ပိုင္ဆိုင္တဲ့ ေရႊေတြ ေရာင္းခ်ၿပီး အလွဴအတန္းေတြလုပ္ႏိုင္ခဲ့လို႔ ေပ်ာ္ရႊင္ပီတိျဖစ္ေနတဲ့ မယ္လိုဒီ

မယ္လိုဒီကေတာ့ ႏိုဝင္ဘာလ (၁၄) ရက္ေန႔တုန္းက ပဲခူးၿမိဳ႕ ေအာင္သုခဓမၼရိပ္သာခြဲ ေထာက္ၾကန႔္(၁) မွာ ေငြက်ပ္သိန္း(၂၀) နဲ႔အတူ ဆြမ္း၊ အခ်ိဳပြဲေတြ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ သူမ အေနနဲ႔ ပိုင္ဆိုင္တဲ့ ပစၥည္းဥစၥာေတြကို မိခင္၊ ညီမေလးနဲ႔ သားျဖစ္သူတို႔အတြက္ခြဲေဝေပးၿပီး က်န္တာကို အလႉအတန္းေတြအတြက္ အသုံးခ်သြားမယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ သူမဟာ ဇြဲထက္ေ႐ႊဆိုင္ကေန

ဝယ္ယူထားတဲ့ ေ႐ႊေတြကို ေရာင္းခ်ၿပီး အခုလို အလႉအတန္းေတြ လုပ္ခဲ့တာလို႔ သိရပါတယ္။ သူမရဲ႕ ကုသိုလ္အတြက္ ေ႐ႊေတြကို ေဈးမႏွိမ္ပဲ ျပန္ဝယ္ေပးခဲ့တဲ့ ဇြဲထက္မွ တာဝန္ရွိသူေတြကိုလည္း မယ္လိုဒီက ေက်းဇူးတင္စကားဆိုထားပါေသးတယ္။ ” ေငြမခ်မ္းသာေပမယ့္ စိတ္ခ်မ္းသာလို႔ ရွိတာေရာင္းၿပီးလႉလိုက္တာပါ။၂၀၂၀ အတြင္း သိန္း ၂၀၀ ေက်ာ္လႉႏိုင္ခဲ့ပါၿပီ။ ေသရင္သယ္သြားလို႔မရတဲ့ဘဝမွာ အေမနဲ႔သား ၊ ညီမေလး အတြက္ စီစဥ္စရာရွိတာ စီစဥ္ၿပီးရင္ ကြၽန္မပိုင္ပစၥည္းေတြ

စိတ္ႀကိဳက္စီစဥ္လႉဒါန္းသြားဦးမွာပါ။ ဆုံးရႈံးမႈတိုင္းမွာ ဘယ္ေတာ့မွေသခ်င္စိတ္မျဖစ္ခဲ့သလို အေလ်ာ့လည္းမေပးခဲ့ပါဘူး။ ကြၽန္မတို႔ဟာ အူဝဲေလးေတြလို အေမႏို႔တိုက္မွ အေမေရခ်ိဳးေပးမွ အဆင္ေျပတဲ့အ႐ြယ္မဟုတ္ေတာ့ပါဘူး”ဆိုၿပီးေတာ့ ႏိုဝင္ဘာလ (၁၄) ရက္ေန႔ ေန႔လယ္ (၁၁) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ မယ္လိုဒီဟာ ကိုဗစ္ေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားထားရတဲ့ အခ်ိန္မွာ ဘာသာေရးအလုပ္ကို အရင္ကထက္ တစိုက္မတ္မတ္

လုပ္ေဆာင္ေနသူပါ။ ၂၀၂၀ ခုႏွစ္ကို တရားအားထုတ္ရင္း အဓိပၸာယ္ရွိရွိ ျဖတ္သန္းသြားမယ္လို႔သူက ဆိုပါတယ္။ ” ေျခ၊ လက္၊ ဦးေႏွာက္ေကာင္းေနသေ႐ြ႕ အလုပ္မရွားပါဘူး။ ဒါေပမယ့္ အလုပ္ေ႐ြးတယ္ သမာအာဇီဝေပမယ့္ ေဈးေရာင္းရမွာရွက္တယ္ဆိုရင္ အလုပ္ရွားေနမွာပါဘဲ။ ငပ်င္းေတြအတြက္ ေအးသည္၊ ပူသည္၊ ေစာသည္ ၊ ဆာသည္၊ ပ်င္းရိသည္ ကေတာ့

ဆင္ျခင္ရွိေနမွာပါဘဲ။ အလုပ္ကေလးလုပ္ တရားေလးအားထုတ္ ဝင္လာတဲ့အကုသိုလ္ေလး ႀကိဳးစားဖယ္ရွားရင္း အဓိပၸါယ္ရွိေသာ ၂၀၂၀ ကို ျဖတ္ေက်ာ္ပါမယ္။ ေမတၱာေပးေသာသူမ်ား တရားျပသူေသာသူမ်ား၊ အနီးအေဝး ဂ႐ုဏာစကားျဖင့္ေစာင့္ေရွာက္ေသာ သူမ်ား Facebook family ႀကီးကိုလည္းေက်းဇူးပါရွင္။ ေအးခ်မ္းၾကပါေစရွင္” လို႔လည္း ဆက္လက္ေရးသားခဲ့ပါတယ္။ မယ္လိုဒီဟာ

အခုဆိုရင္ ခ်စ္ရတဲ့ သားေလး သိဒၵိစစ္၊ သူမရဲ႕ မိခင္၊ ညီမေလးတို႔နဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပါ။သူမရဲ႕ အႏုပညာသက္တမ္းကလည္း အခုဆိုရင္ဆယ္စုႏွစ္တစ္ခုကို ေက်ာ္လြန္လာၿပီျဖစ္ပါတယ္။ မယ္လိုဒီဟာ တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာ၊ ဂ်ာနယ္ မ်က္ႏွာဖုံးေတြကေန တဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာပါ။ အဲဒီေနာက္ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားတာေတြ႕ရပါတယ္။

Read in UNICODE

မယ်လိုဒီကတော့ နိုဝင်ဘာလ (၁၄) ရက်နေ့တုန်းက ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာခွဲ ထောက်ကြန့်(၁) မှာ ငွေကျပ်သိန်း(၂၀) နဲ့အတူ ဆွမ်း၊ အချိုပွဲတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ သူမ အနေနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို မိခင်၊ ညီမလေးနဲ့ သားဖြစ်သူတို့အတွက်ခွဲဝေပေးပြီး ကျန်တာကို အလှူအတန်းတွေအတွက် အသုံးချသွားမယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူမဟာ ဇွဲထက်ရွှေဆိုင်ကနေ

ဝယ်ယူထားတဲ့ ရွှေတွေကို ရောင်းချပြီး အခုလို အလှူအတန်းတွေ လုပ်ခဲ့တာလို့ သိရပါတယ်။ သူမရဲ့ ကုသိုလ်အတွက် ရွှေတွေကို ဈေးမနှိမ်ပဲ ပြန်ဝယ်ပေးခဲ့တဲ့ ဇွဲထက်မှ တာဝန်ရှိသူတွေကိုလည်း မယ်လိုဒီက ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ ” ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာလို့ ရှိတာရောင်းပြီးလှူလိုက်တာပါ။၂၀၂၀ အတွင်း သိန်း ၂၀၀ ကျော်လှူနိုင်ခဲ့ပါပြီ။ သေရင်သယ်သွားလို့မရတဲ့ဘဝမှာ အမေနဲ့သား ၊ ညီမလေး အတွက် စီစဉ်စရာရှိတာ စီစဉ်ပြီးရင် ကျွန်မပိုင်ပစ္စည်းတွေ

စိတ်ကြိုက်စီစဉ်လှူဒါန်းသွားဦးမှာပါ။ ဆုံးရှုံးမှုတိုင်းမှာ ဘယ်တော့မှသေချင်စိတ်မဖြစ်ခဲ့သလို အလျော့လည်းမပေးခဲ့ပါဘူး။ ကျွန်မတို့ဟာ အူဝဲလေးတွေလို အမေနို့တိုက်မှ အမေရေချိုးပေးမှ အဆင်ပြေတဲ့အရွယ်မဟုတ်တော့ပါဘူး”ဆိုပြီးတော့ နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ မယ်လိုဒီဟာ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ ဘာသာရေးအလုပ်ကို အရင်ကထက် တစိုက်မတ်မတ်

လုပ်ဆောင်နေသူပါ။ ၂၀၂၀ ခုနှစ်ကို တရားအားထုတ်ရင်း အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားမယ်လို့သူက ဆိုပါတယ်။ ” ခြေ၊ လက်၊ ဦးနှောက်ကောင်းနေသရွေ့ အလုပ်မရှားပါဘူး။ ဒါပေမယ့် အလုပ်ရွေးတယ် သမာအာဇီဝပေမယ့် ဈေးရောင်းရမှာရှက်တယ်ဆိုရင် အလုပ်ရှားနေမှာပါဘဲ။ ငပျင်းတွေအတွက် အေးသည်၊ ပူသည်၊ စောသည် ၊ ဆာသည်၊ ပျင်းရိသည် ကတော့

ဆင်ခြင်ရှိနေမှာပါဘဲ။ အလုပ်ကလေးလုပ် တရားလေးအားထုတ် ဝင်လာတဲ့အကုသိုလ်လေး ကြိုးစားဖယ်ရှားရင်း အဓိပ္ပါယ်ရှိသော ၂၀၂၀ ကို ဖြတ်ကျော်ပါမယ်။ မေတ္တာပေးသောသူများ တရားပြသူသောသူများ၊ အနီးအဝေး ဂရုဏာစကားဖြင့်စောင့်ရှောက်သော သူများ Facebook family ကြီးကိုလည်းကျေးဇူးပါရှင်။ အေးချမ်းကြပါစေရှင်” လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။ မယ်လိုဒီဟာ

အခုဆိုရင် ချစ်ရတဲ့ သားလေး သိဒ္ဒိစစ်၊ သူမရဲ့ မိခင်၊ ညီမလေးတို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။သူမရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင်ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *