့အတွက် စမိုင်းလ်က ကျေးဇူးတင်စကားဆိုထားပါတယ်။ အခုအချိန်ကာလမှာ နယ်ဘက်ကျေးဘက်တွေမှာလည်း ရုပ်ရှင်ရုံမရှိတဲ့အတွက် ဒီ App လေးကို ပိုပြီးတော့ သုံးစွဲကြည့်ရှုသူ များပြားနေပြီး ကိုဗစ်ကပ်ရောဂါကျရောက်လာတာဟာ (၆)လ၊ (၇)လမျှ ရှိပြီ ဖြစ်တဲ့အတွက် လူတွေကလည်း ရုပ်ရှင်ဇာတ်ကားအသစ်ကို မျှော်နေချိန်မှာ ဒီလို Launch လုပ်ပေးဖြစ်တာဟာ မှန်ကန်တဲ့ Timing ဖြစ်တယ်လို့ စမိုင်းလ်က ဆိုပါတယ်။  စမိုင်းရဲ့ အွန်လိုင်းရုပ်ရှင်ရုံ App ဟာဆိုရင် iOS version အနေနဲ့လည်း ထွက်ရှိတော့မှာဖြစ်ပြီး နောက်ပိုင်းမှာ ဇာတ်ကားတွေအများကြီး တင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ ပြည်သူချစ်အနုပညာရှင်စမိုင်းလ်က သူမရဲ့ ငယ်စဉ်အိမ်ထောင်ရေးဘဝနဲ့ လုပ်ငန်းအတွေ့အကြုံများကို မျှဝေပေးသွားခဲ့တာဖြစ်ပြီး အရင်လက သူမတို့ မိတ်ဆက်ထားတဲ့ Smile အွန်လိုင်းရုပ်ရှင်ရုံ App လေးကိုလည်း အားပေးကြည့်ရှုကြပါဦးလို့ ပရိသတ်အားလုံးကို တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။  စမိုင်းလ်ရဲ့ အခုလိုဖြေကြားချက်များနဲ့ ပတ်သတ်လို့ ပရိသတ်ကြီးတို့ရဲ့ အမြင်လေးတွေကိုလည်း ဝေမျှပေးခဲ့ကြပါအုံးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *