နောက်ဆုံးပေါ် သိန်း(၂၀)ကျော်တန် အိုင်ဖုန်းအပြင် (၂၉)သိန်းကျော်တန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေနဲ့ စပရိုက် အလုပ်ခံခဲ့ရတာကြောင့် ပျော်နေတဲ့ ပိုးကြာဖြူခင်






Read in UNICODE

ပရိသတ်ရင်ထဲမှာ MRTV-4 ဇာတ်ကားတွေများစွာနဲ့ အခိုင်အမာနေရာယူထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်လေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်နော်..။ အချစ်တော်လေး ပိုးကြာဖြူခင်ကတော့

ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေ တစ်ခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားပြီး “မာယာလှည့်ကွက်” ဇာတ်ကားမှာလည်း အဏ္ဏဝါမုန်း ဆိုတဲ့ကာရိုက်တာလေးနဲ့ အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော်..။ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသလို

သရုပ်ဆောင်ကောင်းတဲ့အပြင် ပွင့်လင်းပြီးချစ်စရာကောင်းတာတွေကြောင့်လည်း ပရိသတ်တွေအားလုံးက သည်းသည်းလှုပ်ချစ်ခင်နေကြရတဲ့ ပိုးကြာဖြူခင်ကတော့ အခုတစ်ခါမှာလည်း တနာဖိုးကြီး ပစ္စည်းတွေနဲ့အတူ Surprise လုပ်ခံလိုက်ရပါတယ်နော်..။ပြီးခဲ့တဲ့ရက်ပိုင်းကမှ

အသစ်ထွက်ရှိထားတဲ့ I Phone 12 Promax ဖုန်းသစ်ကြီးနဲ့အတူ စုစုပေါင်း(၂၉)သိန်းကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ We Love Fan တွေက Surprise လုပ်လိုက်တာပဲ ဖြစ်ပါတယ်နော်..။ပရိသတ်တွေနဲ့ Live လွှင့်ပြီး

စကားပြောနေတဲ့ အချိန်လေးမှာပဲ Surprise လုပ်ခံလိုက်ရတာဖြစ်ပြီး ဆိုင်းမိုင်လေးတစ်ယောက် အရမ်းကို ဝမ်းသာပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ်နော်..။ချစ်ရတဲ့ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာလေးတွေကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေရတဲ့ အကြောင်းလေးတွေကိုလည်း အားလုံးကို ဝေမျှထားပြီးကျေးဇူးတင်စကားလေးလည်း ဆိုထားပါသေးတယ်နော်..။

Source : Poe Kyar Phyu Khin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *