ေန႔ခင္းေၾကာင္ေတာင္ႀကီး ကားတံခါးဖြင့္ၿပီး ပိုက္ဆံအိတ္လုတဲ့သူနဲ႔ ကိုယ္တိုင္ၾကံဳခဲ့ရတဲ့ သူမရဲ႕အျဖစ္ကို ရင္ဖြင့္ခဲ့တဲ့ မယ္လိုဒီေခါင္

မယ္လိုဒီေခါင္ကေတာ့ အသက္ငယ္ရြယ္ေပမယ့္ အနုပညာအရည္အခ်င္းၾကီးၾကီးမားမားကို ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ မယ္လိုဒီေခါင္က Single Mom တစ္ေယာက္လည္း ျဖစ္ျပီး သူမရဲ့ သားေလးကို တစ္ေယာက္တည္း မားမားမတ္မတ္ ေစာင့္ေရွာက္ေနသူေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ မယ္လိုဒီေခါင္က ေန့ခင္းေၾကာင္ေတာင္ၾကီး ကားတံခါးဖြင့္ ပိုက္ဆံအိတ္လုသူေတြနဲ့ ၾကံဳဆံုခဲ့ရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “အမေလး အခုဘဲႀကဳံလိုက္ရတဲ့အျဖစ္အပ်က္

တစ္ခုေျပာျပမယ္ “အမေလး အခုဘဲႀကဳံလိုက္ရတဲ့အျဖစ္အပ်က္တစ္ခုေျပာျပမယ္ ေခတ္ႀကီးကတကယ္ ခိုး ဆိုး လု ႏႈိက္ လူမိုက္ေတြေပါလာတယ္။ ၾကားဘဲၾကားဖူးတာကိုယ္တိုင္ႀကဳံရမွလန္႔ေတာ့တယ္။ ေက်ာက္ေျမာင္းကဒီဇိုင္နာဆီအသြား အေဖနဲ႔အေမကကားေမာင္းလိုက္ပို႔တာ ေက်ာက္ေျမာင္းစတိုးေရွ႕မွာကားရပ္လိုက္တာ။ သူ႔ဆိုင္ေရွ႕ကားရပ္စရာမရွိလို႔ အဲ့ဒါနဲ႔ ဖိနပ္ဗလာနဲ႔ ရွပ္အက်ႌျဖဴ ေဘာင္းဘီတိုအသားေရာင္ ခပ္ဝဝ ေယာက်ာ္းတစ္ေယာက္ ခန္႔မွန္းအသက္ (၃၀)ဝန္းက်င္ရွိေလာက္တယ္ အေမနဲ႔ကားေပၚကဆင္းလာေတာ့ Melodyတို႔ကားကေအာင္ႏိုင္ေရး အလံတပ္ထားတာ။ အဲ့တာနဲ႔အဲ့ေယာက်ာ္းက

အေမ့ကိုလက္နဲ႔လဲထိၿပီး “အန္တီအဲ့အလံျဖဳတ္လိုက္ေတာ့ တဖက္ပါတီေတြလာတိုက္ခံရလိမ့္မယ္တဲ့” အေမက အေကာင္းနဲ႔ေျပာတာေနမွာပါေလဆိုၿပီးျဖဳတ္ဖို႔လုပ္တာကို အေမကတဘက္လက္မွာပိုက္ဆံအိတ္လြယ္ထားေတာ့ သူကရစ္သီရစ္သီနဲ႔ အႀကံနဲ႔လုႏႈိက္ဖို႔လာေျပာတာ” ” Melodyကအေမ့က္ို ကိုယ့္လူမ်ိဴးစကားနဲ႔ အဓိပၸါယ္မရွိဘူး သူကဖိနပ္လဲမပါဘူး ပုံမွန္မဟုတ္တာေသခ်ာတယ္။ အလံဘယ္သူမွမျဖဳတ္ေသးဘူး။ ဂ႐ုစိုက္မေနနဲ႔ေျပာလိုက္တာ။ အေမလဲဂ႐ုမစိုက္ေတာ့ဘဲ သြားစရာရွိတာဆက္သြားမလို႔လုပ္ေနတဲ့အခ်ိန္မွာ အဲ့လူလည္က အေဖ့ဆီထပ္သြားၿပီး “ဦးေရအလံျဖဳတ္လိုက္ေတာ့ဘာညာဆက္ေျပာေနတာ အေဖကသူစကားလာေျပာေတာ့အေကာင္းမွတ္ၿပီး

မွန္ဖြင့္စကားေျပာလက္ခံေပးေနတာ” အဲ့အခ်ိန္မွာ Melodyလဲစိတ္မခ်လို႔ကားကိုလွမ္းၾကည့္လိုက္တဲ့အခ်ိန္ အဲ့လူလည္က”အေဖ့ကားတံခါးကိုဖြင့္ၿပီးပိုက္ဆံအိတ္လုဖို႔ျပင္ေနတာ “သူ႔လက္ကအေဖ့ကားတံခါးလက္ကိုင္မွာေရာက္ေနၿပီ” ခ်က္ခ်င္းဘဲ အဲ့ကိုေျပးၿပီး Melodyလဲ ေအာ္ထည့္ပလိုက္တာ အဲ့လူႀကီးကMelodyကိုေတာင္မ်က္ေစာင္းထိုးသြားၿပီး သူမဟုတ္သလိုလွည့္ထြက္သြားတာ ” “အမေလး ဘုရားေရ မေတြးရဲစရာဘဲ Melodyသာလွည့္မၾကည့္လိုက္ရင္ ကားမွန္ဖြင့္ထားတဲ့အေဖနဲ႔အဲရစ္ေလးကိုဘာမ်ားလုပ္သြားမလဲမသိဘူး။ ေတာ္ပါေသးတယ္ ကားကေက်ာက္ေျမာင္းစတိုးေရွ႕မွာရပ္ေတာ့ အဲ့က Security ဦးေလးႏွစ္ေယာက္ကလဲ

မသင္ကာလို႔ၾကည့္ေနတာသူ႔ကို အားလုံးဘဲအထူးသတိထားၾကပါေနာ္ ေတာ္ေတာ္လန္႔သြားတယ္ အေဖနဲ႔အေမ့ကိုလဲလုံၿခဳံမႈအပိုင္းမွာဘယ္လိုစိတ္ခ်ရမလဲကိုမသိေတာ့ဘူး 😭😭အမ်ိဴးမ်ိဴးေတြးၿပီး ပူထူေနတာအခုထက္ထိပါဘဲ” ဆိုျပီး သူမကိုယ္တိုင္ ၾကံဳဆံုခဲ့ရတဲ့အျဖစ္ကို ေျပာျပလာခဲ့ပါတယ္။ မယ္လုိဒီေခါင္ကေတာ့ ေန့ခင္းေၾကာင္ေတာင္ၾကီးေတာင္ ခိုးဆိုးလုနိွဳက္တဲ့အျဖစ္နဲ့ ၾကံဳဆံုခဲ့ရေၾကာင္း ေျပာျပလာတာပဲ ျဖစ္ပါတယ္။ ခ်စ္တဲ့ ပရိသတ္ၾကီးလည္း အစစအရာရာ သတိထားၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မယ်လိုဒီခေါင်ကတော့ အသက်ငယ်ရွယ်ပေမယ့် အနုပညာအရည်အချင်းကြီးကြီးမားမားကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မယ်လိုဒီခေါင်က Single Mom တစ်ယောက်လည်း ဖြစ်ပြီး သူမရဲ့ သားလေးကို တစ်ယောက်တည်း မားမားမတ်မတ် စောင့်ရှောက်နေသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မယ်လိုဒီခေါင်က နေ့ခင်းကြောင်တောင်ကြီး ကားတံခါးဖွင့် ပိုက်ဆံအိတ်လုသူတွေနဲ့ ကြုံဆုံခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “အမလေး အခုဘဲကြုံလိုက်ရတဲ့အဖြစ်အပျက်

တစ်ခုပြောပြမယ် “အမလေး အခုဘဲကြုံလိုက်ရတဲ့အဖြစ်အပျက်တစ်ခုပြောပြမယ် ခေတ်ကြီးကတကယ် ခိုး ဆိုး လု နှိုက် လူမိုက်တွေပေါလာတယ်။ ကြားဘဲကြားဖူးတာကိုယ်တိုင်ကြုံရမှလန့်တော့တယ်။ ကျောက်မြောင်းကဒီဇိုင်နာဆီအသွား အဖေနဲ့အမေကကားမောင်းလိုက်ပို့တာ ကျောက်မြောင်းစတိုးရှေ့မှာကားရပ်လိုက်တာ။ သူ့ဆိုင်ရှေ့ကားရပ်စရာမရှိလို့ အဲ့ဒါနဲ့ ဖိနပ်ဗလာနဲ့ ရှပ်အင်္ကျီဖြူ ဘောင်းဘီတိုအသားရောင် ခပ်ဝဝ ယောကျာ်းတစ်ယောက် ခန့်မှန်းအသက် (၃၀)ဝန်းကျင်ရှိလောက်တယ် အမေနဲ့ကားပေါ်ကဆင်းလာတော့ Melodyတို့ကားကအောင်နိုင်ရေး အလံတပ်ထားတာ။ အဲ့တာနဲ့အဲ့ယောကျာ်းက

အမေ့ကိုလက်နဲ့လဲထိပြီး “အန်တီအဲ့အလံဖြုတ်လိုက်တော့ တဖက်ပါတီတွေလာတိုက်ခံရလိမ့်မယ်တဲ့” အမေက အကောင်းနဲ့ပြောတာနေမှာပါလေဆိုပြီးဖြုတ်ဖို့လုပ်တာကို အမေကတဘက်လက်မှာပိုက်ဆံအိတ်လွယ်ထားတော့ သူကရစ်သီရစ်သီနဲ့ အကြံနဲ့လုနှိုက်ဖို့လာပြောတာ” ” Melodyကအမေ့ကို ကိုယ့်လူမျိူးစကားနဲ့ အဓိပ္ပါယ်မရှိဘူး သူကဖိနပ်လဲမပါဘူး ပုံမှန်မဟုတ်တာသေချာတယ်။ အလံဘယ်သူမှမဖြုတ်သေးဘူး။ ဂရုစိုက်မနေနဲ့ပြောလိုက်တာ။ အမေလဲဂရုမစိုက်တော့ဘဲ သွားစရာရှိတာဆက်သွားမလို့လုပ်နေတဲ့အချိန်မှာ အဲ့လူလည်က အဖေ့ဆီထပ်သွားပြီး “ဦးရေအလံဖြုတ်လိုက်တော့ဘာညာဆက်ပြောနေတာ အဖေကသူစကားလာပြောတော့အကောင်းမှတ်ပြီး

မှန်ဖွင့်စကားပြောလက်ခံပေးနေတာ” အဲ့အချိန်မှာ Melodyလဲစိတ်မချလို့ကားကိုလှမ်းကြည့်လိုက်တဲ့အချိန် အဲ့လူလည်က”အဖေ့ကားတံခါးကိုဖွင့်ပြီးပိုက်ဆံအိတ်လုဖို့ပြင်နေတာ “သူ့လက်ကအဖေ့ကားတံခါးလက်ကိုင်မှာရောက်နေပြီ” ချက်ချင်းဘဲ အဲ့ကိုပြေးပြီး Melodyလဲ အော်ထည့်ပလိုက်တာ အဲ့လူကြီးကMelodyကိုတောင်မျက်စောင်းထိုးသွားပြီး သူမဟုတ်သလိုလှည့်ထွက်သွားတာ ” “အမလေး ဘုရားရေ မတွေးရဲစရာဘဲ Melodyသာလှည့်မကြည့်လိုက်ရင် ကားမှန်ဖွင့်ထားတဲ့အဖေနဲ့အဲရစ်လေးကိုဘာများလုပ်သွားမလဲမသိဘူး။ တော်ပါသေးတယ် ကားကကျောက်မြောင်းစတိုးရှေ့မှာရပ်တော့ အဲ့က Security ဦးလေးနှစ်ယောက်ကလဲ

မသင်ကာလို့ကြည့်နေတာသူ့ကို အားလုံးဘဲအထူးသတိထားကြပါနော် တော်တော်လန့်သွားတယ် အဖေနဲ့အမေ့ကိုလဲလုံခြုံမှုအပိုင်းမှာဘယ်လိုစိတ်ချရမလဲကိုမသိတော့ဘူး 😭😭အမျိူးမျိူးတွေးပြီး ပူထူနေတာအခုထက်ထိပါဘဲ” ဆိုပြီး သူမကိုယ်တိုင် ကြုံဆုံခဲ့ရတဲ့အဖြစ်ကို ပြောပြလာခဲ့ပါတယ်။ မယ်လိုဒီခေါင်ကတော့ နေ့ခင်းကြောင်တောင်ကြီးတောင် ခိုးဆိုးလုနှိုက်တဲ့အဖြစ်နဲ့ ကြုံဆုံခဲ့ရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးလည်း အစစအရာရာ သတိထားကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Melody Grace Khong’s Facebook

Add a Comment

Your email address will not be published. Required fields are marked *