ဘုန္းႀကီးေက်ာင္းေဆာင္ (၂)ေဆာင္ကို က်ပ္သိန္းေပါင္း (၃၀၀၀)အကုန္က်ခံၿပီး ေဆာက္လုပ္လႉဒါန္းေပးခဲ့တယ္ဆိုတဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ တစ္ေခတ္တစ္ခါက ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပါဝင္တဲ့ ဇာတ္ကားတိုင္းမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္လ်က္ရွိေနခဲ့တဲ့ သူမကေတာ့ ၾကည္ႏူးစရာေကာင္းလြန္းတဲ့ မိသားစုဘဝေလးကို ဖန္တီးတည္ေဆာက္ထားႏိုင္သူေလးျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

သူမတို႔ မိသားစုေလးကေတာ့ အလႉအတန္းေတြမွာ လက္မေႏွးဘဲ လႉတန္းတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားသူေတြပဲျဖစ္ပါတယ္။ မၾကာခဏဆိုသလို အလႉအတန္းေတြ ပရဟိတလုပ္ငန္းေတြကိုလည္း ကိုယ္တိုင္လုပ္ေလ့ရွိသူေလးလည္းျဖစ္ပါတယ္။  ဒီအင္တာဗ်ဴးေလးမွာေတာ့ စမိုင္းက ျပင္ဦးလြင္ၿမိဳ႕မွာ ေဆာက္လုပ္လႉဒါန္းထားတဲ့ ဗုဒၶသာသနာ့ရိပ္သာ ႏွစ္ထပ္ေက်ာင္းေဆာင္ႀကီးနဲ႔ ပတ္သတ္လို႔ သူမတို႔မိသားစုရဲ႕ အလႉမဂၤလာေလးကို ေဝမွ်လာတာပဲ ျဖစ္ပါတယ္။

ဒီေန႔အလႉအတန္းေလးပတ္သတ္လို႔ သ႐ုပ္ေဆာင္စမိုင္းလ္က အခုလိုပဲ ရွင္းျပပါတယ္။ “ဒီေန႔ကေတာ့ အမတို႔ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ ေမၿမိဳ႕အတြက္ ကထိန္သကၤန္းကပ္တယ္။ ၿပီးေတာ့ အမတို႔ ေမၿမိဳ႕မွာ ဆရာေတာ့္အတြက္လႉထားတဲ့ ႏွစ္ထပ္ေက်ာင္းေဆာင္ေပါ့ေနာ္။ အဲ့တာလည္း ေရစက္ခ်တာေပါ့။ ကဗၺည္းထိုး၊ ေရစက္ခ်တယ္။ တကယ္ေတာ့ အမတို႔က ေမၿမိဳ႕မွာ ကထိန္သြားခင္းမလို႔ေလ။ အခု ကိုဗစ္နဲ႔က်ေတာ့ အဆင္မေျပလို႔ အမတို႔ဒီမွာပဲ လုပ္လိုက္တာပါ။” ထိုႏွစ္ထပ္ေက်ာင္းေဆာင္ကို ႏိုင္ငံရပ္ျခားမွ ပညာသင္ဆရာေတာ္မ်ားအတြက္ ရည္စူးေဆာက္လုပ္လႉဒါန္းခဲ့တာျဖစ္ၿပီး ဆရာေတာ္​၏ ေတာင္းဆိုခ်က္အရ ဒီအလႉကို ေ႐ြးခ်ယ္လႉဒါန္းျဖစ္တာလို႔ စမိုင္းကဆိုပါတယ္။ 

အခုလိုအလႉမ်ိဳးကို ရန္ကုန္ၿမိဳ႕နဲ႔ အတန္ေဝးကြာေနတဲ့ ေမၿမိဳ႕(သို႔) ျပင္ဦးလြင္မွာ သြားေရာက္လႉဒါန္းျဖစ္ခဲ့တဲ့ အေၾကာင္းရင္းကိုလည္း စမိုင္းက အခုလို ရွင္းျပပါတယ္။  “အဓိကကေလ အမတို႔က ေမၿမိဳ႕မွာအိမ္လည္းဝယ္လိုက္တယ္။ ၿပီးေတာ့ ေမၿမိဳ႕မွာလည္း အမတို႔က ဟိုတယ္လုပ္ငန္းေလး ပထမဆုံးစလုပ္တာေပါ့ေနာ္။ အဲ့လိုေနရာမွာ ေက်ာင္းေလးလည္း လႉခ်င္တယ္။ ဒီမွာက်ေတာ့ သစ္တံခါးဆရာေတာ္အတြက္ လႈိင္သာယာမွာ အမတို႔ တစ္ေက်ာင္းလႉထားေသးတယ္။ နယ္မွာလည္း ဆရာေတာ္က သာသနာထြန္းပြားခ်င္တယ္။ ၿပီးေတာ့ အမတို႔ကိုယ္တိုင္လည္း ေမၿမိဳ႕က အမတို႔ရဲ႕ ပထမဆုံးစလုပ္မယ့္ ဟိုတယ္လုပ္ငန္းေလးလည္း ရွိေနတဲ့အခါက်ေတာ့ေလ၊ အဲ့မွာလႉျဖစ္သြားတာပါ။ ကိုယ္လည္း အၿမဲတမ္းေရာက္မယ့္ ေနရာမ်ိဳးလည္း ျဖစ္တယ္ေလ။” လို႔ စမိုင္းက ေဝမွ်ေပးခဲ့ပါတယ္။ျပင္ဦးလြင္မွာရွိတဲ့ သာသနာ့ရိပ္သာကို သိန္းေပါင္း (၁၅၀၀) အကုန္က်ခံၿပီး စမိုင္းတို႔မိသားစုက ေဆာက္လုပ္လႉဒါန္းခဲ့တာလို႔ သိရပါတယ္။ လႈိင္သာယာမွာ ေဆာက္လုပ္ဆဲျဖစ္တဲ့ ေက်ာင္းေဆာင္ကိုပါ ထည့္တြက္မယ္ဆိုရင္ေတာ့ ႏွစ္ေက်ာင္းေပါင္း သိန္း(၃၀၀၀) အကုန္က်ခံၿပီး ေဆာက္လုပ္လႉဒါန္းေပးခဲ့တာျဖစ္တယ္လို႔ စမိုင္းက ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာပါတယ္။ 

​စမိုင္းက “ေက်ာင္းလႉရျခင္းအက်ိဳးကလည္း မြန္ျမတ္တယ္။ အမတို႔က အၿမဲတမ္းလႉေနတာေပါ့ေနာ္။ ဒါေပမယ့္ တစ္ဦးတည္းလႉတဲ့ဟာကလည္း သိပ္မရွိခဲ့ဘူး။ ေနာက္ၿပီးေတာ့ ဆရာေတာ္ေတြကလည္း အမတို႔ကို ေသခ်ာသင္ေပးတယ္။ လမ္းၫႊန္ၿပီးေတာ့လည္း ေျပာေပးတယ္ေပါ့ေနာ္။ ကိုယ္ရဲ႕ တစ္ဦးတည္းအလႉအတြက္ ပိုက္ဆံကို ႀကိဳးစားစုၿပီး လႉေပးပါလို႔ ဆရာေတာ္ေတြဘက္က တိုက္တြန္းလာတဲ့အတြက္ ဆရာေတာ္ဘုရားေတြရဲ႕ ၫႊန္ၾကားခ်က္ေတြကို အမတို႔က လိုက္နာၿပီးေတာ့ လႉခဲ့တာပါ” လို႔ အခုလို ေက်ာင္းေဆာင္အတြက္ တစ္ဦးတည္းအလႉရွင္အျဖစ္ လႉဒါန္းျဖစ္ခဲ့ပုံကို ရွင္းျပပါတယ္။ လႈိင္သာယာ(၁၀)ရပ္ကြက္မွာရွိတဲ့ ေဆာက္လုပ္ဆဲေက်ာင္းေဆာင္ကိုလည္း ကိုဗစ္ကပ္ေရာဂါႀကီးၿပီးဆုံးတဲ့အခါ ေရစက္ခ်လႉဒါန္းသြားမယ္လို႔ စမိုင္းရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။ 

ေမၿမိဳ႕ေက်ာင္းမွာေတာ့ စမိုင္းတို႔မိသားစုက သိန္း(၁၈၀) အကုန္က်ခံ၍ သံဃာအပါး(၁၀၀၀) အတြက္ ကထိန္ခင္းေပးခဲ့တာျဖစ္ၿပီး အခုလို ကိုဗစ္ကပ္ေရာဂါဆိုးႀကီးက်ေရာက္ေနတဲ့အတြက္ သြားေရးလာေရးခက္ခဲေသာေၾကာင့္ ကထိန္ခင္းပြဲေတာ္ လုပ္တာမ်ိဳးမရွိပဲ ဒီတိုင္းပဲလႉဒါန္းျဖစ္ခဲ့တယ္လို႔ သိရပါတယ္။  ဒီႏွစ္ ကပ္ေရာဂါေၾကာင့္ ကိုယ္တိုင္ကိုယ္က် ကထိန္မခင္းျဖစ္ခဲ့ပုံနဲ႔ စပ္လ်ဥ္းၿပီး စမိုင္းက အခုလိုပဲ ရင္ဖြင့္ေျပာျပပါတယ္။  “အမတို႔လည္း ကထိန္ကို ခင္းခ်င္တာေပါ့ေနာ္။ အမတို႔ဆို ကထိန္ကို အၿမဲတမ္း ေပ်ာ္ေပ်ာ္ပါးပါးခင္းၾကတယ္​။ အၿငိမ့္ပြဲေတြဘာေတြ သြင္းၿပီး ခင္းၾကတယ္။ ဒါေပမယ့္ အခုလိုမ်ိဳးအခ်ိန္မွာက်ေတာ့ အမတို႔ရဲ႕ လႉဒါန္းခ်င္တဲ့စိတ္က အဓိကပဲေပါ့ေနာ္။ အဲ့ေတာ့ ပြဲႀကီးလမ္းႀကီးလုပ္ရမွ ကထိန္ခင္းတာ မဟုတ္ဘူးေပါ့ေနာ္။ အဓိကကေတာ့ အမတို႔အေနနဲ႔ ျမတ္စြာဘုရားကိုရည္မွန္းၿပီးေတာ့ ကထိန္ခင္းၾကတယ္။ ကိုယ္ကိုးကြယ္တဲ့ ဆရာေတာ္ေတြဆီမွာ လာေရာက္လႉဒါန္းတယ္။ ဒါန၊ သိီလေပါ့ေနာ္။ အဲ့တာေတြအကုန္လုံးလုပ္တယ္ ဆိုရင္ေတာ့ အတူတူပါပဲ။ ပြဲလမ္းသဘင္ေတြနဲ႔က်ေတာ့ ကိုယ္လည္းေပ်ာ္ရတယ္၊ သူမ်ားလည္း ေပ်ာ္ရတယ္။ အခုခ်ိန္မွာေတာ့ အဲ့ဒီလိုမ်ိဳးမလုပ္တာက အေကာင္းဆုံးပဲေပါ့ေနာ္။ ကိုယ့္ေၾကာင့္ေရာ၊ သူမ်ားေၾကာင့္ေရာ ဒုကၡမေရာက္ေစခ်င္ေတာ့ ဒီလိုအက်ဥ္းခ်ဳံးေလးပဲ လုပ္လိုက္တာပါ။”  အခုလိုေက်ာင္းေဆာင္လႉဒါန္းျခင္းရဲ႕ ေကာင္းက်ိဳးကုသိုလ္ေတြနဲ႔ ပတ္သတ္လို႔လည္း စမိုင္းကရွင္းျပခဲ့ပါေသးတယ္။

စမိုင္းက “အခုလို ေက်ာင္းေဆာင္လႉဒါန္းတယ္ ဆိုတာကလည္း အရမ္းကိုမြန္ျမတ္တယ္ေပါ့ေနာ္။ ဆရာေတာ္ဘုရားတစ္ပါး ေဟာထားခဲ့တာ ရွိတယ္။ ဘုရားေဆာက္တာနဲ႔၊ ေက်ာင္းေဆာက္တာနဲ႔ ဘယ္ဟာက ကုသိုလ္ကြာျခားလည္းေပါ့။ ဒါေပမယ့္ ႏွစ္ခုလုံးကေတာ့ ကုသိုလ္ထူးတယ္။ ဘုရားတည္တဲ့အခါက်ေတာ့ ဘုရားကိုလာၿပီးေတာ့ ရွိခိုးတဲ့သူနဲ႔ ၿပီးသြားတာေပါ့ေနာ္။ ေက်ာင္းေဆာက္လႉတဲ့အခါက်ေတာ့ ဒီေက်ာင္းမွာ သာသာနာေတာ္ကို ျပန႔္ပြားဖို႔အတြက္ သာသနာကိုဆင့္ကာဆင့္ကာ ျဖန႔္ေပးေနတဲ့ ဆရာေတာ္ေတြ ေနတာေပါ့ေနာ္။ ဆရာေတာ္ေတြ သီတင္းသုံးတာ၊ ဆရာေတာ္ေတြလာၿပီးေတာ့ ပညာဆည္းပူးတဲ့ ေနရာျဖစ္တဲ့အခါက်ေတာ့ အမတို႔က သာသနာေတာ္ကို လက္ဆင့္ကမ္းဖို႔အတြက္ ေက်ာင္းလႉတဲ့အလႉက အမြန္ျမတ္ဆုံးဆိုၿပီးေတာ့ အမတို႔ကို ေဟာထားတာေလး ရွိတယ္။ တကယ္ပဲ ေက်ာင္းေတြက သာသနာကိုလက္ဆင့္ကမ္းေနတဲ့ ဆရာေတာ္ေတြ လာၿပီးေတာ့ တည္းခိုတယ္၊ လာၿပီးေတာ့ သာသနာျပဳတယ္၊ အဲလိုမ်ိဳးျဖစ္တဲ့အတြက္ ပီတိက ပိုၿပီးေတာ့ ေဖာ္မျပႏိုင္ဘူးေပါ့ေနာ္။ ၿပီးေတာ့ အမတို႔ကိုယ္တိုင္လည္း ဝါတြင္းကာလေတြမွာ ေက်ာင္းေတြမွာသြားၿပီးေတာ့ ေနၾကတယ္။ အမဆိုရင္ ဒီေအာင္ဇဗၺဴေက်ာင္းမွာ ခဏခဏ အဓိဌာန္လာလုပ္ျဖစ္တယ္ ေပါ့ေနာ္။ အဲ့တာေၾကာင့္ ပိုၿပီးေတာ့ ပီတိျဖစ္တယ္။ ပိုၿပီးေတာ့မြန္ျမတ္တယ္လို႔လည္း ခံစားရတယ္။”လို႔ သူမသိရွိထားတဲ့ ဘာသာေရးဗဟုသုတေလးကိုလည္း ေဝမွ်ခဲ့ပါတယ္။

ကိုဗစ္အခ်ိန္မွာ လူစုလူေဝးမလုပ္ရတဲ့အတြက္ ဗုဒၶဘာသာျမန္မာလူမ်ိဳးတို႔အေနနဲ႔ အခါႀကီးရက္ႀကီးေတြမွာ ေက်ာင္းကန္ဘုရားေတြမွာ အလႉအတန္းပြဲေတာ္ႀကီးေတြျပဳလုပ္မယ့္အစား မိမိတို႔အိမ္မွာျဖစ္ေစ၊ ကိုးကြယ္တဲ့ဆရာေတာ္ႀကီးေတြရဲ႕ ေက်ာင္းမွာျဖစ္ေစ အက်ဥ္းခ်ဳံးၿပီး အလႉအတန္းေလးေတြ ျပဳလုပ္တာကသာ အခုလိုကာလနဲ႔ အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ စမိုင္းက နည္းေပးလမ္းျပခဲ့ပါေသးတယ္။  စမိုင္းတို႔မိသားစုအေနနဲ႔ အခုေလာက္ ေငြေၾကးအင္အားမျပည့္စုံခင္ ယခင္အခ်ိန္ေတြတည္းက “မရွိလို႔မလႉ၊ မလႉလို႔မရွိ” မျဖစ္ရေလေအာင္ မိမိတတ္ႏိုင္သည့္ဘက္မွ လုပ္အားဒါနႏွင့္ျဖစ္ေစ လႉဒါန္းေလ့ရွိခဲ့ၿပီး ပိုက္ဆံနည္းမွမ်ားမွမဟုတ္ပဲ ကိုယ့္ရဲ႕စိတ္ကသာ ျဖဴျဖဴစင္စင္ေလးနဲ႔ လႉဒါန္းခဲ့မယ္ဆိုရင္ ဘယ္အလႉမဆို မြန္ျမတ္တဲ့အလႉျဖစ္တယ္လို႔ စမိုင္းက သူမခ်စ္ရတဲ့ ပရိသတ္ႀကီးအတြက္ ေဝမွ်ခဲ့ပါေသးတယ္။  စမိုင္းတို႔မိသားစုအေနနဲ႔ ယခုလို စဥ္ဆက္မျပတ္ လႉဒါန္းခဲ့ရင္းက ကပ္ေရာဂါေၾကာင့္ လူမ်ားစုၾကပ္တည္းေနခ်ိန္မွာေတာင္ သူမတို႔ေ႐ြးခ်ယ္လုပ္ကိုင္ခဲ့တဲ့ လုပ္ငန္းေလးက အဆင္ေျပစြာနဲ႔ ပုံမွန္လည္ပတ္ေနတာက လႉဒါန္းတဲ့ေနရာမွာ ကိုယ္ထားခဲ့တဲ့ေစတနာက ကိုယ့္ကိုျပန္အက်ိဳးေပးတယ္လို႔ပဲ မွတ္ယူတယ္လို႔ စမိုင္းက ေျပာျပပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ စမိုင္းတို႔မိသားစုဟာဆိုရင္ “အလႉေရစက္လက္ႏွင့္မကြာ” ဆိုသည့္အတိုင္း ဘာသာ၊ သာသနာအတြက္ေသာ္လည္းေကာင္း၊ လူမႈပတ္ဝန္းက်င္အတြက္ေသာ္လည္းေကာင္း ကူညီလႉဒါန္းမႈေလးေတြ ဆက္တိုက္ျပဳလုပ္ေနတာကို ပရိသတ္အားလုံးလည္း မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ ပရိသတ္ႀကီးတို႔လည္း အခုလို ေက်ာင္းေဆာင္(၂) ေဆာင္ေပါင္း သိန္းေပါင္း(၃၀၀၀) အကုန္က်ခံၿပီး ေဆာက္လုပ္လႉဒါန္းခဲ့တဲ့ စမိုင္းတို႔အလႉေလးအတြက္ သာဓုအႏုေမာဓနာ ေခၚဆိုေပးခဲ့ၾကပါအုံးေနာ္။  စမိုင္းတို႔မိသားစုကိုလည္း ဘာသာသာသနာအက်ိဳးကို ဒီထက္ပိုၿပီး ထမ္း႐ြက္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးအပ္ပါတယ္။ 

Read in UNICODE

စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။  ဒီအင်တာဗျူးလေးမှာတော့ စမိုင်းက ပြင်ဦးလွင်မြို့မှာ ဆောက်လုပ်လှူဒါန်းထားတဲ့ ဗုဒ္ဓသာသနာ့ရိပ်သာ နှစ်ထပ်ကျောင်းဆောင်ကြီးနဲ့ ပတ်သတ်လို့ သူမတို့မိသားစုရဲ့ အလှူမင်္ဂလာလေးကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။

ဒီနေ့အလှူအတန်းလေးပတ်သတ်လို့ သရုပ်ဆောင်စမိုင်းလ်က အခုလိုပဲ ရှင်းပြပါတယ်။ “ဒီနေ့ကတော့ အမတို့ အောင်ဇဗ္ဗူတောရကျောင်းမှာ မေမြို့အတွက် ကထိန်သင်္ကန်းကပ်တယ်။ ပြီးတော့ အမတို့ မေမြို့မှာ ဆရာတော့်အတွက်လှူထားတဲ့ နှစ်ထပ်ကျောင်းဆောင်ပေါ့နော်။ အဲ့တာလည်း ရေစက်ချတာပေါ့။ ကဗ္ဗည်းထိုး၊ ရေစက်ချတယ်။ တကယ်တော့ အမတို့က မေမြို့မှာ ကထိန်သွားခင်းမလို့လေ။ အခု ကိုဗစ်နဲ့ကျတော့ အဆင်မပြေလို့ အမတို့ဒီမှာပဲ လုပ်လိုက်တာပါ။” ထိုနှစ်ထပ်ကျောင်းဆောင်ကို နိုင်ငံရပ်ခြားမှ ပညာသင်ဆရာတော်များအတွက် ရည်စူးဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဆရာတော်၏ တောင်းဆိုချက်အရ ဒီအလှူကို ရွေးချယ်လှူဒါန်းဖြစ်တာလို့ စမိုင်းကဆိုပါတယ်။ 

အခုလိုအလှူမျိုးကို ရန်ကုန်မြို့နဲ့ အတန်ဝေးကွာနေတဲ့ မေမြို့(သို့) ပြင်ဦးလွင်မှာ သွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုလည်း စမိုင်းက အခုလို ရှင်းပြပါတယ်။  “အဓိကကလေ အမတို့က မေမြို့မှာအိမ်လည်းဝယ်လိုက်တယ်။ ပြီးတော့ မေမြို့မှာလည်း အမတို့က ဟိုတယ်လုပ်ငန်းလေး ပထမဆုံးစလုပ်တာပေါ့နော်။ အဲ့လိုနေရာမှာ ကျောင်းလေးလည်း လှူချင်တယ်။ ဒီမှာကျတော့ သစ်တံခါးဆရာတော်အတွက် လှိုင်သာယာမှာ အမတို့ တစ်ကျောင်းလှူထားသေးတယ်။ နယ်မှာလည်း ဆရာတော်က သာသနာထွန်းပွားချင်တယ်။ ပြီးတော့ အမတို့ကိုယ်တိုင်လည်း မေမြို့က အမတို့ရဲ့ ပထမဆုံးစလုပ်မယ့် ဟိုတယ်လုပ်ငန်းလေးလည်း ရှိနေတဲ့အခါကျတော့လေ၊ အဲ့မှာလှူဖြစ်သွားတာပါ။ ကိုယ်လည်း အမြဲတမ်းရောက်မယ့် နေရာမျိုးလည်း ဖြစ်တယ်လေ။” လို့ စမိုင်းက ဝေမျှပေးခဲ့ပါတယ်။ပြင်ဦးလွင်မှာရှိတဲ့ သာသနာ့ရိပ်သာကို သိန်းပေါင်း (၁၅၀၀) အကုန်ကျခံပြီး စမိုင်းတို့မိသားစုက ဆောက်လုပ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။ လှိုင်သာယာမှာ ဆောက်လုပ်ဆဲဖြစ်တဲ့ ကျောင်းဆောင်ကိုပါ ထည့်တွက်မယ်ဆိုရင်တော့ နှစ်ကျောင်းပေါင်း သိန်း(၃၀၀၀) အကုန်ကျခံပြီး ဆောက်လုပ်လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ စမိုင်းက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။ 

စမိုင်းက “ကျောင်းလှူရခြင်းအကျိုးကလည်း မွန်မြတ်တယ်။ အမတို့က အမြဲတမ်းလှူနေတာပေါ့နော်။ ဒါပေမယ့် တစ်ဦးတည်းလှူတဲ့ဟာကလည်း သိပ်မရှိခဲ့ဘူး။ နောက်ပြီးတော့ ဆရာတော်တွေကလည်း အမတို့ကို သေချာသင်ပေးတယ်။ လမ်းညွှန်ပြီးတော့လည်း ပြောပေးတယ်ပေါ့နော်။ ကိုယ်ရဲ့ တစ်ဦးတည်းအလှူအတွက် ပိုက်ဆံကို ကြိုးစားစုပြီး လှူပေးပါလို့ ဆရာတော်တွေဘက်က တိုက်တွန်းလာတဲ့အတွက် ဆရာတော်ဘုရားတွေရဲ့ ညွှန်ကြားချက်တွေကို အမတို့က လိုက်နာပြီးတော့ လှူခဲ့တာပါ” လို့ အခုလို ကျောင်းဆောင်အတွက် တစ်ဦးတည်းအလှူရှင်အဖြစ် လှူဒါန်းဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။ လှိုင်သာယာ(၁၀)ရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ဆဲကျောင်းဆောင်ကိုလည်း ကိုဗစ်ကပ်ရောဂါကြီးပြီးဆုံးတဲ့အခါ ရေစက်ချလှူဒါန်းသွားမယ်လို့ စမိုင်းရဲ့ပြောကြားချက်အရ သိရပါတယ်။ 

မေမြို့ကျောင်းမှာတော့ စမိုင်းတို့မိသားစုက သိန်း(၁၈၀) အကုန်ကျခံ၍ သံဃာအပါး(၁၀၀၀) အတွက် ကထိန်ခင်းပေးခဲ့တာဖြစ်ပြီး အခုလို ကိုဗစ်ကပ်ရောဂါဆိုးကြီးကျရောက်နေတဲ့အတွက် သွားရေးလာရေးခက်ခဲသောကြောင့် ကထိန်ခင်းပွဲတော် လုပ်တာမျိုးမရှိပဲ ဒီတိုင်းပဲလှူဒါန်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။  ဒီနှစ် ကပ်ရောဂါကြောင့် ကိုယ်တိုင်ကိုယ်ကျ ကထိန်မခင်းဖြစ်ခဲ့ပုံနဲ့ စပ်လျဉ်းပြီး စမိုင်းက အခုလိုပဲ ရင်ဖွင့်ပြောပြပါတယ်။  “အမတို့လည်း ကထိန်ကို ခင်းချင်တာပေါ့နော်။ အမတို့ဆို ကထိန်ကို အမြဲတမ်း ပျော်ပျော်ပါးပါးခင်းကြတယ်။ အငြိမ့်ပွဲတွေဘာတွေ သွင်းပြီး ခင်းကြတယ်။ ဒါပေမယ့် အခုလိုမျိုးအချိန်မှာကျတော့ အမတို့ရဲ့ လှူဒါန်းချင်တဲ့စိတ်က အဓိကပဲပေါ့နော်။ အဲ့တော့ ပွဲကြီးလမ်းကြီးလုပ်ရမှ ကထိန်ခင်းတာ မဟုတ်ဘူးပေါ့နော်။ အဓိကကတော့ အမတို့အနေနဲ့ မြတ်စွာဘုရားကိုရည်မှန်းပြီးတော့ ကထိန်ခင်းကြတယ်။ ကိုယ်ကိုးကွယ်တဲ့ ဆရာတော်တွေဆီမှာ လာရောက်လှူဒါန်းတယ်။ ဒါန၊ သီလပေါ့နော်။ အဲ့တာတွေအကုန်လုံးလုပ်တယ် ဆိုရင်တော့ အတူတူပါပဲ။ ပွဲလမ်းသဘင်တွေနဲ့ကျတော့ ကိုယ်လည်းပျော်ရတယ်၊ သူများလည်း ပျော်ရတယ်။ အခုချိန်မှာတော့ အဲ့ဒီလိုမျိုးမလုပ်တာက အကောင်းဆုံးပဲပေါ့နော်။ ကိုယ့်ကြောင့်ရော၊ သူများကြောင့်ရော ဒုက္ခမရောက်စေချင်တော့ ဒီလိုအကျဉ်းချုံးလေးပဲ လုပ်လိုက်တာပါ။”  အခုလိုကျောင်းဆောင်လှူဒါန်းခြင်းရဲ့ ကောင်းကျိုးကုသိုလ်တွေနဲ့ ပတ်သတ်လို့လည်း စမိုင်းကရှင်းပြခဲ့ပါသေးတယ်။

စမိုင်းက “အခုလို ကျောင်းဆောင်လှူဒါန်းတယ် ဆိုတာကလည်း အရမ်းကိုမွန်မြတ်တယ်ပေါ့နော်။ ဆရာတော်ဘုရားတစ်ပါး ဟောထားခဲ့တာ ရှိတယ်။ ဘုရားဆောက်တာနဲ့၊ ကျောင်းဆောက်တာနဲ့ ဘယ်ဟာက ကုသိုလ်ကွာခြားလည်းပေါ့။ ဒါပေမယ့် နှစ်ခုလုံးကတော့ ကုသိုလ်ထူးတယ်။ ဘုရားတည်တဲ့အခါကျတော့ ဘုရားကိုလာပြီးတော့ ရှိခိုးတဲ့သူနဲ့ ပြီးသွားတာပေါ့နော်။ ကျောင်းဆောက်လှူတဲ့အခါကျတော့ ဒီကျောင်းမှာ သာသာနာတော်ကို ပြန့်ပွားဖို့အတွက် သာသနာကိုဆင့်ကာဆင့်ကာ ဖြန့်ပေးနေတဲ့ ဆရာတော်တွေ နေတာပေါ့နော်။ ဆရာတော်တွေ သီတင်းသုံးတာ၊ ဆရာတော်တွေလာပြီးတော့ ပညာဆည်းပူးတဲ့ နေရာဖြစ်တဲ့အခါကျတော့ အမတို့က သာသနာတော်ကို လက်ဆင့်ကမ်းဖို့အတွက် ကျောင်းလှူတဲ့အလှူက အမွန်မြတ်ဆုံးဆိုပြီးတော့ အမတို့ကို ဟောထားတာလေး ရှိတယ်။ တကယ်ပဲ ကျောင်းတွေက သာသနာကိုလက်ဆင့်ကမ်းနေတဲ့ ဆရာတော်တွေ လာပြီးတော့ တည်းခိုတယ်၊ လာပြီးတော့ သာသနာပြုတယ်၊ အဲလိုမျိုးဖြစ်တဲ့အတွက် ပီတိက ပိုပြီးတော့ ဖော်မပြနိုင်ဘူးပေါ့နော်။ ပြီးတော့ အမတို့ကိုယ်တိုင်လည်း ဝါတွင်းကာလတွေမှာ ကျောင်းတွေမှာသွားပြီးတော့ နေကြတယ်။ အမဆိုရင် ဒီအောင်ဇဗ္ဗူကျောင်းမှာ ခဏခဏ အဓိဌာန်လာလုပ်ဖြစ်တယ် ပေါ့နော်။ အဲ့တာကြောင့် ပိုပြီးတော့ ပီတိဖြစ်တယ်။ ပိုပြီးတော့မွန်မြတ်တယ်လို့လည်း ခံစားရတယ်။”လို့ သူမသိရှိထားတဲ့ ဘာသာရေးဗဟုသုတလေးကိုလည်း ဝေမျှခဲ့ပါတယ်။

ကိုဗစ်အချိန်မှာ လူစုလူဝေးမလုပ်ရတဲ့အတွက် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အနေနဲ့ အခါကြီးရက်ကြီးတွေမှာ ကျောင်းကန်ဘုရားတွေမှာ အလှူအတန်းပွဲတော်ကြီးတွေပြုလုပ်မယ့်အစား မိမိတို့အိမ်မှာဖြစ်စေ၊ ကိုးကွယ်တဲ့ဆရာတော်ကြီးတွေရဲ့ ကျောင်းမှာဖြစ်စေ အကျဉ်းချုံးပြီး အလှူအတန်းလေးတွေ ပြုလုပ်တာကသာ အခုလိုကာလနဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့ စမိုင်းက နည်းပေးလမ်းပြခဲ့ပါသေးတယ်။  စမိုင်းတို့မိသားစုအနေနဲ့ အခုလောက် ငွေကြေးအင်အားမပြည့်စုံခင် ယခင်အချိန်တွေတည်းက “မရှိလို့မလှူ၊ မလှူလို့မရှိ” မဖြစ်ရလေအောင် မိမိတတ်နိုင်သည့်ဘက်မှ လုပ်အားဒါနနှင့်ဖြစ်စေ လှူဒါန်းလေ့ရှိခဲ့ပြီး ပိုက်ဆံနည်းမှများမှမဟုတ်ပဲ ကိုယ့်ရဲ့စိတ်ကသာ ဖြူဖြူစင်စင်လေးနဲ့ လှူဒါန်းခဲ့မယ်ဆိုရင် ဘယ်အလှူမဆို မွန်မြတ်တဲ့အလှူဖြစ်တယ်လို့ စမိုင်းက သူမချစ်ရတဲ့ ပရိသတ်ကြီးအတွက် ဝေမျှခဲ့ပါသေးတယ်။  စမိုင်းတို့မိသားစုအနေနဲ့ ယခုလို စဉ်ဆက်မပြတ် လှူဒါန်းခဲ့ရင်းက ကပ်ရောဂါကြောင့် လူများစုကြပ်တည်းနေချိန်မှာတောင် သူမတို့ရွေးချယ်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းလေးက အဆင်ပြေစွာနဲ့ ပုံမှန်လည်ပတ်နေတာက လှူဒါန်းတဲ့နေရာမှာ ကိုယ်ထားခဲ့တဲ့စေတနာက ကိုယ့်ကိုပြန်အကျိုးပေးတယ်လို့ပဲ မှတ်ယူတယ်လို့ စမိုင်းက ပြောပြပါတယ်။ 

ပရိသတ်ကြီးတို့ရေ စမိုင်းတို့မိသားစုဟာဆိုရင် “အလှူရေစက်လက်နှင့်မကွာ” ဆိုသည့်အတိုင်း ဘာသာ၊ သာသနာအတွက်သော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်အတွက်သော်လည်းကောင်း ကူညီလှူဒါန်းမှုလေးတွေ ဆက်တိုက်ပြုလုပ်နေတာကို ပရိသတ်အားလုံးလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လည်း အခုလို ကျောင်းဆောင်(၂) ဆောင်ပေါင်း သိန်းပေါင်း(၃၀၀၀) အကုန်ကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ စမိုင်းတို့အလှူလေးအတွက် သာဓုအနုမောဓနာ ခေါ်ဆိုပေးခဲ့ကြပါအုံးနော်။  စမိုင်းတို့မိသားစုကိုလည်း ဘာသာသာသနာအကျိုးကို ဒီထက်ပိုပြီး ထမ်းရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *