ရင္းႏွီးလာတဲ့ သက္တမ္းတစ္ေလွ်ာက္ ေအာင္ရဲလင္း အသည္းကြဲတာ တစ္ခါမွမျမင္ဖူးဘူး ဆိုတဲ့ မထက္

ပရိသတ္ႀကီးေရ မထက္ဟာ အႏုပညာေလာကမွာေကာ မိတ္ကပ္ေလာကမွာပါ နာမည္ရၿပီး ေအာင္ျမင္မႈေတြမ်ားစြာရရွိလာသူေလးျဖစ္ပါတယ္။မိန္းကေလးအစစ္ေတြ အားက်ရေလာက္ေအာင္ ဆြဲေဆာင္မႈရွိရွိ ဖက္ရွင္အလန္းစားနဲ႔ အၿမဲဆန္းသစ္လွပေနသူေလးလည္းျဖစ္ပါတယ္။သူမရဲ႕ တည္တည္ၿငိမ္ၿငိမ္ ဟန္ပန္ေလးနဲ႔ စကားေျပာပုံေလးကလည္း ပရိသတ္ေတြကို စြဲမက္ေစခဲ့တာအမွန္ပဲျဖစ္ပါတယ္။

မထက္ဟာဆိုရင္ Makeup ေလာကမွာ ေအာင္ျမင္မႈရရွိေနတဲ့ မိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္ၿပီး သူမရဲ႕လက္ရာဟာ အႏုပညာရွင္ေတြၾကားမွာ အေတာ္ေလးကို ေရပန္းစားလ်က္ရွိပါတယ္။ ခြဲစိတ္မႈျပဳလုပ္ၿပီးေနာက္ပိုင္း သူမကပိုမိုလွပ လာၿပီး အသြင္အျပင္တစ္မ်ိဳး နဲ႔ အျပတ္ကိုလန္းေနတာပါ။ အဆီပိုမရွိပဲ လွပလြန္းတဲ့ Body တစ္ခုကို ပိုင္ဆိုင္ထားၿပီး အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကိုပါ ပိုင္ဆိုင္ထားႏိုင္သူေလးလည္းျဖစ္ပါတယ္။

မထက္ဟာဆိုရင္ ေမာ္ဒယ္သ႐ုပ္ေဆာင္ေအာင္ရဲလင္းရဲ႕ ပင္တိုင္စံမိတ္ကပ္ဆရာမတစ္ေယာက္ျဖစ္ၿပီး အလြန္ရင္းႏွီးတဲ့ဆက္ဆံေရး ရွိၾကသူေတြလည္း ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ မင္းသားေအာင္ရဲလင္းဟာ အလြန္အေနေအးတဲ့သူတစ္ေယာက္ျဖစ္ၿပီး ရင္းႏွီးခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္မွာေတာ့ ေအာင္ရဲလင္းအသည္းကြဲတယ္ဆိုတာ တစ္ခါမွ်မျမင္ဖူးဘူးလို႔ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ မိတ္ကပ္မထက္နဲ႔ မင္းသားေအာင္ရဲလင္းဟာဆိုရင္ အလြန္ရင္းႏွ္ီးၾကတဲ့ မိတ္ေဆြေတြ ျဖစ္ေပမယ့္ ေအာင္ရဲလင္းရဲ႕ အျခားအလုပ္ကိစၥေတြ၊ အခ်စ္ေရးကိစၥေတြမွာေတာ့ ဝင္ပါေလ့မရွိဘူးလို႔ မထက္က ႀကိဳတင္ေျပာၾကားထားတယ္။ 

အခ်စ္ေရးနဲ႔ ပတ္သတ္လို႔ ရင္းႏွီးတဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္အေနနဲ႔ အႀကံေပး႐ုံမွ်သာေပးေလ့ရွိတယ္လို႔ မထက္က ဆိုပါတယ္။”ဥပမာကြာ ျပတ္သြားတယ္တို႔ ဘာတို႔ ဆိုရင္ေတာ့ ေအာ္ဟုတ္လား ျပတ္သြားၿပီလား ေပါ့ေနာ္… ကိုယ္ကေတာ့ စိတ္မေကာင္းေတြျဖစ္လို႔… သူကေတာ့ ေအးေဆးပါပဲ… ဆရာႀကီးက ဆရာႀကီးေပါ့ေနာ္” လို႔ အခ်စ္ေရးနဲ႔ ပတ္သတ္လာရင္ ေအးေအးေဆးေဆးပဲ စဥ္းစားဆုံးျဖတ္တတ္တဲ့ မင္းသားေအာင္ရဲလင္းအေၾကာင္းကို ရယ္ရယ္ေမာေမာပဲ မွ်ေဝခဲ့ပါတယ္။

​မင္းသားေအာင္ရဲလင္းက အခ်စ္ကို ေအးေဆးစြာ ျဖတ္သန္းတတ္သူတစ္ဦးျဖစ္ၿပီး အသည္းကြဲတာရယ္လို႔လည္း မရွိဘူးလို႔ မထက္က ေျပာျပပါတယ္။  “သူက တည္ၿငိမ္တယ္… အရမ္းတည္ၿငိမ္တယ္… အသည္းကြဲတာရယ္လို႔လည္း မရွိဘူး… သူမ်ားအေၾကာင္းလည္း စိတ္မဝင္စားဘူး… ဘယ္သူ႔အေၾကာင္းမွလည္း စိတ္မဝင္စားဘူး…  ႂကြားဝါျခင္းလည္းမရွိဘူး… သူမ်ားကသူ႔ကို ႏွိမ္တာလားဆိုၿပီးေတာ့လည္း စိတ္မဝင္စားဘူး… သူက ေအးေအးေဆးေဆးပဲ… အခ်စ္ေရးဆိုလည္း ေအးေအးေဆးေဆးပဲ ေျဖရွင္းတယ္”

ေအာင္ရဲလင္းတစ္ေယာက္ ခ်စ္သူရည္းစားေတြနဲ႔ ျပတ္ဆဲတဲ့အခါ ေဘးကျမင္ေနရသူ မထက္အေနနဲ႔ မိန္းကေလးဘက္က ထည့္ေတြးေပးၿပီး စိတ္မေကာင္းျဖစ္မိေပမယ့္ မင္းသားကေတာ့ ” ထက္ကလည္း ကြၽန္ေတာ့္ဘက္ကလည္း ျပန္ၾကည့္အုံးေလ” ျပန္ေျပာေလ့ရွိတဲ့အခါ မထက္က”ရွင့္ဘက္ကၾကည့္ေတာ့လည္း ရွင္မွန္တယ္… မိန္းကေလးဘက္က ၾကည့္ေတာ့လည္း သနားတယ္” လို႔ ျပန္လည္တုံ႔ျပန္ေလ့ရွိတယ္လို႔ မထက္က ပြင့္ပြင့္လင္းလင္း ေျပာၾကားလာပါတယ္။ မထက္ယုံၾကည္ထားတာက မိန္းကေလးဆိုတာ ခ်စ္ၿပီေဟ့ဆိုရင္ အနည္းနဲ႔အမ်ားက ရင္ႀကီးကိုႏွစ္ၿပီးေတာ့ ခ်စ္တတ္ၾကတာျဖစ္ၿပီး ေနာက္မွသာ ေလာကႀကီးရဲ႕ မတည္ၿမဲျခင္းသေဘာအရ ကြဲသြားၾကရတာျဖစ္လို႔ မထက္အေနနဲ႔ မိန္းကေလးေတြဘက္က ပိုၿပီးစဥ္းစားေပးျဖစ္တာလို႔ ရွင္းျပပါတယ္။ 

မင္းသားေအာင္ရဲလင္းရဲ႕ အခ်စ္ေရးနဲ႔ပတ္သတ္လာရင္ ေအးေအးေဆးေဆးျဖတ္သန္းတတ္တဲ့ ပုံစံမ်ိဳးကို မထက္အေနနဲ႔ အတုယူခဲ့ရၿပီး “အခုဆိုရင္ ရည္းစားလည္း မထားခ်င္ေတာ့ပါဘူး ေအးေအးေဆးေဆးေနခဲ့ရမွာ” လို႔ မင္းသားကိုရင္ဖြင့္တဲ့အခါ ေအာင္ရဲလင္းက “မထက္ကို ကြၽန္ေတာ္ေျပာသားပဲ အရင္တည္းက အဲ့လိုေနရမွာ ဘာလို႔မေနလဲ… စိတ္ထဲမထားနဲ႔ ေအးခ်မ္းေအာင္သာေနပါ” လို႔ ျပန္ၿပီးအားေပးတတ္တယ္လို႔ မထက္က ေဝမွ်လာပါတယ္။  မထက္ဟာဆိုရင္ အခုမွ ကိုယ့္ကိုယ္ကို ေခတ္မီလာတယ္လို႔ ယူဆေနတာျဖစ္ၿပီး အခ်စ္ေရးနဲ႔ ပတ္သတ္လာရင္ အရမ္းႀကီး အတည္တက်မခံစားတတ္ေတာ့ဘူးလို႔ ရင္ဖြင့္လာပါတယ္။

မထက္အေနနဲ႔ အရင္ကဆိုရင္ အခ်စ္ေရးမွာ ကိုယ့္ဘက္က ေပးဆပ္ခံစားေလာင္ၿမိဳက္ေနတတ္ၿပီး တြဲဖူးခဲ့တဲ့ရည္းစားတိုင္းက စႏႈိက္ေၾကာ္အႏႈိက္ခံရတာ၊ ေဖာက္ျပန္တာ စသည္ျဖင့္ ႀကဳံေတြ႕ခဲ့ရတဲ့အတြက္ ေနာက္ပိုင္းမွာေတာ့ ေအးရာေအးေၾကာင္း အီစီကလီနဲ႔ပဲ သာယာေနျဖစ္တယ္လို႔ ရယ္ေမာၿပီး ရင္ဖြင့္ပါတယ္။  အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး မထက္အေနနဲ႔ ကံေကာင္းခဲ့တဲ့အခ်က္က တြဲဖူးသမွ်ရည္းစားအားလုံးနီးပါးနဲ႔ ဆက္ဆံေရးေတြက (၃)ႏွစ္၊ (၄)ႏွစ္၊ (၅)ႏွစ္ပင္ တိုင္ေအာင္ ခိုင္ၿမဲခဲ့ၿပီး ကံဆိုးတဲ့တစ္ခ်က္ကေတာ့ ရည္းစားတိုင္းက သူမကို ေဖာက္ျပန္ခဲ့တာျဖစ္တဲ့အတြက္ ေနာက္ထပ္အတည့္အတန႔္အခ်စ္ေရးတစ္ခုကိုေတာ့ မေမွ်ာ္မွန္းေတာ့ပါဘူးလို႔ ေျပာၾကားလာပါတယ္​။ 

ကိုေအာင္ရဲလင္းရဲ႕ အခ်စ္ေရးနဲ႔ စပ္လ်ဥ္းၿပီး သူမတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးအတိုင္းအတာကိုလည္း မထက္က အခုလိုပဲ ရွင္းျပခဲ့ပါတယ္။ “အမယ္ေလး ရင္းႏွီးလာတဲ့သက္တမ္းတစ္ေလွ်ာက္ ကိုေအာင္ရဲလင္းအသည္းကြဲတာ တစ္ခါမွ မျမင္ဖူးဘူး… အမတို႔က လိုတာထက္လည္း မပိုၾကဘူးေလ… အလုပ္ရွိရင္ေတြ႕တယ္… မလုပ္မရွိရင္ အမက သူ႔အိမ္လည္းသြားလည္မေနဘူး… သူလည္း အမအိမ္ လာလည္မေနဘူးေလ… သူမ်ားေတြထင္သလိုမဟုတ္ဘူး… အမတို႔က တကယ္ကို ႐ိုး႐ိုးသားသား ကိုယ့္ရဲ႕ေမာင္ႏွမေတြလို၊ ကိုယ္ကအမႀကီးလို သူငယ္ခ်င္းေကာင္းလိုေနေပးတယ္”

မထက္အေနနဲ႔ မင္းသားကို အိမ္ေထာင္က်ၿပီး ႐ိုးေျမက်ေပါင္းသင္းႏိုင္တဲ့ အခ်စ္ေရးေလးတစ္ခုကို ျဖတ္သန္းေစခ်င္ေပမယ့္ မင္းသားဖက္ကေတာ့ အိမ္ေထာင္ျပဳတယ္ဆိုတာ အရွည္ႀကီးစဥ္းစားရတာျဖစ္တဲ့အတြက္ သူ႔အေနနဲ႔ ေအးေအးေဆးေဆးပဲေနခ်င္တယ္လို႔ တုံ႔ျပန္ေျဖၾကားခဲ့ပါတယ္။

ပရိသတ္ႀကီးတို႔ေရ မထက္အေနနဲ႔ ဒီေခတ္ႀကီးမွာက လူအခ်င္းခ်င္းၾကားမွာ ဘာကိုမွယုံလို႔မရေတာ့ပဲ ေခတ္အေျခအေနကလည္း အရင္ေခတ္လိုမဟုတ္ေတာ့တဲ့အတြက္ ေ႐ြးခ်ယ္စရာအရမ္းမ်ားလာၿပီး ဆုံးျဖတ္ခ်က္ေတြျပတ္သားလာၾကတျဖစ္တဲ့အတြက္ အိမ္ေထာင္ျပဳတယ္ဆိုတဲ့ကိစၥကို ဆိုသေလာက္ မတိုက္တြန္းျဖစ္ေတာ့ဘူးလို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္လိုက္ပါတယ္။ အထက္ပါအေၾကာင္းအရာမ်ားနဲ႔ပတ္သတ္လို႔ ပရိသတ္ရဲ႕ အျမင္ေလးေတြကိုလည္း မွ်ေဝေပးခဲ့ၾကပါဦးေနာ္။ 

Read in UNICODE

ပရိသတ်ကြီးရေ မထက်ဟာ အနုပညာလောကမှာကော မိတ်ကပ်လောကမှာပါ နာမည်ရပြီး အောင်မြင်မှုတွေများစွာရရှိလာသူလေးဖြစ်ပါတယ်။မိန်းကလေးအစစ်တွေ အားကျရလောက်အောင် ဆွဲဆောင်မှုရှိရှိ ဖက်ရှင်အလန်းစားနဲ့ အမြဲဆန်းသစ်လှပနေသူလေးလည်းဖြစ်ပါတယ်။သူမရဲ့ တည်တည်ငြိမ်ငြိမ် ဟန်ပန်လေးနဲ့ စကားပြောပုံလေးကလည်း ပရိသတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။

မထက်ဟာဆိုရင် Makeup လောကမှာ အောင်မြင်မှုရရှိနေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့လက်ရာဟာ အနုပညာရှင်တွေကြားမှာ အတော်လေးကို ရေပန်းစားလျက်ရှိပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်း သူမကပိုမိုလှပ လာပြီး အသွင်အပြင်တစ်မျိုး နဲ့ အပြတ်ကိုလန်းနေတာပါ။ အဆီပိုမရှိပဲ လှပလွန်းတဲ့ Body တစ်ခုကို ပိုင်ဆိုင်ထားပြီး အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပါ ပိုင်ဆိုင်ထားနိုင်သူလေးလည်းဖြစ်ပါတယ်။

မထက်ဟာဆိုရင် မော်ဒယ်သရုပ်ဆောင်အောင်ရဲလင်းရဲ့ ပင်တိုင်စံမိတ်ကပ်ဆရာမတစ်ယောက်ဖြစ်ပြီး အလွန်ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြသူတွေလည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ မင်းသားအောင်ရဲလင်းဟာ အလွန်အနေအေးတဲ့သူတစ်ယောက်ဖြစ်ပြီး ရင်းနှီးခဲ့တဲ့သက်တမ်းတစ်လျှောက်မှာတော့ အောင်ရဲလင်းအသည်းကွဲတယ်ဆိုတာ တစ်ခါမျှမမြင်ဖူးဘူးလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မိတ်ကပ်မထက်နဲ့ မင်းသားအောင်ရဲလင်းဟာဆိုရင် အလွန်ရင်းနှ်ီးကြတဲ့ မိတ်ဆွေတွေ ဖြစ်ပေမယ့် အောင်ရဲလင်းရဲ့ အခြားအလုပ်ကိစ္စတွေ၊ အချစ်ရေးကိစ္စတွေမှာတော့ ဝင်ပါလေ့မရှိဘူးလို့ မထက်က ကြိုတင်ပြောကြားထားတယ်။ 

အချစ်ရေးနဲ့ ပတ်သတ်လို့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ အကြံပေးရုံမျှသာပေးလေ့ရှိတယ်လို့ မထက်က ဆိုပါတယ်။”ဥပမာကွာ ပြတ်သွားတယ်တို့ ဘာတို့ ဆိုရင်တော့ အော်ဟုတ်လား ပြတ်သွားပြီလား ပေါ့နော်… ကိုယ်ကတော့ စိတ်မကောင်းတွေဖြစ်လို့… သူကတော့ အေးဆေးပါပဲ… ဆရာကြီးက ဆရာကြီးပေါ့နော်” လို့ အချစ်ရေးနဲ့ ပတ်သတ်လာရင် အေးအေးဆေးဆေးပဲ စဉ်းစားဆုံးဖြတ်တတ်တဲ့ မင်းသားအောင်ရဲလင်းအကြောင်းကို ရယ်ရယ်မောမောပဲ မျှဝေခဲ့ပါတယ်။

မင်းသားအောင်ရဲလင်းက အချစ်ကို အေးဆေးစွာ ဖြတ်သန်းတတ်သူတစ်ဦးဖြစ်ပြီး အသည်းကွဲတာရယ်လို့လည်း မရှိဘူးလို့ မထက်က ပြောပြပါတယ်။  “သူက တည်ငြိမ်တယ်… အရမ်းတည်ငြိမ်တယ်… အသည်းကွဲတာရယ်လို့လည်း မရှိဘူး… သူများအကြောင်းလည်း စိတ်မဝင်စားဘူး… ဘယ်သူ့အကြောင်းမှလည်း စိတ်မဝင်စားဘူး…  ကြွားဝါခြင်းလည်းမရှိဘူး… သူများကသူ့ကို နှိမ်တာလားဆိုပြီးတော့လည်း စိတ်မဝင်စားဘူး… သူက အေးအေးဆေးဆေးပဲ… အချစ်ရေးဆိုလည်း အေးအေးဆေးဆေးပဲ ဖြေရှင်းတယ်”

အောင်ရဲလင်းတစ်ယောက် ချစ်သူရည်းစားတွေနဲ့ ပြတ်ဆဲတဲ့အခါ ဘေးကမြင်နေရသူ မထက်အနေနဲ့ မိန်းကလေးဘက်က ထည့်တွေးပေးပြီး စိတ်မကောင်းဖြစ်မိပေမယ့် မင်းသားကတော့ ” ထက်ကလည်း ကျွန်တော့်ဘက်ကလည်း ပြန်ကြည့်အုံးလေ” ပြန်ပြောလေ့ရှိတဲ့အခါ မထက်က”ရှင့်ဘက်ကကြည့်တော့လည်း ရှင်မှန်တယ်… မိန်းကလေးဘက်က ကြည့်တော့လည်း သနားတယ်” လို့ ပြန်လည်တုံ့ပြန်လေ့ရှိတယ်လို့ မထက်က ပွင့်ပွင့်လင်းလင်း ပြောကြားလာပါတယ်။ မထက်ယုံကြည်ထားတာက မိန်းကလေးဆိုတာ ချစ်ပြီဟေ့ဆိုရင် အနည်းနဲ့အများက ရင်ကြီးကိုနှစ်ပြီးတော့ ချစ်တတ်ကြတာဖြစ်ပြီး နောက်မှသာ လောကကြီးရဲ့ မတည်မြဲခြင်းသဘောအရ ကွဲသွားကြရတာဖြစ်လို့ မထက်အနေနဲ့ မိန်းကလေးတွေဘက်က ပိုပြီးစဉ်းစားပေးဖြစ်တာလို့ ရှင်းပြပါတယ်။ 

မင်းသားအောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ပတ်သတ်လာရင် အေးအေးဆေးဆေးဖြတ်သန်းတတ်တဲ့ ပုံစံမျိုးကို မထက်အနေနဲ့ အတုယူခဲ့ရပြီး “အခုဆိုရင် ရည်းစားလည်း မထားချင်တော့ပါဘူး အေးအေးဆေးဆေးနေခဲ့ရမှာ” လို့ မင်းသားကိုရင်ဖွင့်တဲ့အခါ အောင်ရဲလင်းက “မထက်ကို ကျွန်တော်ပြောသားပဲ အရင်တည်းက အဲ့လိုနေရမှာ ဘာလို့မနေလဲ… စိတ်ထဲမထားနဲ့ အေးချမ်းအောင်သာနေပါ” လို့ ပြန်ပြီးအားပေးတတ်တယ်လို့ မထက်က ဝေမျှလာပါတယ်။  မထက်ဟာဆိုရင် အခုမှ ကိုယ့်ကိုယ်ကို ခေတ်မီလာတယ်လို့ ယူဆနေတာဖြစ်ပြီး အချစ်ရေးနဲ့ ပတ်သတ်လာရင် အရမ်းကြီး အတည်တကျမခံစားတတ်တော့ဘူးလို့ ရင်ဖွင့်လာပါတယ်။

မထက်အနေနဲ့ အရင်ကဆိုရင် အချစ်ရေးမှာ ကိုယ့်ဘက်က ပေးဆပ်ခံစားလောင်မြိုက်နေတတ်ပြီး တွဲဖူးခဲ့တဲ့ရည်းစားတိုင်းက စနှိုက်ကြော်အနှိုက်ခံရတာ၊ ဖောက်ပြန်တာ စသည်ဖြင့် ကြုံတွေ့ခဲ့ရတဲ့အတွက် နောက်ပိုင်းမှာတော့ အေးရာအေးကြောင်း အီစီကလီနဲ့ပဲ သာယာနေဖြစ်တယ်လို့ ရယ်မောပြီး ရင်ဖွင့်ပါတယ်။  အချစ်ရေးနဲ့ပတ်သတ်ပြီး မထက်အနေနဲ့ ကံကောင်းခဲ့တဲ့အချက်က တွဲဖူးသမျှရည်းစားအားလုံးနီးပါးနဲ့ ဆက်ဆံရေးတွေက (၃)နှစ်၊ (၄)နှစ်၊ (၅)နှစ်ပင် တိုင်အောင် ခိုင်မြဲခဲ့ပြီး ကံဆိုးတဲ့တစ်ချက်ကတော့ ရည်းစားတိုင်းက သူမကို ဖောက်ပြန်ခဲ့တာဖြစ်တဲ့အတွက် နောက်ထပ်အတည့်အတန့်အချစ်ရေးတစ်ခုကိုတော့ မမျှော်မှန်းတော့ပါဘူးလို့ ပြောကြားလာပါတယ်။ 

ကိုအောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ စပ်လျဉ်းပြီး သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးအတိုင်းအတာကိုလည်း မထက်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ “အမယ်လေး ရင်းနှီးလာတဲ့သက်တမ်းတစ်လျှောက် ကိုအောင်ရဲလင်းအသည်းကွဲတာ တစ်ခါမှ မမြင်ဖူးဘူး… အမတို့က လိုတာထက်လည်း မပိုကြဘူးလေ… အလုပ်ရှိရင်တွေ့တယ်… မလုပ်မရှိရင် အမက သူ့အိမ်လည်းသွားလည်မနေဘူး… သူလည်း အမအိမ် လာလည်မနေဘူးလေ… သူများတွေထင်သလိုမဟုတ်ဘူး… အမတို့က တကယ်ကို ရိုးရိုးသားသား ကိုယ့်ရဲ့မောင်နှမတွေလို၊ ကိုယ်ကအမကြီးလို သူငယ်ချင်းကောင်းလိုနေပေးတယ်”

မထက်အနေနဲ့ မင်းသားကို အိမ်ထောင်ကျပြီး ရိုးမြေကျပေါင်းသင်းနိုင်တဲ့ အချစ်ရေးလေးတစ်ခုကို ဖြတ်သန်းစေချင်ပေမယ့် မင်းသားဖက်ကတော့ အိမ်ထောင်ပြုတယ်ဆိုတာ အရှည်ကြီးစဉ်းစားရတာဖြစ်တဲ့အတွက် သူ့အနေနဲ့ အေးအေးဆေးဆေးပဲနေချင်တယ်လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ပရိသတ်ကြီးတို့ရေ မထက်အနေနဲ့ ဒီခေတ်ကြီးမှာက လူအချင်းချင်းကြားမှာ ဘာကိုမှယုံလို့မရတော့ပဲ ခေတ်အခြေအနေကလည်း အရင်ခေတ်လိုမဟုတ်တော့တဲ့အတွက် ရွေးချယ်စရာအရမ်းများလာပြီး ဆုံးဖြတ်ချက်တွေပြတ်သားလာကြတဖြစ်တဲ့အတွက် အိမ်ထောင်ပြုတယ်ဆိုတဲ့ကိစ္စကို ဆိုသလောက် မတိုက်တွန်းဖြစ်တော့ဘူးလို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို နိဂုံးချုပ်လိုက်ပါတယ်။ အထက်ပါအကြောင်းအရာများနဲ့ပတ်သတ်လို့ ပရိသတ်ရဲ့ အမြင်လေးတွေကိုလည်း မျှဝေပေးခဲ့ကြပါဦးနော်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *