လက်ထပ်ချင်တယ် ကယ်တင်ချင်တယ်ဆိုပြီး လာပြောနေကြသူတွေကို ပညာသားပါပါ တုံ့ပြန်ခဲ့တဲ့ မယ်လိုဒီ
Read in UNICODE
သရုပ်ဆောင်မင်းသမီးဘဝနဲ့ နှစ်ပေါင်းများစွာ မယ်လိုဒီကတော့ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းနည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါ ယခုရက်ပိုင်းအတွင်းသူမကို တိုက်ခိုက်နေသူတွေကြောင့် စိတ်ရှုပ်ထွေးနေရတဲ့
မယ်လိုဒီဟာ ယနေ့မှာလည်း သူမကိုကယ်တင်ချင်တယ် လက်ထပ်ချင်တယ်လို့ လာပြောနေသူတွေကို ပညာသားပါပါနဲ့တုံ့ပြန်လာခဲ့တာပါ မယ်လိုဒီက “ကျွန်မကို cb ကနေ ချစ်တယ် သနားတယ်၊ ကူညီချင်တယ်၊ လက်ထပ်ချင်တယ်၊ ပြောနေမယ့်အစား ကျွန်မရောင်းတဲ့
ရေချိုးဆပ်ပြာအရည် ၁၅၀၀၀ ကျပ်၊ Hand gel ၁၀၀၀၀ ကျပ်လေး ဝယ်ယူအားပေးလိုက်ပါလားရှင်။ ရှင်တို့လည်းရောဂါကင်းစင် စိုပြေတောက်ပအသားအရည်လှ ကျွန်မလည်းအရေအတွက်များများရောင်းရရင် ရာခိုင်နှုန်းလေးရ အိမ်စရိတ်လေးကာမိတာပေါ့ရှင်။ နှစ်ဦးနှစ်ဖက်အကျိုး
ရှိ ငါးပါးသီလနဲ့လည်း မငြိဘူးလေရှင်။ သာဓု သာဓု သာဓု ပါရှင်။ မေ့နေလို့ ငှက်သိုက် A grade အသန့်လည်းရောင်းတယ်ရှင့်။ ကျေးဇူးပါ။ ကယ်တင်ရှင်များ စိတ်ကြိုက်ဝယ်ယူ ကယ်တင်နိုင်ပါပြီရှင်🌸” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ မယ်လိုဒီကတော့
သူမကို Cb ကနေ ချစ်တယ်၊ လက်ထပ်ချင်တယ်ပြောနေမယ့်အစား အမှန်တကယ်ကူညီပေးနိုင်တဲ့အရာလေးကိုသာ ပြုလုပ်ဖို့ ပြောလာတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
Source : SY Myanmar