စေတနာနဲ့ သူများကိစ္စကူညီပေးခဲ့ပေမယ့် ည(၃)နာရီလောက် ရဲစခန်းရောက်ခဲ့ပြီး တစ်ညလုံးနေခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ရင်ဖွင့်ခဲ့တဲ့ ခင်သဇင်
Read in UNICODE
ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရင်ထဲအချိန်တိုအတွင်းရောက်ရှိလာတဲ့ မင်းသမီးချောလေးခင်သဇင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ MRTV-4မှာ ပြသခဲ့တဲ့အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဒေါ်မိုးကလျာအနေနဲ့အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ခင်သဇင်ကတော့
ကူညီတတ်သူပီပီ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အရေးကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးတတ်သူတစ်ဦးပါ ဒီလို လိုက်ကူညီရင်း ညကြီးအချိန်မတော် ၃နာရီအထိ ရဲစခန်းမှာ နေခဲ့ရတဲ့အကြောင်း Facebook ကတဆင့် ပြောပြလာခဲ့တာဖြစ်ပါတယ် “ဟိုးတစ်လောကတင် အတွဲကြားထဲ ကိုယ်နဲ့မဆီမဆိုင်
ဝင်အဖျန်ဖြေကောင်းလို့ မနက် (၃)နာရီကြီး ရဲစခန်းရောက်ပြီး တစ်ညလုံး ရဲစခန်းမှာနေရပြီးပြီ အခုလည်းအတွဲကြားထဲ သနားစိတ်တစ်ခုနဲ့ပဲ ဝင်ပါပေးနေတာ တန်ဖိုးမရှိ -သာသာအဆင့်တွေကြားထဲက ကိုယ်နဲ့မဆိုင်အဆဲတွေ ခံရပြန်ပြီ ကိုယ့်စိတ်ထဲတော့ ကိုယ့်ဘေးနားကသူတွေ အဆင်ပြေချစ်ခင်နေတာကဲ
ကြားချင်မိလို့ ဝင်ဖျန်ဖြေတာ” “သူတို့ပြန်တည့်သွားတော့ ကိုယ်ကပဲ အလိုလိုငပွကြီးဖြစ် ကိုယ်ကပဲမြှောက်ပေးသူလိုကြီးဖြစ် အရှုပ်ထဲမှာရှင်းအောင်နေဆိုတဲ့စကားတစ်ခုက အလကားထားခဲ့တာမဟုတ်လောက်ဘူး ငါလိုကြားထဲက မနေတတ် မထိုင်တတ် ဟိုသနား ဒီသနားနဲ့ ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလို စိတ်မထားတတ်တဲ့
အမှတ်မရှိတဲ့ဟာတွေအတွက်ဖြစ်မယ် လောကကြီးတောင် စိတ်ကုန်ချင်လာပါပြီလေ ” ဆိုပြီး သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို My Story မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ ခင်သဇင်ကတော့ စေတနာနဲ့ လိုက်ပါဆောင်ရွက်ခဲ့ပေမယ့် သမီးရည်းစားကြားညပ်ကာ ဒုက္ခရောက်ခဲ့ရပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်
Source : Khin Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *